..............
"ဟာ ညီ လာပြီလား ခဏစောင့်ဦးနော်ကိုယ်စာအုပ်တွေ ယူလိုက်ဦးမယ်"
"ဒီမှာ မလုပ်ဘူးလား"
"အခြားသူတွေနဲ့ဆို အနှောင့်အယှက်ဖြစ်မှာဆိုးလို့"
အဆောင်က ကိုယ့်အခန်းနှင့်ကိုယ်ဆိုပေမဲ့ ဧည့်ခန်းတော့ သီးသန့်မဟုတ်ပေ။ ထို့ကြောင့်ကိုယ့်အခန်းထဲမှ မဟုတ်လျှင်စာလုပ်၍ အဆင်မပြေနိုင်။ ကမ္ဘာ အား သူ့အခန်းထဲသို့ခေါ်ရမည်ကို အဘယ်ကြောင့်မှန်းမသိ သူရှက်မိပြန်၏။ ထို့ကြောင့်အခြားနေရာတွင်သာ စာလုပ်ရန်စဉ်းစားမိခြင်းပင်။
"ကိုဈာန်ရဲ့ အခန်းထဲရော အခန်းဖော်ရှိလို့လား"
"ကိုယ့်အခန်းက တစ်ယောက်ထဲနေတာပါ ညီအဆင်မပြေမှာဆိုးလို့"
"ကျွန်တော်အဆင်ပြေပါတယ်"
"ဒါဆို လာလေ "
သူ့အတွက်အဆင်မပြေသည်ကိုတော့ မပြောဖြစ်တော့ပေ။ ကမ္ဘာ ကို အခန်းထဲသို့သာခေါ်လာခဲ့လိုက်ရလေတော့တယ်။
"ကိုဈာန်အခန်းက သန့်နေတာဘဲ ကျွန်တော်တို့နဲ့ တခြားဆီ"
"ကိုယ်က အိမ်မှာလည်း ကိုယ့်ဟာကိုယ်ရှင်းတာဆိုတော့ အကျင့်ဖြစ်သွားလို့"
"ကိုဈာန်က ဘယ်ကလဲ မန်းလေးကတော့ မဟုတ်ဘူးမလား"
ကမ္ဘာ့ အမေးစကားကြောင့်ကိုဈာန်က ရယ်လျက်
"အင်း ကိုယ်က မိုးကုတ်ကလေ ထိုင်လေညီရဲ့"
သူက မထိုင်ဘဲ မတ်တပ်ရပ်ကာလျှောက်ကြည့်နေသဖြင့်ကိုဈာန်က ထိုင်ခိုင်းခြင်းဖြစ်သည်။ ပလပ်စတစ်ထိုင်ခုံ နှစ်ခုံရှိပြီး စားပွဲတစ်လုံးလည်းအဆင်သင့်ရှိနေသည်။
အားလုံးပြင်ဆင်ပြီး ကိုဈာန်ကလည်း ကျတ်ပြီးသား စာများကို အလွတ်ချရေးနေသည်။ သူရောကိုဈာန်ပါ နှစ်ဦးစလုံး စာကျတ်လျှင်အသံမထွက်ကြသည်က အတော်ပင်အဆင်ပြေလှလေတယ်။ သူကိုဈာန်အိပ်ယာအား ကြည့်မိတော့ ဘာမဆိုင်ညာမဆိုင်ရင်ခုန်ပြန်၏။ သူလမ်းလျှောက်နေရင်း အိပ်ယာထပ်သို့ လှဲချလိုက်၏။
ŞİMDİ OKUDUĞUN
Senpai is my Boyfriend
Fantastik........... စီနီယာအကိုကြီးနဲ့ ဂျူနီယာ ညီငယ်လေး ပယ်သူက Uke ပယ်သူက Seme လဲလို့ ဖတ်ပေးကြပါဦး