Part-20(End)unicode

1.7K 135 5
                                    

အို ဝိုး....အု....ဝို....‌ဟေ့....
အို...ဝိုး.....အု....ဝို...အု ....ဝို......(idol song)

Jinတစ်ယောက် အဖြေပေးရတော့မယ်ဆိုပီး
တက်ကြွ လန်းဆန်းကာ သီချင်းတွေ အော်ဆိုနေပါတော့တယ်။

"ဒီ handsome faceကြီးကြောင့် တော်ရုံလူ မကြိုက်ရဲ
ကျတာကြောင့် ခုချိန်ထိ ချစ်သူ မရသေးတာ.....
နောက်ဆုံးတော့......ရေး........ငါ 'အုံးလီးဝမ်း' မဟုတ်တော့ဖူးကွ.....ဟား.....ဟား......"

ရှေ့က ကိုယ်လုံးပေါ် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို အမွှန်းတင်နေတဲ့ jinပါလေ။

အင်းးးးး🤔🤔
ညထဲက ထုတ်ထားတဲ့ အကျီလေး....အဟိ.....

ချိုမြိန်တဲ့ ချစ်ခြင်းတွေ နဲ့ ချစ်မယ်လို့ ဖော်ဆောင်တဲ့
ပန်းရောင်လေး.....

အမလေး....ညထဲက ပြောလိုက်ရင် ရတာကို
ငါကလဲလေ...

အခုတောင် စိတ်လှုပ်ရှားလာပီ...

နှလုံးသားလေးရေ....‌ဖြည်းဖြည်းခုန်ပါ ဟ.....
_________

"I'm so happy......
very happy.......for this day......
I hope....that~~~
he's answer ~~~
Let it be what I want it to be~~~~~~"

နမ်ဂျွန်း တစ်ယောက် ရေချိုးရင်း.....
သူကိုယ်တိုင် သီကုံးထားတဲ့ သီချင်းလေး လတ်လတ်ဆက်ဆက်ကို ဆိုငြီးပီး.....နေ့တစ်နေ့ အစကို စတင်နေပါတယ်။

"အင်း....🤔
အခု ရေချိုးပီးပီ ဆိုတော့ အဝတ်အစားရွေးရမယ်။
ကော်လန်ပါတာ ဝတ်ရမလား
စတင်ကော်လံ ဝတ်ရမလား.....

ရာသီဥတုက အေးတယ်ဆိုတော့ ဆွယ်တာလေး ဝတ်ရမလား......

ခါတိုင်းလို ပေါ့ပေါ့ပါးပါး ပဲ ဝတ်ရမလား......

ဟူး~~~ဘာဝတ်ရမလဲ......

မျက်စိမှိတ်ပီး ရွေးလိုက်တော့မယ်...
ကျရာ ဝတ်တော့မယ်ကွာ....."

ဝှီ......ဝှီ......ဝှီ...(လေချွန်သံ)

"ဟာ....မေ့သွားပီ....
ရေမွှေးဖြန်းဖို့...."

"ဟဲ့ မမေ့ပါဖူးဟယ်
ငါတောင် ဒီနားကနေ အနံ့ရတယ်...."

"အမေကလည်း
သားအထင် သိပ် မမွှေးသေးဖူး။
နဲနဲလောက် ထပ်ဖြန်းလိုက်ဦးမယ်။"

"ပြင်လွန်းရင် ဖင်ချွန်းတတ်တယ်နော်..."

"တော်တော့။ဒီလောက်နဲ့သွားတော့....
နင် မသွားသေးရင် ငါမူးလဲတော့မယ်
အဲ့အနံ့တွေ ကြားထဲမှာ...."

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Tempat cerita menjadi hidup. Temukan sekarang