part-18(unicode)

960 97 3
                                    

ဒီလိုနဲ့ ကျောင်းတက်ပီး သုံးပတ်မြောက်တဲ့အပတ်မှာ.....
Fresher welcomeကျင်းပမဲ့နေ့ ရောက်လာခဲ့တယ်။

တီ......တီ.....(ဖုန်းခေါ်နေခြင်း)

"9နာရီတောင် ထိုးတော့မယ်...
ဒီကောင်တွေ တစ်ကောင်မှ မလာကြသေးဖူး....
ငါတစ်ယောက် အားငယ်တာကွာ....."(j-hopeမှ)

ထိုအချိန်....
"ဟဲ..........လို......."

"ဟေ့ရောင် မင်းထူးတဲ့ ဟဲလိုဆိုတဲ့ အသံကလည်း
Busañနဲ့ Daeguလိုပဲ....
ဘာလဲ ကြားထဲမှာ အိပ်နေသေးတာလား...ဟမ်..."

"ဘာလဲကွာ.....အိပ်နေတာကို
လာနှောင့်ယှက်နေတယ်...."

"အော် မောင်မင်းကြီးသားရယ်...
ဒီနေ့ပွဲရှိတယ်လေ...မလာတော့ဖူးလား
မင်းရော ဂျောင်ကုရော မလာသေး‌လို့...
ငါ့မှာ ကျောင်းစောင့်နတ် ဖြစ်တော့မယ်...ယွန်ဂီရ..."

"အာ....ဟုတ်သားပဲ
ဒီနေ့ ကြိုဆိုပွဲ ရှိတာကို မေ့သွားတယ်။
‌နောက်ကျနေပီလား မသိဖူး...
ဟာ....သွားပါပီ....ကွာ...."

"အေး...မင်းနောက်ကျ....ကျ....ကျ.....(မဆုံးလိုက်...)

"ဂျီမင်းနဲ့ လည်ပတ်ဖို့ ချိန်းတာကိုကွာ...
‌ဒါပဲနော် ဟိုဆော့....."

တီ.........(the end)

ဟိုဆော့ ခင်မျာ ကျသွားတဲ့ ဖုန်းလေးကို ကြည့်ပီး
သူဘာပြောသွားတာ.....
သူ့ကို ဖုန်းဆက်နှိုးတာက ငါလေ
လျှောက်လည်မှာက ဟိုကောင်လေးနဲ့တဲ့လား...

ဂါး......မင်ယွန်ဂီ.....ခွေးကောင်....
ငါ့မှာတော့ တစ်ယောက်ကို ခေါ်လို့ ရလို့
ဝမ်းသာပီတိ ဂွမ်းစည်ထိနေတာကို.....
(ဟုတ်တယ်။ဟိုဘီလေးမှန်တယ်...*)

ရတယ်။မင်းဘာသာ့လျှောက်လည်ပေါ့။
ဂျောင်ကုနဲ့ ငါလျှောက်လည်မှာပေါ့....ဟွန့်...
(ဟိုဘီရေ....ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးနေမယ်နော်...*)

ထိုစဉ်....
ဖုန်းသံလေး မြည်လာခဲ့....
ဟိုဆော့ တစ်ယောက် ဖုန်းscreenပေါ် ကြည့်ကာ...
ပေါ်နေတဲ့ nameလေးကြောင့် ဝမ်းသာအားရလှမ်းကိုင်လိုက်သည်။

"အေး ပြော ဂျောင်ကုရား...."

"အော် hyung
hyungအခု ကျောင်းမှာလား..."

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Hikayelerin yaşadığı yer. Şimdi keşfedin