My love Is SkY partA(Yan)

80 2 0
                                    

ကျွန်တော့်နာမည်ကကောင်းကင်ယံ ဆေးကျောင်းသား တစ်ယောက်ပေါ့ အဲ့လိုပြောလို့အရမ်းကြီးစာတော်တယ်လို့ အထင်မကြီးလိုက်နဲ့နော် သာမန်ကျောင်းသားတစ်ယောက်လိုပါဘဲဆေးမှတ်မီလို့ မိဘတွေကတက်ခိုင်းလို့ဆိုတာမျိူးပါဘဲ ဒါပေမယိ့သူများတွေလိုမျိူးမတက်ချင်တာမျိုးတော့ မရှိပါဘူး တက်လိုက်တာဘဲ ပြီးတော့ဆေးပညာ‌ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ် အမေပြောသလိုကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုတဲ့အလုပ်မျိူးလည်းဖြစ်တယ်လေ ပြီးတော့မိဘတွေလညိး ဆေးကျောင်းသားတစ်ယောက်ဆိုပြီး ဂုဏ်ယူနိုင်တာပေါ့ မဟုတ်ဘူးလား ဟာဟား အဲ့လိုတွေပြောနေလို့ ကျွန်တော့်ကို ပထမနှစ်တက်ခါစလို့မထင်နဲ့နော် ကျွန်တော်က ဒုတိယနှစ်ဗျ ဒုတိယနှစ်လည်းစီနိယာဘဲဟုတ်တယ်ဟုတ် ကျောင်းအကြောင်းကတော့တော်လောက်ပါပြီ တခြားအကြောင်းပြောရမယ်ဆိုမိသားစု ကတော့ ငါးယောက် ကျွန်တော်က middle အကြီးတစ်ယောက် အငယ်တစ်ယောက်ရှိတယ် ကျွန်တော်ကအစ်မသိပ်လိုချင်တာ ဒါပေမယ့်မရပါဘူး အကုန်လုံးအထီးချည်းဘဲ ဟူးးး အမေကတော့ မှီခို မှီခိုလို့‌တာပြောတာအမေကကျွန်တော့်တို့ကိုဂရုစိုက်တာနဲ့တင် အိပ်ရာပေါ်မမှီနိုင်လောက်အောင်ကို ပင်ပန်းတာ ကျွန်တော်တို့ကလည်းအထီးသဘာဝ မျောက်လောင်းတွေလိုဘဲ အမေကပြောပါတယ် ငယ်ငယ်ကပိုဆိုးတယ်တဲ့အခုကတော်သေးတယ်တဲ့ အဖေက တော့အလုပ်လုပ်တယ် အဒေါ်တွေနဲ့ဆက်ပြီးပွဲရုံထောင်ထားတယ်ဆန်ပွဲရုံ အဲ့တော့ကျွန်တော်‌တို့မိသားစုက high boss family ,rich family ကြီးမဟုတ်‌ပေမယ့်လည်း အိပ်တဲ့အချိန်အိပ်နိုင် စားတဲ့အချိန်စားနိုင်တယ် ဘဝကြီးကသာယာတယ်ပေါ့ဗျာ ummm family ပြီးတော့ friend ဖရန့်ပေါ့ ကျွန်တော်က‌ အဖေါ်မင် တော့ အပေါင်းအသင်းကတော့ပြောမနေနဲ့ တစ်ကျောင်းလုံးမသိတဲ့သူမရှိအောင်ကို ဘဲ ဒါပေမယ့် squad ဆိုပြီးတော့တော့ တစ်ဖွဲ့သက်သက်ရှိတယ်မျောက်လောင်းအဖွဲ့ဆိုလည်းဟုတ်တယ် ကျွန်တော်‌တို့ကစိတ်တူကိုယ်တူသူငယ်ချင်းတွေဗျ တစ်ယောက်ကမစလိုက်နဲ့နောက်တစ်ယောက်က ပါပြီးသားဘဲ ပြီးတော့ကျွန်တော်တို့ကမျှတယ်လေ ရှစ်ယောက်ဆိုတော့ လေးယောက် လေးယောက် ကွက်စတိ သူတို့အကြောင်းတော်ပြီ ဆက်ပြောရင်လည်းမကောင်းကြောင်းဘဲပြောဖြစ်မှာ ကောင်းကြောင်းတော့မပြောပေါင် ဘာလို့ပြောရမှာလဲ ဘာပြောစရာကျန်သေးပါလိမ့် ဪ RS or single လားလို့တော့ လာမမေးနဲ့နော် ဖြတ်‌ရိုက်မှာ ကျွန်တော်ကချောပါတယ်ဗျာအသားက ဖြူတယိ မျက်လုံးက ကျွန်တော့် idol, V လို ဘဲ မျက်ရစ်တစ်ဖက်ဘဲပါတယ် idolလောက်မhandsomeပေမယ့် ကျွန်တော်လည်း handsomeပါတယ်နော် ဘာတဲ့သူငယ်ချင်းတစ်ယောက် ပြောသလို ဘာcute typeဆိုလား pretty boy ဆိုလား အဲ့လောက်တော့ရှိပါတယ် မျက်ခုံးကလည်းသူများတွေလိုဆွဲစရာမလိုလောက်အောင်ကောင်းပြီးသား P'drake လောက်တော့မကောင်းပေမယ့် P'ပြီးရင်ဒုတိယက ကျွန်တော်ဗျာ နောက်တစ်ခု လက်တွေခြေထောက်တွေဆိုလည်း မိန်း‌ကလေးတွေကိုင်ချင်စရာပါ ကိုင်တာ က လက်ကိုပြောတာခြေထောက်ပါဘူး ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းညိုကြီးက အဲ့တာကို မင်းဟာကိုမိန်းကလေးတော့မကိုင်ဘူးယောကျာ်းလေးတော့‌ကိုင်မှာတဲ့ ကျွန်တော့်မှာကြားကြားချင်းလန့်တောင်လန့် ဘာကိုင်မှာလဲမေးမှ လက် လက် တဲ့ မင်းလက်က မိန်းကလေးတွေလိုဘဲ မိန်းကလေးတွေထက်တောင်ကိုင်လို့ကောင်းတယ်ဆိုဘဲ ‌ခြေထောက်ကလည်းမိန်းမရှုံး တဲ့ ပိန်ပြီးသွယ် တဲ့အပြင် ကျွန်တော်က အသားဖြူတော့မိန်းကလေးခြေထောက်လိုဘဲတဲ့ အဲ့တာတော့ဟုတ်နိုင်ပါတယ် ကျွန်တော်ကအမွှေးသိပ်မများဘူး အဲ့တာကြောင့်ရိတ်ရိတ်ပေးရင်းနဲ့ မရှိသလောက်ကိုပြောင်နေပြီ ဒါဆိုကျွန်တော် perfect ဖြစ်ပြီမဟုတ်လား အဲ့တာကိုခုထိ ကျွန်တော့်လက်ကို ကိုင်မယ့်သူမရှိ အဲ့ဒီ $အရပ်က လာလာရှိုးဖျက်တယ် ကျွန်တော်ကမပုပါဘူးဗျာ ၅ပေ၃ ကျော် ကျော်၄ လက်မ က မပု ဘူးမလား မပုဘူးလို့ဘဲပြော အဲ့တာဟို ‌အကောင်တွေကြောင့်သူ့တို့အရပ်ကြီးတွေမိုးထိုးပြီး ငါ့ရဲ့ handsomeness တွေကို ဖုံးပစ်တာ သူတို့တွေကျတော့ထည်လည်တွဲပြီး မတရား ဘူး လောကကြီး က ကျွန်တောကြိုက်တဲ့ idol တွေကိုလည်းမပေး ချစ်သူတစ်ယောက်လည်းမပေး မတရားဘူးဗျာ idol ဆိုလို့ ကျွန်တော့် idol ကBTS bias ကV sunbae သူတို့ကိုကြိုက်လို့ အခြောက်လို့တော့လာမပြောနဲ့နော် အရင်ထဲက ရည်းစားမရှိလို့ D ဝင်နေတာ ဒါပေမယ့် ခဏကပြောသလို အကယ်လို့ သူတို့ကို ပေးမယ်ဆိုရင်တော့ ပျော်ပျော် ကြီး gay မယ်ကွာ Icezzzz ဪဒါနဲ့ရည်းစားမရှိဘူးဆိုလို့ အရမ်းကြီးလည်းအထင်မသေးနဲ့ဦး ကျွန်တော့်ကို လိုက်နေတဲ့ဘဲကြီး တော့ရှိတယ် ဗျ သူကတော်တော်ဖြစ် ခင်ဗျားလေးတို့ကိုပြောရင် အံဩသွားမှာအသေအချာ ဘဲ ဘာလို့ဆို မိန်းကလေးတွေကြားမှာရေပန်းစားနေတဲ့မော်ဒယ် Shine Tin Htut က ကျွန်တော့်ကို ကြိုက်နေတဲ့ဗျာ ပြီးတော့ဘာတဲ့သူခေါ် တာ 'ကလေး' တဲ့

My love Is SkYWhere stories live. Discover now