ဒီနေ့အစည်းအဝေးကအရေးကြီးသဖြင့်ရိပေါ်တယောက်အားတင်းကာCompanyသို့ထွက်ခဲ့သည်။
Meeting ချိန်ကွက်တိရောက်သည်မလို့အခန်းထဲမှာရှယ်ရာရှင်အားလုံးရောက်နှင့်ေနကြသည်။
"ကော"
သူေသမတတ်လွမ်းနေရသည့်လူသားလေးကရှယ်ရာရှင်အစည်းအဝေးသို့ရောက်ရှိနေခဲ့သည်။
ဦးလေးချန်းနှင့်စကားတပြောပြောရှိနေသည်ကိုကြည့်ခြင်းဖြင့်ဒီတခါဥက္ကဌသစ်ရွေးပွဲမှာ
ကောကိုချန်းအုပ်စုကစည်းရုံးနိုင်ခဲ့ပြီဖြစ်လိမ့်မည်။
ဖွားတို့နှစ်ယောက်တ၀က်စီမျှတစွာပေးခဲ့တာမလို့၊ကောရဲ့ရှယ်ရာကနည်းသည့်ပမာဏမဟုတ်မှန်းသူသိသည်။
ကောသာစိတ်ရှိလျှင်သူကဥက္ကဌရာထူးကိုအသာတကြည်လွှဲရုံပင်။
(တခါတခါအရင်လိုအင်/ယာဘ၀လေးကမှစိတ်လက်ပေါ့ပါးရှိသေးသည်ဟုထင်မိသည်)
ကောကလုပ်ငန်းကိုစိတ်မ၀င်စား၍ဦးစီးပါဆိုလာသည်မို့၊ခက်ခဲသည့်ယခုအချိန်မှာပင်(ကောစိတ်ပင်ပန်းရမည်စိုးသဖြင့်)အကြောင်းမကြားခဲ့ခြင်းပင်။
ယခုတော့ကောကိုယ်တိုင်ကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ေလပြီ။
မိန်မိန်တို့သားအဖ၊ သူ နှင့်ချန်းအုပ်စုကြားကသံုးပွင့်ဆိုင်အာဏာလုပွဲမှာ
ေကာပါ၀င်လာသည့်အတွက်ချန်းအုပ်စုကအနိုင်ရမှာသေချာသလောက်ရှိလေပြီ။(မိန်မိန်တို့သားအဖကလည်းမျက်နှာပျက်လျက်ရှိသည်)"ကဲ..နောက်ဆုံးဆုံးဖြတ်ချက်ေလးမချခင်ဦးလေးချန်းတို့ဘက်ကတင်ပြစရာလေးရှိပါတယ်။
ဦးတို့ချန်းအုပ်စုကဥက္ကဌရာထူးကို ဥက္ကဌ၀မ်ကိုပဲဆက်လက်တာ၀န်ယူစေလိုပါတယ်....
ဒါပေမဲ့အခုရှယ်ရာပိုင်ဆိုင်မှုတွေအရဒုဥက္ကဌရာထူးကိုတော့ယဲ့မိသားစုဆီကနေ ...
ချန်းမိသားစုဘက်ကိုလွှဲပေးဖို့တောင်းဆိုရပါလိမ့်မယ်"
"ပြီးတော့ Mr.Xiaoရဲ့ကတိစကားအရလည်း
သွင်းကုန်/ထုတ်ကုန်ပိုင်းကို ဒုဥက္ကဌလက်အောက်ကနေကိုင်တွယ်ခွင့်တောင်းခံလိုပါတယ်"
တောင်းဆိုသူ၊လိုက်လျောသူ၊အားမတန်၍မာန်လျော့ရသူစသည်ဖြင့်အားလုံးဆွေးနွေးပြီးတော့၊
အစည်းအဝေးကိုအဆုံးသတ်ကြသည်။
ရိပေါ်ကတော့ဖြူဖျော့စွာနဲ့ရှယ်ရာရှင်အားလုံးကိုနှုတ်ဆက်ပြီးတစုံတယောက်ကိုလိုက်ရှာမိတော့
ကောကသူ့ကိုပင်နှုတ်မဆက်ပဲပြန်သွားခဲ့သည်။
နွမ်းလျစိတ်နဲ့အတူ
အိမ်သို့သာခပ်ဖြေးဖြေးပြန်လာခဲ့သည်။
✍️✍️✍️✍️✍️
အိမ်တံခါး၀မှာရပ်နေသည့်ယုန်လူအေးက
တခါကသူ့ဘ၀ထဲကို၀င်လာခဲ့ဖူးသည့်ပုံအတိုင်းအထုတ်ပလုတ်တချို့နှင့်အတူအေးမြသည့်အပြုံးတို့နှင့်။
"ကော"
"အင်းးရိပေါ်..ကောလေဒီကိုTrainingလာတက်တာ..အဲ့ဒါ..ဟို
ဟိုတယ်တွေကလည်းမတည်းချင်လို့လေ...
ရိပေါ်အိမ်မှာနေလို့ရမလား...စိတ်အနှောက်အယှက်မဖြစ်စေရပါဘူး"
သူခေါင်းငြိမ့်ပြတော့၊ရွှင်ပြုံးစွာအိမ်ထဲသို့၀င်သည်။
စိတ်ရှိတိုင်းဆိုလျှင်အနောက်ကနေထွေးလို့ပွေ့ဖက်လိုက်ချင်သည်။
လွမ်းနေခဲ့တာ၊လွမ်းနေရတာ။
ကျွန်တော်သေမတတ်လွမ်းနေခဲ့တာဟုဖက်ဖက်ပြီးငိုပစ်လိုက်ချင်သည်။
သို့သော်စကားတို့ကထွက်မလာ။
(ကျန်းမာရေးမကောင်း၍ထင်သည်၊စိတ်တို့ကအရင်ထက်၀မ်းနည်းလွယ်လာသည်။)
အခန်းထဲေရာက်ေတာ့မျက်ရည်တွေကိုခိုးသုတ်ရင်း၊ဒီလိုအချိန်လေးကိုခဏဖြစ်ဖြစ်ပြန်ပိုင်ဆိုင်ခွင့်ပေးသည့်ဘုရားကိုကျေးဇူးတင်မိသည်။
ခင်ဗျားကပြန်၀င်လာခဲ့တာနော်။
ကျွန်တော်ဒီတခါတော့လက်မလွှတ်တော့ဘူးကောရေ။
✍️✍️✍️✍️✍️
အစည်းအဝေးမှာစကားပြောခွင့်မသာခဲ့သလို၊ရိပေါ်အိမ်ပြန်မရောက်ခင်ကြိုစောင့်နေရအောင်
အထုတ်ပလုတ်တွေသယ်ရသေးသည်မလို့နှုတ်မဆက်နိုင်ခဲ့။
သူပြန်မရောက်မချင်း၊အိမ်မှာအရင်လိုေပးနေပါ့မလားဟုစိတ်ကလည်းပူရသေးသည်။
ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး Trainingတက်နေသည်ဟုဖြစ်သွားရသည်ကိုရယ်ချင်မိသေးသည်။
နေမကောင်းသည့်ငေပတူးကေလးကိုဂရုစိုက်ရမည့်Trainingဖြစ်မည်ဟုတွေးရင်းသဘောတွေကျမိသည်။
ကလေးကမနှင်ထုတ်မချင်းအိမ်ပေါ်ကဆင်းမည့်စိတ်ကူးလုံး၀မရှိ။
ကလေးနှင့်နီးနိုင်ဖို့သူလှမ်းနိုင်သမျှလှမ်းခဲ့မည်။
ကျန်တာကတော့ကံတရားအလိုတိုင်းသာ။
✍️✍️✍️✍️✍️
ညနေထမင်းစားချိန်အထိရိေပါ်အခန်းထဲကထွက်မလာသည်မလို့သူစိတ်မကောင်းဖြစ်ရသည်။
ကလေးကသူ့ကိုရှောင်နေသည်လား။
သူနဲ့အတူရှိနေရတာစိတ်များကျဉ်းကြပ်နေသလား။
အို..စိတ်ကျဉ်းကြပ်လည်းမတတ်နိုင်၊နေမကောင်းသည့်သူကအခုထိညစာမစားရင်ဘယ်လိုလုပ်မလဲဆိုသည့်စိတ်နှင့်တံခါးကိုခေါက်မိသည်။
"ရိပေါ်"
"ကလေး"
"ညနေစာစားရအောင်လေ.."
လှုပ်ရှားသံသဲ့သဲ့ကြားရပြီးတံခါးလာဖွင့်သည့်သူ့အာပေတူးကလေး ။
ဗိုက်ကိုလက်တဖက်နဲ့ဖိထားပြီး၊ဖြူဖျော့နေပေမယ့်သူ့အတွက်တော့မြတ်နိုးဖွယ်ကောင်းလှသည်။
"ကျွန်တော် ထမင်းမစားချင်လို့ကော...
Sorryပါ..ပင်ပန်းတော့နားချင်နေလို့"
"ထမင်းမဟုတ်ဖူး..ကောလေ
ဟို...ကောလည်းထမင်းမစားချင်လို့..ငါးရံ့ဆန်ပြုတ်လေးလုပ်ထားတယ်၊ဆိတ်သားခြောက်ဖုတ်မွမွလေးနဲ့စားလိုက်ပါလား....နော်
စားပြီးမှနားတော့လေ"
ငါးရံ့ဆန်ပြုတ်ဆိုမှ
မျက်လုံးအရောင်လတ်သွားသည့်ကလေးငယ်ကထမင်းစားစားပွဲပေါ်၀င်ထိုင်တော့သည်။
သူသိတာပေါ့။ကလေးငယ်ရဲ့အကြိုက်တွေ။
နေမကောင်းလျှင်စားချင်လေ့ရှိသည့်အစားအသောက်လေးတွေ။သူသိပ်သိတာပေါ့။
အခုလည်းဆန်ပြုတ်ကိုဖြေးဖြေးချင်းသောက်နေတဲ့ကလေးငယ်၏ဇွန်းထဲကိုဆိတ်သားခြောက်လေး၊ကြက်မွေကြာ်လေးထည့်ပေးနေရင်း
ငေးနေမိသည်။
"ကောလည်းစားလေ"
"အင်းးစားတယ်..ကောကခုဏကလည်းစားထားသေးလို့..ကလေးစားရအဆင်ပြေလားး...
ကောဘာချက်ပေးရမလဲ...
မနက်လည်းအလုပ်ရှုပ်လို့ဆန်ပြုတ်ပဲလုပ်မယ်နော်"
"ကော"
".."
"ကျွန်တော်နေမကောင်းတာသိလို့
လာတာမဟုတ်လားဟင်.....
ဖြေလေ...ကော"
"ဘယ်တော့ပြန်ထွက်သွားဦးမှာလဲ"
"ဘယ်ချိန်ထိကျွန်တော့နားမှာရှိမှာလဲ"
"ကျွန်တော့်ကိုမထားခဲ့နဲ့တော့နော်ကော
....ကျွန်တော်ရူးသွားလိမ့်မယ်"
![](https://img.wattpad.com/cover/236339722-288-k352229.jpg)