Part-14(unicode)

1K 104 20
                                    

"ပျင်းလိုက်တာကွာ...
ဘာလုပ်ရင်ကောင်းမလဲ.....🤔🤔
....ဟာ့✨သိပီ..."

တူ.....တူ.....📲📲📞

"ဟယ်လို.."(တဖက်မှ အသံ)

"ဟိုလေ...ဒီနေ့ ကျွန်တော် မုန့်ပတ်ပီးသွားစားမလို့..."

"သွားစားပေါ့ ....ငယ်ရဲ့....
ခွင့်ပြုချက်တောင်းစရာမလိုပါဖူး..."

"ဘာလို့ ခင်ဗျားကို ခွင့်ပြချက်တောင်းရမှာတုန်း
ခင်ဗျားက ကျွန့်တော့ အုပ်ထိန်းသူ မို့လို့လား...
ဖုန်းဆက်တာက အသိပေးတာ မဟုတ်ဖူး...
ခင်ဗျားကို လိုက်ခဲ့ခိုင်းတာ.....
ရိုးရိုးလိုက်ခိုင်းတာ မဟုတ်ဖူးနော်
ကျွန်တော်စားသမျှ ရှင်းပေးရမှာ... သေချာထည့်လာခဲ့...ကြားလား
ဆရာဖြစ်ပီးတော့ မတွေးတော တက်လိုက်တာ...
ဒါလေးကို.....#$&#$:...."

အမလေး.....ဒါလေးမှားပြောမိတာကို
ပြောသွားလိုက်တာ....မနားတမ်းပဲ...
rapရွတ်နေတယ်တောင် ထင်တာ...
ဒီလို ကောင်လေးကို ဘယ်လိုများ ချစ်ခဲ့မိပါလိမ့်....
နမ်ဂျွန်းရေ....မင်းလည်းတော်တော် ရူးတာပဲ....
အခုတော့ ရူးတာကို အသာထား
ပိုက်ဆံအိတ်ထဲက money လေးတွေရေ....အမျှ အမျှ....

"ကျွန်တော် ပြောတာ နားထောင်နေလား....
ဖုန်းကိုင်ထားပီး စကားမပြောတာ ဘာအထာလဲ....
ဘာလဲ မတွေ့ရတာ တစ်ရက်ပဲ ရှိသေးတယ်...
ဟိုနေ့ကဖွင့်ပြောတာ ဘယ်သူလဲ...
စိတ်ကစားတာလား အပျော်ကြံတာလား...ဟမ်...ခင်ဗျား...."

ကျွန်တော့ကိုယ်တိုင်လဲ ဘာဖြစ်မှန်း မသိ...
တစ်ခြားသူတွေ ဘယ်လောက်ပဲ လျစ်လျုရှုပစေ
ကျွန်တော် ဘယ်လိုမှ မခံစားခဲ့။

အခုတော့ မတူသလိုပဲ...
သိပါတယ် ကျွန်တော်ချည်ပဲ ပြောနေလို့...
သူ့ဘက်က စကားမပြောသေးတာကို...

ဒါပေမဲ့ အခုလိုစကားတွေ ပြောလိုက်ရလို့
သူရင်နာမနာတော့ မသိဖူး...ကျွန်တော်...ကျွန်တော့ ရင်တွေ...နာတယ်....
တကယ်လို့များ...အပျော်တမ်းဖြစ်ခဲ့ရင်....
အား....ငါဘာတွေ တွေးနေမိတာလဲ..
မျက်ရည်တွေ...မျက်ရည် တွေက ဘာလို့ ကျနေရတာလဲ...

ကျွန်တော် တွေးနေရင်းနဲ့...
တဖက်က ကောင်လေးကို စကားပြန်မပြောမိ...
သူချည်ပဲ ပြောနေချင်းဆို ပိုမှန်လိမ့်မည်။
အခုပဲကြည့် သူ့ဘာသာတွေးပီး....
ပြောနေပြန်ပီ...

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Donde viven las historias. Descúbrelo ahora