Part-16(zawgyi)

202 24 0
                                    

"ကဲ ဒီနေ့ တော့ ဒီလောက်ပါပဲ
အော် ဒါနဲ့ fresher welcome ရှိတယ်နော် နောက်တစ်ပတ်ထဲမှာ ကျောင်းရဲ့main buildingမှာ ကြိုဆိုပွဲ လုပ်မှာ ဖြစ်တယ်

ဈေးရောင်းပွဲတော်တွေ၊ သီဆို ဖျော်ဖြေမှုတွေလည်း ရှိတဲ့ အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်

ရပါပီ အတန်းဆင်းလို့ နှုတ်ဆက်ပါတယ် "

"ဟေ့ရောင် ဂျောင်ကု ထ....ထ..."

"ဟမ် ...ပီးသွားပီလား .....အင်း...(အပျင်းကြော ဆန့်လျက်) "

"အေးဟေ့ ပီးသွားပီ မင်းလည်း ထတော့
အိပ်နေတာများ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ "

"ဟိုဆော့ကလည်း ကျွန်တော့အတွက် စာသင်ခန်းလိုနေရာက
အိပ်လို့ အကောင်းဆုံးနေရာပဲ....အိမ်မှာတောင် အဲ့လောက်မကောင်းဖူး "

"အမလေး စာကြိုးစားချင်စိတ်က အပြည့်အဝပါလား
စာသံပေသံ ကြားတာနဲ့ အိပ်တယ်ဆိုတော့ ဟမ် "

"ဟဲဟဲ ဒါကတော့ ဝါသနာကိုး...."

"အေးပါ ဂျောင်ကုရယ် "

"ဟေ့ မင်းတို့ နှစ်ယောက်ကို ပြောပြစရာ ရှိတယ် "

"ဘာလဲ ပြော
ပြောပဲ ပြောနော် မပြနဲ့ မကြည့်ချင်ဖူး အစားစားချင်စိတ်ပျောက်လိမ့်မယ် "

"မင်းကြည့်ချင်တာ လာပြော‌မနေနဲ့ ‌ယုန်စုတ် "

"မင်းတို့ကလည်း အားနေ ကိုက်....အဲ အားနေ ရန်ဖြစ်နေတာပဲ တော်တော့ ပြောမှာ ဘာလဲ ပြော ယွန်ဂီ "

"စာသင်ချိန်တုန်းက ဆရာ နမ်ဂျွန်းနဲ့ ဟိုjinဆိုတဲ့ တစ်ယောက်နဲ့ ပရောပရည်လုပ်နေသလိုပဲ "

"အော် ဘာများလဲလို့ လုပ်ပါစေပေါ့
သူ့ဘာသာလုပ်တာလေ မင့်း လာလုပ်တာမှ မဟုတ်တာကို "

"အဲ့တာတော့ သိတာပေါ့ ယုန်စုတ်ရဲ့ ဒါပေမဲ့ ငါတို့ သူငယ်ချင်းလေ သူက
သူ့ကို လာစော်ကားတာဆို ငါတို့က ကာကွယ်ရမှာပေါ့ "

"‌အဲ့တာလည်း ဟုတ်တာပဲ
ငါတို့ jinကို မေးကြည့်ကြမယ်လေ
အဲ့တာဆို အဆင်ပြေတာပေါ့
လာ မုန့်သွားစားရင်းနဲ့ မေးကြည့်ကြမယ် "

"မုန့်သွားစားရင်း မေးလို့ မရဖူးကွ
ငါ တစ်နေရာ သွားစရာရှိတယ် "

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Tempat cerita menjadi hidup. Temukan sekarang