ရိပေါ်တစ်ယောက်အလုပ်ထဲလည်းစိတ်မ၀င်စားနိုင်၊သူထွက်လာချိန်အထိကောကအဖျားငွေ့ငွေ့ရှိသေးတာမလို့စိတ်ကအိမ်သို့သာရောက်နေသည်။
ခွင့်ယူချင်သော်လည်း၊ဒါဏ်ရာကြောင့်နားရပြီးနိုင်ငံခြားခရီးလည်းသွားထားရတာမလို့အလုပ်တွေကမပြီးနိုင်။
ညနေရုံးဆင်းဆင်းချင်းအိမ်သို့သာအပြေးပြန်ခဲ့သည်။
ခြံထဲ၀င်လိုက်သည်နှင့်သူ့မြတ်နိုးရာေလးကိုသူလှမ်းတွေ့ရသည်။
ညနေဆည်းဆာချိန်အလှနဲ့လိုက်ဖက်စွာပင်တည်ငြိမ်လွန်းသည့်၊(အနွေးထည်လေး၀တ်ပြီး၊နားကြပ်လေးတပ်ကာ)၊အပင်တွေရေလောင်းနေသောယုန်လူအေးအနားကိုသူသတိမထားမိပဲရောက်သွားမိသည်။
"ဗုဒ္ဓေါ..အ"
သူ့ကိုရုတ်တရက်တွေ့လိုက်၍လန့်ပြီးအနောက်ကိုဆုတ်ရာက၊ခြေနင်းထားသောကျောက်ပြားလေးတွေကနေချော်ပြီးလဲမလိုဖြစ်သွားတာကြောင့်သူအလျင်အမြန်ပဲလှမ်းဆွဲလိုက်ရသည်။
ရိပေါ်လက်တို့ကကျန့်ကော၏ခါးသေးသေးလေးကိုအမှီဖမ်းဆွဲရာကအရှိန်မထိန်းနိုင်ပဲမြက်ခင်းေပါ်သို့နှစ်ေယာက်လံုးလဲကျေလေတာ့သည်။ကံဆိုးချင်တော့ရိပေါ်ကအောက်ကကျပြီးအရင်ခြေထောက်ဒါဏ်ရာကိုထပ်ထိတော့သည်။
အဲ...ကံကောင်းချင်တော့ထိုဒါဏ်ကနာကျဉ်ရမှန်းမသိအောင်ပင် မိန်းမူးစေသောနူးညံ့သည့်နှုတ်ခမ်းတစုံကလည်းသူ့နှုတ်ခမ်းပါးတို့အပေါ်ကျရောက်ခဲ့သည်။
သူ့ရင်တွေထိန်းမရအောင်ခုန်လာသည်။
ဘ၀မှာသူမသိခဲ့ေသးတဲ့အချိုမြိန်ဆုံးအရာတွေရှိေနပါသေးလားဟုရိပေါ်တယောက်တွေးနေမိသည်။
ထိုချိန်မြိန်မှုတွေကိုအမြဲအပိုင်ရချင်လိုက်တာဟုလည်းလောဘတက်နေမိသည်။
"ရိပေါ်..ရိပေါ်ရရဲ့လား
Sorryပါ ကောသတိမထားလိုက်မိလို့နော်...
နာသွားလားဟင်"
မျက်နှာတွေသာမကနားရွတ်ေတွပါနီရဲနေသောသူ့ယုန်ကလေးကတော့သူ့အတွေးမဲမဲတွေကိုသိပုံမရပဲတောင်းပန်၍သာနေသည်။
"အာ..အင်း..ရတယ်
ကောရော..ဘယ်နားနာသွားသေးလဲ"
"ကောကမနာဘူး..ရတယ်..
အာ့ဆိုကောအထဲ၀င်တော့မယ်နော်"
ရင်တွေခုန်နေသောယုန်တကောင်ကတော့ရှက်ရှက်နဲ့အိမ်ထဲသို့အမြန်၀င်ပြေးပြီး၊အပြင်ဘက်တွင်ကျန်ခဲ့သည့်တစ်ေယာက်ကတော့နှုတ်ခမ်းဖျားကိုလက်နှင့်ထိကိုင်ရင်းပြုံးပြုံးကြီး(ထော့နဲ့ထော့နဲ့)နှင့်အိမ်ထဲသို့၀င်တော့သည်။
✍️✍️✍️✍️✍️
ကောခရီးကပြန်လာသည့်ရက်မှစပြီး(ရွှေဧည့်သည်လာပြီးကတည်းက)စကားမပြောဖြစ်သလောက်နည်းသောသူတို့နှစ်ယောက်ကြား၊ဒီနေ့ကိစ္စဖြစ်ပြီးပိုတိတ်ဆိတ်နေကြသည်။
အရင်ကကုတင်ပေါ်ရောက်သည်အထိစကားတပြောပြောရှိသော်လည်း၊ခုတော့တိတ်ဆိတ်မှုသာကြီးဆိုးနေသည်။
နောက်ပိုင်းရက်တွေလည်းကောကသူ့ကိုသိသိသာသာရှောင်နေခဲ့သည်။
သူကလည်းအလုပ်တွေရှုပ်နေသဖြင့်၊အခြေအနေကစိမ်းလှသည်။
ဒီညနေလည်းအလုပ်စောဆင်း၍အိမ်ပြန်မည်ဆိုမှ "မိန်မိန်"ကဖုန်းဆက်လာတာမလို့သူအိမ်နှင့်အနီးဆုံးCafe ဆိုင်တခုကိုချိန်းလိုက်သည်။ဟိုနေ့ကအိမ်မှာပြောစရာရှိတာအားလုံးပြောပြီးသွားပေမဲ့လက်လျော့နိုင်ပုံမရတာကြောင့်၊ဒီနေ့တော့သူကောကိုချစ်မိနေတဲ့အကြောင်းဖွင့်ပြောပြီးအပြတ်ငြင်းဖို့ရည်ရွယ်သည်။
သူ့ကိုကောကချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေ။
သူကတော့တခြားတယောက်ကိုမချစ်နိုင်တော့တာသေချာသည်။
ကောကဘ၀ကိုတစ်ယောက်တည်းဖြတ်သန်းလိုလျှင်သူတားမည်မဟုတ်သော်လည်း၊
သူကတော့ကောမဟုတ်သည့်မည်သူနှင့်မျှဘ၀ကိုမဖြတ်သန်းလိုတော့ပါ။
✍️✍️✍️✍️✍️
ရှောင်းကျန့်တယောက်သူ့ရှေ့ကမြင်ကွင်းကိုတွေတွေကြီးကြည့်နေမိသည်။
ချစ်သူရှိမှန်းလည်းသိသည်၊လမ်းခွဲပေးရမည်ကိုလည်းနားလည်သည်။
သူတို့နှစ်ယောက်တွေ့ကြတာသဘာ၀ပဲဟုဦးေနှာက်ကဆိုသော်လည်း၊နှလုံးသားကနင့်နေအောင်နာကျဉ်သည်။
ကောင်မလေးကရိပေါ်မရှိရင်မနေနိုင်ပါဟုဆိုသည်။
ရိပေါ်ကိုယ်တိုင်ကမင်္ဂလာဦးညမှာမျက်လုံးတွေရဲသည်အထိငိုလာတာမြင်ခဲ့ဖူးသည်။
ကောင်လေးနဲ့ကောင်မလေး၊ချစ်သင့်သည့်ချစ်သူနှစ်ဦးကြားသူသာမရှိရင်ဘယ်လောက်တောင်ပျော်ရွှင်နိုင်ကြမည်လည်းဟုသူတွေးမိသည်။
သူတောင်ဒီလောက်ချစ်မိလျှင်၊ထိုမိန်းကလေးကဘယ်လောက်ချစ်ရှာမည်လည်း။
သူသေချာနားလည်ပါသည်။
နှုတ်ခမ်းဖျားခြင်းအထိအတွေ့ကိုပင်ရူးလောက်အောင်မြတ်နိုးရင်ခုန်ရတာမလို့၊ပိုင်ဆိုင်ရလျင်ဟုလောဘမတတ်မိခဲ့ပါဟုသူပြောလျင်သူလိမ်ရာကျမည်။
(ကောင်မလေးကိုယ်တိုင်ကလည်းသူတို့နှစ်ယောက်ကအဆုံးစွန်ပတ်သတ်ခဲ့ဖူးပါသည်ဟုဆိုလာခဲ့သည်မို့ပိုင်ဆိုင်ချင်ရှာမည်)
အခုလည်းကလေးတွေဆုပေးဖို့လက်ဆောင်လေးတွေ၀ယ်ရင်းCafe ဆိုင်လေးထဲကစုံတွဲလေးကိုသူမြင်ခဲ့ခြင်းကပင်သူ့ကိုလောဘမတက်အောင်ဘုရားကသတိပေးလိုက်ခြင်းဟုသူမှတ်ယူလိုက်ပါတော့မည်။
နှလုံးသားကမည်မျှပင်တားဆီးစေကာမူ။
အသိစိတ်တို့ကစွန့်လွှတ်ဖို့ဆုံးဖြတ်စေခဲ့ပြီဖြစ်သည်။
![](https://img.wattpad.com/cover/236339722-288-k352229.jpg)