Part-4

710 56 2
                                    

ညနေခင်းပန်းပင်လေးတွေရေလောင်းနေတုန်း၊အိမ်‌ေရှ့ထိုးဆိုက်လာတဲ့ကားကလေးနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှောင်းကျန့်တံခါး၀သို့ခပ်သွက်သွက်ပြေးသွားလိုက်သည်။
လူနှစ်ယောက်တဖက်တချက်ကတွဲလာရသောရိပေါ်ကညာခြေ၊ညာလက်နှစ်‌ေချာင်းလုံးပတ်တီး‌အဖွေးသားနှင့်။
"ရိပေါ်"
"ဘာဖြစ်လာတာလဲဟင်"
ပြေးလာရ၍ထင်မိသည်၊အသံတွေပါတုန်နေသောရှောင်းကျန့်ကိုရိပေါ်ကပြန်ဖြေစကားမဆိုမိ။
ကြားထဲကဟောက်ရွှမ်းကမနေနိုင်၍
"အဲ.. အကို
အရမ်းမစိုးရိမ်ပါနဲ့
ရိပေါ်ကအလုပ်မှာaccidentလေးဖြစ်လာတာ၊အဲ့ဒါဆေးရုံကပြန်လာတာ၊ဆေးခွင့်တော့တပတ်လောက်နားရမယ်၊ဂရုစိုက်ပေးပါဦး"
မစိုးရိမ်ပါနဲ့ဆိုသော်လည်းမျက်စိမျက်နှာတွေပျက်နေသောယုန်လူအေးကရိပေါ်ကိုသာ၀င်တွဲလိုက်ရင်း၊ထိုင်ခုံပေါ်သက်‌ေသာင့်သက်သာဖြစ်‌ေအာင်နေရာချပေးလိုက်၊ခြေထောက်အောက်ကိုခေါင်းအုံးလေးခံပေးလိုက်နှင့်ဧည့်သည်တွေပြန်သွားသည်အထိ၊ကော်ဖီတခွက်ဧည့်ခံဖို့သတိမရလိုက်ပေ။
✍️✍️✍️✍️✍️
"ရိပေါ်ကောကိုတွဲ"
"ရိပေါ်နာနေလား"
"ရိပေါ်လက်ကလေးကိုခေါင်းအုံးပေါ်တင်ထားလေ"
"ရိပေါ်သက်သာလား"
"ရိပေါ် ကောကိုအားမနာနဲ့နော်"
"ရိပေါ် ကောဘာလုပ်ပေးရဦးမလဲ"
စကားနည်းသည်ဟုယူဆမိတာအမှားကြီးမှားပါပေါ့ဟုပြောရအောင်ပင်၊ရှောင်းကျန့်တစ်ယောက်ညနေကတည်းကတပေါ်တည်းပေါ်နေသည်မို့ရိပေါ်ပင်အံ့ဩရသည်။
ခုလည်းစွတ်ပြုတ်ပန်းကန်တဖက်၊ပု၀ါ‌ေလးတစ်ထည်ကိုင်ပြီး‌အနားရောက်လာပြန်သည်။
ဒဏ်ရာနှင့်ရိပေါ်ကရှောင်းကျန့်နေရာချထားပေးသောDream bed ပေါ်မှာမှီရင်းသက်သောင့်သက်သာ၊ရှောင်းကျန့်ကတော့သူ့ဘေးမှာခုံပုလေးနှင့်ထိုင်ရင်းသူ့ကိုကြည့်လာသည်။
"ဟိုလေ...ကောခွံ့ပေးမယ်နော်..ဖြစ်လား"
"_"
"ဟို..ရိပေါ်လက်ကဇွန်းကိုင်လို့မရဘူးမလား"
"ကျန့်ကော.."
"အဲ...ဟိုအဆင်မပြေရင်ပိုက်နဲ့‌ေသာက်မလား"(🤣🤣😂😂)
"ကျန့်ကော. ခွံ့ပေးလေ"
စွတ်ပြုတ်ပန်းကန်ကြီးကိုပိုက်ကြီးနဲ့စုတ်သောက်နေရ‌ေသာမိမိပုံကိုမြင်ယောင်ရင်းရိပေါ်ပြုံးချင်ချင်ဖြစ်သွားသည်။
ရှောင်းကျန့်ကိုကြည့်မိတော့သူ့ကိုစွတ်ပြုတ်ခွံ့နေတာများ၊ဘွန်ဇိုင်းပင်အရွက်လေးတွေဖုန်သုတ်နေသလိုတယုတယရှိလှသည်။စွတ်ပြုတ်‌ေလးခွံ့ပြီး၊ပု၀ါ‌ေလးနဲ့နှုတ်ခမ်းကိုတယုတယသုတ်‌ေပး‌ေလတိုင်း၊သူ့ရင်ထဲဘာကြောင့်ရယ်မသိဓါတ်လိုက်သလိုကျဉ်ခနဲ၊ကျဥ်ခနဲဖြစ်သွားရသည်။
စွတ်ပြုတ်ခွံ့၊ဆေးတိုက်ပြီးတော့ယုန်လူ‌ေအးကသူ့ကိုတွဲ၍အိပ်ရာပေါ်နေရာချပေးသည်။သူမျက်လုံးတွေမှိတ်ပြီးအိပ်မယ်ပြင်တော့မှဒဏ်ရာကတချက်တချက်နာတာကိုသတိပြုမိတော့သည်။သူအိပ်နေပြီအထင်နှင့်ခြေသံဖွဖွနင်းပြီး၀င်လာသူကသူ့ကုတင်ဘေးတလှုပ်လှုပ်နှင့်၊အတန်ကြာမှခြေဖွနင်းပြန်ထွက်သွားလေသည်။
ရိပေါ်မျက်လုံးဖွင့်ကြည့်တော့ ကုတင်ဘေးစားပွဲပေါ်မှာရေထည့်သားပြီးသားခွက်ကလေးတလုံး၊ဖောက်ထားပေးသည့်မုန့်ထုတ်ကလေးတွေနှင့်လူခေါ်ဘဲလ်အသေးလေး။(ရိပေါ်ပြုံးမိသည်၊တော်တော်ရှေးဆန်တဲ့သူကြီးဟုလည်းတွေးမိသည်)
✍️✍️✍️✍️✍️
ရှောင်းကျန့်ဆိုဖာပေါ်ဟိုလှိမ့်၊ဒီလှိမ့်လုပ်ရင်းကမှေးကနည်းအိပ်ပျော်သွားသည်။
"ဒုန်းးး"
"အာ့..အာ့..ကျွတ်..ကျွတ်"
တိုက်မိသံနှင့်ခပ်အုတ်အုတ်ညည်းညူသံကြောင့်အိပ်ခန်းထဲသွက်သွက်ပြေး၀င်မိတော့၊ရိပေါ်ကကြမ်းပြင်ပေါ်လဲနေသည်။
သူ့ရင်ထဲပူကနည်းဖြစ်သွားသည်။
"ရိပေါ်..ရိပေါ်..ရလား"
"ဘာဖြစ်သွားသေးလဲ...နာနေလား"
"အားးရတယ်...ရတယ်..ကျန့်ကော..အားနာလိုက်တာ"
"ဘာကိုအားနာတာလဲ..ကလေးက...🤭🤭🤭အဲ...ရိ‌ေပါ်ကအခုဘာလို့ထလာတာလဲ"
"ဟို...ကျွန်တော်အိမ်သာသွားချင်လို့ကျန့်ကော"
"အာာာ..ဟုတ်သားပဲ‌ေကာကိုနှိုးလိုက်တာမဟုတ်ဖူး..လူခေါ်ဘဲလ်လည်းပေးထားသားနဲ့..ဖုန်းလည်းခေါ်လို့ရတာပဲလေ"
(ဖုန်းခေါ်လို့ရတယ်ပြောမှသူတို့နှစ်ယောက်အချင်းချင်းဖုန်းနံပါတ်မပေးရသေးကြောင်းသတိရမိသည်)
"ခုအိမ်သာသွားမှာမလား..ကောလိုက်ပို့ပေးမယ်"
အိမ်သာထဲရောက်မှရိပေါ်သူ့ကိုအကူအညီမတောင်းပဲတိတ်တိတ်လေးထလာရခြင်းကိုသဘောပေါက်လာသလိုလို။
ခြေထောက်ကလည်းအလွတ်ရပ်လို့မရ၊လက်တဖက်ကလှုပ်မရသည့်ဖြူလုံးပေါက်စီတုံးကိုကလေးရှုရှူးတည်သလိုတွဲထားရင်း၊ယုန်တကောင်တော့မျက်နှာတွေနီရဲနေလေသည်။
"ကျန့်ကော..ကျွန်တော်နဲ့လာအိပ်ပါလား"
"ဟင်"
"ဟိုမှာအိပ်ရတာလည်းအဆင်မပြေဘူးမလား...ကျွန်တော်လည်းတခုခုဆိုအကူအညီတောင်းလို့ရတာပေါ့"
"ကောကရိပေါ်အဆင်မပြေမှာဆိုးလို့လေ၊
ရတယ်ကောခုပဲရွှေ့ခဲ့မယ်"
....
ယနေ့မှပင်အဖွားဆုမွန်ကောင်းတောင်းထားသောမင်္ဂလာကုတင်ကြီးသည်ပိုင်ရှင်နှစ်ယောက်နှင့်စုံညီပေတော့သည်။
ကုတင်ပေါ်တွင်တော့
ဒဏ်ရာတွေနှင့်ပြုံးနေသောကောင်ကလေးရယ်။
သူ့ကြောင့်ဒဏ်ရာတွေထိမိမည်ဆိုးသဖြင့်ကုတင်အစွန်းတွင်ပြုတ်ကျလုမတတ်တိုးအိပ်နေသောယုန်ကလေးတစ်ကောင်ရယ်နှင့်အေးချမ်းစွာ။

ဆုံနိုင်ခွင့် (Completed)Where stories live. Discover now