Final

1.1K 62 12
                                    

"ကောလေ...
ကောကလေ...
ခလေးနားပဲနေချင်ခဲ့တာပါ..
‌ေကာထွက်သွားခဲ့တာလည်းခလေးစိတ်ချမ်းသာဖို့ပါ....
ကလေးချစ်တဲ့သူနဲ့အတူရှိစေချင်ခဲ့တာ...
ခုတော့မိန်မိန် စေ့စပ်တဲ့သတင်းလည်းကြားတယ်။
ထားခဲ့ခံရတဲ့အပြင်
ခလေးကနေမကောင်းဘူးလို့လည်းကြားတော့ ကောရူးမလိုပဲ
အသည်းကွဲတဲ့ဒါဏ်နဲ့စိတ်ရောလူပါပင်ပန်းနေမယ်ထင်လို့...
..အဲ့ဒါကြောင့်‌ဘာဖြစ်ဖြစ်ဆိုပြီးနှစ်သိမ့်ပေးချင်လို့
သတ္တိတွေမွေးပြီးကလေးဆီပြန်ခဲ့တာ"

"ကောဗျာ...
ကျန့်ကောရာ...
မိန်မိန်ကကျွန်တော့ကိုထားခဲ့တယ်လို့ဘယ်သူကပြောလဲ၊
ကျွန်တော်တို့ဇာတ်လမ်းကလက်မထပ်ခင်ကတည်းကပြတ်ပြီးသား၊
သူ့ဖက်ကမပြတ်နိုင်တာတွေကိုလည်း
ခင်ဗျားကြီးကျောင်းခရီးစဉ်ပြန်လာပြီးမကြာခင်ကတည်းကဖြတ်ပစ်ခဲ့တာ။
ခုက
စိတ်ရောလူပါပင်ပန်းနေတာတော့မှန်တယ်၊
အသည်းကွဲနေတာကလည်းအမှန်ပဲကော....
နှစ်သိမ့်ပေးဖို့လည်းလိုနေတယ်ဗျ..."
"..အင်း"
"ဘာလို့အသည်းကကွဲနေလည်းမမေးတော့ဘူးလားကော
ဟင်...
ကျွန်တော်ကကိုယ်ဖိရင်ဖိပြုစုဖိုလို့နေတာ‌ေရာကောသိလား"

ရိပေါ်၏ညစ်ကျယ်ကျယ်အပြုံးကြောင့်ယုန်လူအေးကြက်သီးများပင်ထသွားသည်။

"ကျွန်တော်..
ကောကိုချစ်တယ်...
ကျန်တဲ့ဘ၀ကိုလည်းကောနဲ့ပဲဖြတ်သန်းချင်တာ...
ကောအကြင်နာတွေလိုအပ်‌ေနတယ်....
ကောဖက်ကရော....
ကျွန်တော့ကိုညီလေးလိုပဲသ‌ေဘာထားတာလား....
ဒီထပ်ပိုနိုင်သေးလား....."
"ကော...ဖြေပါဦးကောရယ်"
"ကောလေ.."
"ဟုတ်"
"ခလေးကိုချစ်ခဲ့တာကြာပြီ"
"ကောရာ...
ကျန့်ကောရာ...ကျွန်တော်ခင်ဗျားကိုချစ်လိုက်တာဗျာ"

      ✍️✍️✍️✍️✍️♥️♥️♥️✍️✍️✍️✍️✍️

"ကော...
ကောရေ...ကျွန်တော်ပြန်ရောက်ပြီ"
အသံအကျယ်ကြီးအော်ပြီးအူမြူးလာပုံရသည့်
ရိပေါ်ကကျန်းချန်ကိုတွေ့တော့မှမျက်နှာတည်သွားသည်။
"အော်..ဧည့်သည်ရောက်နေတာပဲ..Sorry"
၀တ်ကျေတန်းကျေနှုတ်ဆက်ပြီးအခန်းထဲ၀င်သွားသည့်ရိပေါ်ကိုကြည့်ပြီးကျန်းချန်ကလည်းမဲ့ရွဲ့နေသည်။
"မင်းတို့ယူထားတာဘယ်နှစ်နှစ်ရှိနေပြီလဲကွာ
ဒါကိုခုထိ၊မင်းဟာလေးက....ငါ့ကိုများတွေ့ရင်
သူ့ပထွေးတွေ့သလိုပဲ..စူပုတ်နေတုံး"
"အားးရားးကျန်းချန်ရာ
မင်းကလည်းကွာ..ခလေးနဲ့ပြိုင်မကောက်နေပါနဲ့.....မင်းပြောသလို...
မင်းထပ်ပြောင်းရတဲ့မြို့လေးမှာငါအင်္ဂလိပ်စာသင်တန်းလေးလာပေးပေးမယ်...ဟုတ်ပြီလား..
နှစ်ပတ်သင်တန်းစီစဉ်ထားလိုက်နော်"
ကျန်းချန်ကို‌ေချာ့‌ေမာ့‌ေပြာပြီးပြန်သွားမှခရီးအတွက်
ကိုယ်တော်လေးကိုချော့မော့ပြောရပေဦးမည်။
✍️✍️✍️✍️✍️
"မသွားလို့မရဘူးလားကောရာ"
"ကျွန်တော်ကောမရှိရင်မနေနိုင်တာသိရက်နဲ့ဗျာ"
"မနက်နိုးလာလို့ဘေးမှာကောမရှိရင်မပျော်ဘူးလို့"
"မနက်စာ‌ေတွကလည်းကောနဲ့အတူစားမှချိုတာလို့"
"နေ့လည်‌လည်းကောနဲ့ပဲထမင်းလက်ဆုံစားချင်တယ်"
"ညတွေလည်းကောကိုယ်သင်းနံ့လေးမရရရင်အိပ်လို့မရဘူး"
"ဆေးတွေရောဘယ်သူကတိုက်မှာလဲကျွန်တော့ကို"
"ကောစာဖတ်တာများသွားရင်ရောဘယ်သူကဇတ်ကြောနှိပ်ပေးမှာလဲ"
"ကောချိုးဖို့ရေနွေးကိုကျန်းချန်ကစပ်ပေးတတ်လို့လား"
"ကောဇာတ်ကားကြည့်ရင်းစားလေ့ရှိတဲ့မုန့်တွေကျန်းချန်ကသိလို့လား၊၀ယ်ပေးလို့လား"
"ညဖက်စောင်တွေလွတ်ရင်ဘယ်သူကထခြုံပေးမှာလဲ"
"အားးကောမသွားနဲ့ဗျာ"
"နှစ်ပတ်ကြီးတောင်..ရူးမှာပဲ"
ခရီးလေးနှစ်ပတ်သွားခွင့်တောင်းသည်ကို
ကလေးလိုစူပုတ်ချွဲပစ်နေသည့်သူ့အသည်းငယ်ကိုကြည့်ရင်းရှောင်းကျန့်ပြုံးမိသည်။
ကလေးငယ်ရဲ့စကားတွေကိုနားထောင်ရင်းက
သူတို့နှစ်ယောက်ရဲ့တွယ်နှောင်မှုကိုပြန်မြင်လာမိသည်။
ဒါသူတို့ရဲ့နေ့စဉ်ဘ၀ပဲဖြစ်သည်။
"ဟုတ်ပြီကွာ...
ကောမသွားတော့ဘူး..ကျန်းချန်ကိုပြန်ဆက်လိုက်မယ်...
ဒါပေမဲ့ကလေးနားရက်ရတာနဲ့တူတူသွားမှာနော်၊သင်တန်းကကတိပေးပြီးသားဖြစ်‌ေနလို့"
"ကတိဗျာ...ကျွန်တော်နားရက်ရတာနဲ့လိုက်ပို့မယ်"
"ခလေး"
"ဗျ"
"ချစ်တယ်..ကောရဲ့ခလေးလေး"
"ဟာဗျာ...
ကျန့်ကောတို့က
ရူးပြီးသားလူကိုသွက်သွက်ခါအောင်လုပ်နေပြန်ပြီ"
"ကျွန်တော်ကကောကိုချစ်တဲ့အပြင်..မြတ်နိုးလွန်းလို့ဘယ်သွားသွားအိပ်ကပ်ထဲထည့်‌ေခါ်သွားချင်နေတာဗျ.... ရှောင်းရှောင်းကျန့်ရ"
"အကြီးကိုနာမည်ခေါ်ပြန်ပြီ"
"ခေါ်မှာပဲ...ကျွန်တော့အမျိုးသားပဲဟာ"
"အိုးးး၀မ်ရိပေါ်..၀မ်ရိပေါ်..မင်းတော်တော်ဆိုးနေပါလား"
ငြင်းခုံလိုက်၊စကားနိုင်လုလိုက်နှင့်နောက်ဆုံးတော့လည်းအလျော့ပေးရယ်မောသံ
သံတွေနှင့်သာအဆုံးသတ်သည်။အိမ်ကလေးကကြည်နူးစရာတို့နှင့်သာအတိပြီးသည်။

ရှောင်းကျန့်ကတော့သူတို့ရရှိခဲ့တဲ့ ဆုံနိုင်ခွင့် လေးတခုကိုသာကျေးဇူးအခါခါတင်ရင်း.....။
                     ✍️  The End✍️
(ပထမဆုံးရေးဖူးတဲ့စာမလို့အမှားပါရင်အစစအရာရာခွင့်လွှတ်ပေးကြပါဦး။)













ဆုံနိုင်ခွင့် (Completed)Where stories live. Discover now