Part-3

778 60 0
                                    

အဖွားဒီအကွက်တွေထုတ်သုံးတော့မည်ဟုရိပေါ်သေချာပေါက်သိနေသည်။ဖွားကသူ့နှလုံးရောဂါကိုအကြောင်းပြရင်းရိုးရာလက်ထပ်ပွဲကိုဖန်တီးသည်။အိမ်အတူတူနေနေကြပြီးအဆင်ပြေနေသည့်အတွက်မထူးဟုဆိုကာတဆင့်တက်ရင်းဘိုးဘွားကန်တော့အသိအမှတ်ပြုကြဖို့စီစဉ်သည်။အမျိုးသားနှစ်ဦးမလို့စာချုပ်နှင့်တရား၀င်လက်ထပ်ပေးလို့မရသည့်အတွက်မိတ်ဆွေတွေကိုဖိတ်ကာဧည့်ခံပွဲပြုလုပ်‌ေကြငြာသည်။
ရှောင်းဖွားဖွားကိုသတိရသည်ဆိုကာငိုလိုက်ပြောလိုက်နှင့်သူတို့နှစ်ဦး၏လက်တွေကိုမလွှတ်။
ပြီးတော့တစ်ဦးကိုတစ်ဦးချစ်ခင်ဂရုစိုက်ဖို့အထပ်ထပ်မှာကြားရင်း၊မင်္ဂလာကုတင်ပြင်ဆင်‌ေပးခဲ့ပြီး၊ဖွားဖွား‌ေရှာင်း‌ေခါင်းချရာနယ်မြို့လေးသို့ပြန်သွားသည်။
ရိပေါ်မငြင်းနိုင်ခဲ့ပါ။
ချစ်သူကိုအကျိုးအကြောင်းပြောရင်းလမ်းခွဲတော့မျက်ရည်ကျရသည်။
စိတ်ညစ်ညစ်နှင့်အိမ်အသစ်ကိုပြန်ခဲ့တော့၊မတုန်မလှုပ်ယုန်လူအေးကသူ့ကိုဧည့်ခန်းမှာစောင့်နေပုံရသည်။
"ရိပေါ်"
"ပြောစရာလေးရှိလို့"
....
"ပြောပါ Mr Xiao"
"ကောကိုရှောင်းကျန့်၊ဒါမှမဟုတ် အကိုကျန့်တခုခုခေါ်ပါလား"
"ဟုတ်..ကျန့်ကော..ပြောပါ...ပြောစရာရှိတာကနာမည်ပြောင်းခေါ်ဖို့လား"
"အဲ..မဟုတ်ဖူး..မဟုတ်ပါဘူး..ကောပြောချင်တာကကောတို့ချင်းနားလည်မှုလေးတခုလုပ်ထားချင်လို့"
"နားလည်မှု??"
"အင်း....ရိပေါ်ကကောကိုမချစ်ဖူးလေနော်"
"ဗျာ"
"အဲ..ကောပြောတာက ..ကောကလည်းရိပေါ်ကိုမချစ်ဖူးလေ"
ရှောင်းကျန့်ပြောရင်းလည်တယ်ပူတယ်တွေဖြစ်ပြီးချွေး‌ေတွပြန်လာသလို။ရှေ့ကပေါက်စီလုံးလေးကလည်းမျက်ခုံးတွေပင့်ရင်းစူပုတ်နေလေပြီ။
"အဲ့တော့.."
"အင်း..အဲ့တော့‌ေကာက‌လေ...ရိပေါ်ကိုမနှောက်ယှက်ပါဘူး..ပြီးတော့..ပြီး‌ေတာ့...ရိပေါ်လမ်းခွဲချင်ရင်အချိန်မရွေးပြောပါ.. ကောထွက်သွားပေးမယ်။အဲ့တာလေးပြောပြချင်လို့စောင့်နေတာ"
မပြောစဖူးစကားတွေရှည်နေသောထိုယုန်ကြီးကိုရိပေါ်အခုမှသတိထားကြည့်မိသည်။
တွေ့စကယုန်နှင့်တူတာသတိထားမိခဲ့ပေမဲ့သေချာကြည့်တော့၊
ကြည်လင်နေသည့်မျက်၀န်း၊ဖြူစင်လွန်းသည့်အပြုံးတွေနှင့်အတူ နှုတ်ခမ်းအောက်ကမှည့်နက်လေး။အတော်ချောသည့်ယုန်ကြီး။
နားလည်မှုယူမယ်ဆိုပြီး။ကြောက်ကြောက်လန့်လန့်နှင့်ကတိတွေစွတ်ပေးနေပုံကအူယားစရာ။
တကယ်ဆိုနှစ်ယောက်လုံးမငြင်းလို့ထူထောင်လိုက်ရသည့်အိမ်ထောင်ရေးမလို့သူ့အပစ်လည်းမကင်း။
ဒါကိုယုန်လူအေးကတဖတ်သတ်တောင်းပန်နေသေးသည်။
"ကျွန်တော်လည်းကျန့်ကောကိုအနှောက်အယှက်မဖြစ်စေရပါဘူး...ဖွားကျန်းမာရေးလည်းကျန့်ကောသိတဲ့အတိုင်း..ဖွားမရှိတော့တဲ့အခါကျွန်တော်ကျန့်ကောကိုလမ်းခွဲပေးပါ့မယ်"
မပြောစဖူးစကားတွေအရှည်ကြီးပြောပြီးနားအေးပြီထင်ကာမှဇာတ်လမ်းကစသည်။
✍️✍️✍️✍️✍️
မင်္ဂလာအိမ်ဆိုပြီးရွှေ့ပေးခဲ့သည့်အိမ်မှာ
နှစ်ယောက်အိပ်ကုတင်ကြီးကအခန့်သား။လုံးချင်းအိမ်လေးမှာနေချင့်စဖွယ်လေးဖြစ်သော်လည်း၊အိပ်ခန်းကတစ်ခန်းသာပါသည်။
သူ့အရင်သတိထားမိပုံရသည့်ယုန်လူအေးကသူနှင့်စကား‌ေပြာ‌ေနချိန်တည်းကညအိပ်၀တ်စုံလေးလဲပြီး‌ေခါင်းအံုးကိုပိုက်ကာဧည့်ခန်းထဲTVကြည့်နေခဲ့သည်။
သူရေချိုးပြီးတော့အနားယူမည်ဆိုမှကုတင်တလုံးတည်းဆိုတာသတိထားမိသည့်အဖြစ်။
"ရိပေါ်..ကောကဘောလုံးပွဲ၊ညပွဲတွေ‌ေစာင့်ကြည့်ရင်းအပြင်မှာအိပ်မှာ...‌.နားတော့"
ထိုလူဆီကအသံကြားမှရိပေါ်ရင်ထဲအေးသွားသည်။တော်သေးတာပေါ့ဘောလုံးရူး၊TVရူးနဲ့မလို့၊ကုတင်လုမနေရတာ။နှစ်ယောက်ဆိုဘယ်လိုမှအိပ်ပျော်မည်မဟုတ်။သူကတစ်ယောက်တည်းသာအိပ်တတ်သည်။
ရှောင်းယုန်ကြီးရေ၊ဘောပွဲရူးကြီးရေကျေးဇူးပါဟုတိုးတိုး‌ေရရွတ်ပြီး‌ေနွး‌ေနွး‌ေထွး‌ေထွးအိပ်ပျော်သွားခဲ့သည်။
ဧည့်ခန်းတွင်တော့TVကဘာလာနေမှန်းမသိ၊TVဖွင့်ရက်ကြီးဆိုဖာပေါ်တွင်ကွေးကွေးလေးအိပ်နေသောယုန်ကလေးတစ်ကောင်။

ဆုံနိုင်ခွင့် (Completed)Where stories live. Discover now