Seoul မြို့ပေါ်မြင်ကွင်းကိုဟော်တယ်ကနေလှမ်းကြည့်ရင်းရိပေါ်ရင်ထဲတမျိုးတမည်ခံစားနေရသည်။
ဒဏ်ရာသက်သာစမလို့အလုပ်ခွင်မ၀င်ခိုင်းပဲ၊နည်းပညာရက်တိုဆေးနွေးပွဲတက်ရောက်ရန်၊
ကိုးရီးယားကိုစေလွှတ်ခြင်းခံရသဖြင့်သူSeoulကိုရောက်နေခြင်းဖြစ်သည်။
အရင့်အရင်နိုင်ငံခြားခရီးစဉ်တွေလိုစိတ်ပေါ့ပါးမနေပဲတစုံတခုကိုသတိရမိနေသလိုလို။
မိမိကိုယ်မိမိလည်းနားမလည်နိုင်။
ဒီနေ့လည်းသံုးရက်ေမြာက်ေန့အဖြစ်၊တနေကုန်နီးပါးForumsမှာထိုင်လိုက်၊ရပ်လိုက်ဆွေးနွေးခဲ့တာမလို့ခြေထောက်ဒါဏ်ရာကကိုက်လာသည်။
တပြိုင်နက်ဒဏ်ရာကို
နုနုညံ့ညံ့ေဆးလူးေပးတတ်ေသာလက်ဖြူဖြူသေးသေးတစ်စုံနှင့်၊နွေးထွေးသောမျက်၀န်းတစ်စုံကိုလည်းရုတ်တရက်လွမ်းမိသည်။
မအိပ်ခင်ကြားနေကြအသက်ရှုသံလေးတခုမကြားရတာနဲ့ညတွေလည်းကောင်းကောင်းအိပ်မပျော်။
"အားးး၀မ်ရိပေါ်စိတ်ထိန်းစမ်းးဘာတွေတွေးနေတာလဲ
သူများမင်းအပေါ်ညီလေးလိုကောင်းတာကို...မင်းးတော့"
တမျိုးတမည်ဆိုသည့်ဝေဒနာကဘာလည်းဆိုတာသတိထားမိသည်နှင့်တပြိုင်နက်ရိပေါ်ကိုယ့်ဆံပင်တွေကိုယ်ဆွဲဖွရင်းအော်မိသည်။
ဟိုတယ်ကညစာကလည်း၊ထမင်းပြန်စားလို့ရသည့်နေ့ကကျန့်ကောချက်ပေးသည့်နံရိုးဟင်းလောက်မကောင်းပေ။
ဒီချိန်ဆိုကျန့်ကောဘာလုပ်နေမလဲ။
လေဆိပ်ကိုလိုက်ပို့သည့်နေ့ကပေးလိုက်တဲ့ဖုန်းနံပါတ်လေးကိုခေါ်ရင်ကောင်းမည်လား။
"ကိစ္စရှိရင်ဖုန်းလေးဘာလေးခေါ်လို့ရအောင်..ကောကိုရိပေါ်ဖုန်းနံပါတ်လေးနဲ့WeChatေလးaddပေးထားမလား"တဲ့
ကောဆီကပြန်ရလိုက်သည့်ဖုန်းနံပါတ်လေးကိုကြည့်ရင်းရိပေါ်တွေဝေနေသည်။
ခုနေခေါ်ပြီးဘာပြောရမလဲသူမသိ။
ကိစ္စရှိရင်ဆက်ဖို့တောင်းထားတဲ့သူကတောင်ဆက်မလာတာမို့။သူကခေါ်ရန်ခက်နေသည်။
သေချာစဉ်းစားကြည့်တော့သူတို့နှစ်ယောက်ကြားဖုန်းဆက်ပြောစရာရယ်လို့မရှိ။
သူကသာ။
သူကသာထူးဆန်းတဲ့အတွေးတွေတွေးမိနေသူမဟုတ်လား။
ယုန်လူအေးကတော့သူ့ပုံမှန်ဘ၀လေးမှာ၊သူ့ထုံးစံအတိုင်းအေးအေးလူလူပျော်ပျော်ရွှင်ရွှင်ရှိနေပါလိမ့်မည်။
ရိပေါ်ဖုန်းကိုချပြီးရေချိုးခန်းသို့သာ၀င်လိုက်သည်။သူ့ကြောင့်ကျန့်ကောကိုအနှောက်အယှက်မဖြစ်စေလိုပါ။
✍️✍️✍️✍️✍️
🎼🎼📞📞📞
![](https://img.wattpad.com/cover/236339722-288-k352229.jpg)