Part-5

665 54 0
                                    

ရိပေါ်တယောက်Dream bedပေါ်လဲလျောင်းနေရင်းမှဧည့်ခန်းထဲကစာသင်သံတချို့ကိုနားစွင့်နေမိသည်။
ရှောင်းကျန့်ကရိပေါ်ဒါဏ်ရာရသည့်နောက်ရက်မှစ၍သင်တန်းနှင့်စာပြသည့်အိမ်တွေကိုမသွားတော့ပဲ။ရိပေါ်ကိုခွင့်တောင်းကာကလေးတွေကိုသူတို့အိမ်‌ေလးသို့စာခေါ်သင်နေသည်။သူ့ကိုစိတ်မချလို့စီစဉ်မှန်းသိနေ၍ရိပေါ်ငြင်းစရာမရှိ။
နိုင်ငံခြားမှာနှစ်ရှည်နေခဲ့သည့်ရိပေါ်အဖို့ eng pronunciation မျိုးစုံကြားဖူးခဲ့သော်ညား၊သူ့အိမ်ကဆရာလေး၏လေယူလေသိမ်းလေးကိုနား‌‌ေထာင်ရခြင်းကို‌ေတာ့တစ်မျိုးသဘောကျမိနေသည်။
ယခုလည်းCD player လေးထဲကListeningသင်ခန်းစာလေးဖွင့်ပြလိုက်။ဆရာတပည့်သုံးဦးDiscussလုပ်လိုက်၊သင်ကြားနေသည်ကိုမျက်လုံး‌‌ေတွမှိတ်ရင်းနားထောင်နေမိသည်။
"ခဏနော်"
စာသင်သံရပ်သွားသည်ကိုသိ‌သော်လည်းဆေးအရှိန်နှင့်မှိန်းနေရာကကိုယ်ပေါ်ကျလာသောစောင်နုနု၏နွေးထွေးမှုကြောင့်အမျိုးအမည်မသိသည့်ရင်ခုန်သံနှင့်အတူကြည်နူးသွားရသည်။

ရှောင်းကျန့်ကတော့ရိ‌ေပါ်ကိုစောင်လေးကမန်းကတန်းလာခြုံပေးပြီး၊စာသင်ရာသို့ခပ်သွက်သွက်လေးပြန်လျောက်သွားလိုက်သည်။
နွေးထွေးသည်။
သက်သောင့်သက်သာရှိသည်။
ရှောင်းကျန့်ကိုအဓိပ္ပါယ်ဖွင့်ဆိုပါဆိုလာလျှင်ထိုသို့ဖွင့်ဆိုပါမည်။
✍️✍️✍️✍️✍️
"အင်္ဂလိပ်စာကပြောရင်းနဲ့မှအကျင့်ဖြစ်မှာ"
"ကဲ...အဲ့ဒါဆိုသင်ခန်းစာထဲက ဂျွန်ရယ်၊စမစ်ရယ်ကသူတို့အသက်ကြီးလာရင်ဖြတ်သန်းချင်တဲ့ဘ၀ပုံစံတွေကိုပြောပြသွားတာကြားတယ်နော်"
"လုံလုံလေးကရောအသက်ကြီးလာရင်ဘာတွေဖြစ်ချင်လည်း ဆရာ့ကိုပြောတတ်သလောက်ပြောပြပါဦး"
"...."
"...."
"ကဲမော့မော့ကရောပြောပါဦး"
"သားကတော့ လုံလုံကဆရာ၀န်ဖြစ်ချင်တာမလို့၊လုံလုံ့အတွက်ဆေးရုံကြီး၀ယ်ပြီးဆေးရုံပိုင်ရှင်လုပ်မှာ"
"ဝိုးး"
သူတို့ဆရာတပည့်တွေဆွေးနွေးနေရာကိုခေါင်းထောင်ကြည့်မိတော့။
အံ့ဩဟန်နှင့်သဘောကျဟန်ရောထွေးကာရယ်နေသောယုန်လူေအးက‌ေမာ့‌ေမာ့ဆို‌ေသာခလေးလေးခေါင်းကိုဖွဖွလေးပွတ်ရင်းပြုံး၍နေသည်။
ထိုအပြုံးတွေကသူကို့ငေးကနဲဖြစ်သွား‌ေစသည်။
"ဆရာရော"
"ဆရာကရောကြီးလာရင်ဘာဖြစ်ချင်လဲ"
"ဟင်..အခုဆရာကကြီးနေပြီလေ...စာသင်တဲ့ဆရာဖြစ်နေပြီ"
"ဟုတ်ဘူးလေ..ဆရာဒီထက်ကြီးလာခဲ့ရင်"
"အင်း...ဆရာဒီထက်အသက်ကြီးလာခဲ့ရင်
ဆရာ့အိမ်လေးမှာပန်းချီလေးဆွဲ၊ပန်းပင်လေးတွေစိုက်ရင်းပျော်ပျော်နေမှာပေါ့ကွ"
"ဟင် ..အခုလည်းဆရာ့အိမ်မှာပန်းပင်တွေရှိတာပဲမဟုတ်လား၊ပန်းချီဆွဲဖို့ပဲလိုတာပေါ့..ပျင်းစရာကြီး..သားဆိုလုံလုံရှိတဲ့နေရာမှာနေမှာ"
"ဟဲ့ နင်ဘာတွေပြောနေတာလဲ..ဆရာ့မှာဟိုကိုကိုရှိတာပဲအဲ့ဒီ့ကိုကိုနဲ့ပျော်ပျော်နေမှာပေါ့...နော်ဆရာရယ်"
"ဟို..အင်းးး"
ရိပေါ်အိပ်နေသည့်Dream bedလေးရှိရာ၀ရံတာဖက်မေးငေါ့ပြောနေသည့်လုံလုံကိုကြည့်ပြီးရှောင်းကျန့်ဘာဖြေရမည်မသိ။
"ကိုယ့်ရဲ့အနာဂတ်မှာဘယ်အချိန်ထိမင်းနဲ့အတူရှိခွင့်ရမှာလည်း..ကလေး‌ငယ်ရေ"
✍️✍️✍️✍️✍️
ခင်ဗျားရေ ..ခင်ဗျားအိပ်မက်ကရိုးရှင်းလိုက်တာ။
ဒါပေမဲ့ခင်ဗျားအိပ်မက်ထဲကျွန်တော်မပါဘူး‌နော်။
စိတ်ချပါ။ခင်ဗျားအိပ်မက်‌ေတွဖြစ်လာရမှာပါ။တစ်ကိုယ်တည်းအေးအေးနေလိုသူယုန်လူအေးအတွက်ကျွန်တော်တနေ့ထွက်သွားပေးမှာပါ။
✍️✍️✍️✍️✍️
ပတ်တီး‌တွေဖြည်ပြီးသည့်တိုင်ဒဏ်ကျန်‌မည်ကိုစိတ်ပူသည့်ရှောင်းကျန့်ကတော့ဆိုဖာ‌ေအာက်ကြမ်းပြင်‌ေပါ်တွင်ကျကျနနထိုင်ရင်းရိပေါ်ခြေထောက်လေးတွေကိုဆေးလိမ်းပေးနေသည်။
ဟိုနေ့ည‌ေနကတည်းကမျက်နှာမကောင်းသောရိပေါ်ကြောင့်ရှောင်းကျန့်စကားတောင်သိပ်မဆိုဖြစ်။ဒဏ်ရာနာ‌ေန၍မျက်နှာမ‌ေကာင်းဟုထင်၍ဆေးကိုသာ၊ညင်ညင်သာသာလိမ်းပေးနေမိသည်။
ရိပေါ်က‌ေတာ့"ကျေးဇူးကျန့်ကော"ဟုသာဆို၍
ယုန်ကလေးကိုအပေါ်ကနေငေးနေမိသည်။
ကျန့်ကောကသူ့အပေါ်သိပ်ကောင်းသည်။
ညီလေးလိုဂရုစိုက်သည်။
အဖွားလိုယုယုယယရှိသည်။
ကြင်နာသည်။
အိမ်ထောင်ဖက်တစ်ယောက်အနေနှင့်အပစ်ပြောစရာမရှိအောင်ဂရုစိုက်လွန်းသည်။
သူ့ကိုစိတ်အနှောက်အယှက်ဘယ်အခါမှမပေးခဲ့။
ထို့ကြောင့်လည်းသူ့မှာထူးဆန်းတဲ့စိတ်ခံစားမှုရှိလာခဲ့ရင်တောင်၊ကျန့်ကောစိတ်အနှောက်အယှက်ဖြစ်စေမည့်မည်သည့်စကားကိုမျှဆိုမည်မဟုတ်။
ကျန့်ကောပြောခဲ့ဖူးသည့်စကားအချို့ကိုလညးပြန်ကြားယောင်မိသည်။
"ကိုယ်လည်းရိပေါ်ကိုမချစ်ဖူးလေတဲ့"။
✍️✍️✍️✍️✍️
အဖွား၀မ်အိမ်ထဲကို၀င်လာတော့
ဆိုဖာပေါ်မှာထိုင်နေရင်းကြမ်းပြင်ပေါ်ကကောင်လေးကို‌ေတွ‌ေတွကြီးငေးနေသည့်သူ့မြေးနှင့်
ကောင်လေးခြေထောက်တွေသာ၊တကမ္ဘာထင်ရင်းတယုတယနှိပ်ပေးနေသောယုန်ကလေးရယ်တို့ရဲ့လိုက်ဖက်နေမှုကြီး(တုံးအတဲ့နေရာမှာ)ကိုမြင်လိုက်ရသည်။







ဆုံနိုင်ခွင့် (Completed)Where stories live. Discover now