Part-12(zawgyi)

231 26 0
                                    

ယုန်ဗလ ရဲ့ ကြွေဆင်းမှုကြီးကို လက်တွေ့ မြင်ချင်တာကြောင့်
သူသွားတဲ့ နောက် လိုက်လာခဲ့လိုက်တယ်...
ဒီဇိုင်း မေဂျာ ရှေ့ရောက်တော့ ရပ်ပီး ဟိုရှာ ဒီရှာနဲ့ ရှာနေတဲ့ ယုန်ဗလ..
ဘာရှာနေလဲ မေးမလို့ ရှိသေး အရှေ့ကို ကြည့်ပီး ငုတ်တုတ်သေသွားတဲ့ ယုန်ဗလကြောင့် သူကြည့်ရာ လိုက်ကြည့်မိတော့ ရင်းနှီးနေတဲ့ ကိုယ်လုံးလေး အနောက်က ကြည့်တာတောင်...ရင်းနှီးမှုကို ခံစားမိနေတယ်...

ဘေးက ယုန်ကလဲ ကောင်လေး...ဆိုပီး ပြေးသွားတော့...
ကိုယ်လဲ သိချင်တာရှိတာကြောင့် သူ့နောက်ကို ပြေးလိုက်မိသည်...

ရှေ့ကိုရောက်တော့ သေချာပါသည် တကယ့်ကို ပေါက်စပါလေ...
ကျွန့်တော်ကို တွေ့တော့ အံဩမှု များစွာကြောင့် ပွင့်ဟလာတဲ့ ဆေးသားမကူပဲ ရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေး...အဟမ်း...အဟမ်း..ကိုယ့်အတွေးကို ပျောက်လို ပျောက်ငြား ချောင်းဟန့်မိသည်။

ရှေ့က ပေါက်စကတော့ အဆင်ပြေရဲ့လားတဲ့လေ...

မပြေဖူး ပေါက်စကို နမ်းချင်တဲ့ ရောဂါရနေတယ် ‌လို့ပြောလိုက်ရင် အငွေ့ပျံပီး ပျောက်သွားပေလိမ့်မည်။အဲ့လောက် အရှက်ကြီးသည်တဲ့လေ....ဘေးဘက်ကိုလည်း ကြည့်တော့ ကျွန်တော်တို့ကို ရှိတယ်လို့ပင် မထင်။အခွင့်အရေးပေးလာတော့ အသုံးချရသေးတာပေါ့။

"လာ...ပေါက်စ..ဆိုပီး ပေါက်စရဲ့ လက်ဖောင်းဖောင်း လုံးလုံးလေးကို ဆွဲပီး ကျောင်း ပန်းခြံ ဘက်ကို ပြေးလာခဲ့လိုက်တယ်။"

ရင်ဘတ်ကို ဖိပီး အသက်ရှုနေတဲ့ ပေါက်စပုံလေးက အသည်းယားစရာ အတိ....မောနေတာကြောင့် ချွေးစလေးတွေ နဖူး ပေါ်မှာ တွဲခိုနေပီး အနည်းငယ်ရဲနေတဲ့ ပါးလေး၂ဖက်ကလဲ မပါမဖြစ်...နှုတ်ခမ်းဖူးဖူးလေးကလဲ လေကို ရှုနေသေးသည်။ လေရှုတာတောင် အဲ့လောက် လှနေဖို့ လိုလား ပေါက်စရယ်...

ပန်းခြံ ရဲ့ ရေပန်းနားက အုတ်ခုံပေါ်မှာ ပေါက်စကို ထိုင်ခိုင်းပီး အနီးနားက စတိုးဆိုင်က ရေသွားဝယ်ပေးလိုက်သည်။

"ရော့...စောင့်ရတာ ကြာသွားလား.."

"မ..မကြာပါဖူးဗျ.."

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Tempat cerita menjadi hidup. Temukan sekarang