My love is SkY(confession 💜)

15 1 0
                                    

At tution,
ယံ ဘာလုပ်ဖုန်းဘဲကြည့်နေတယ် စာနားထောင်လေ 'အေးပါငကြယ်မ ရဲ့ ငါအိပ်ချင်နေလို့ မျက်လုံးပြူးအောင် ကြည့်ပေးနေတာပါ'
'စာကိုနားကထောင်တယ် ဖုန်းကိုမျက်လုံးကကြည့်တာ ဟီးး'
အေးအေးကောင်းတယ်
'ကဲပါမကြည့်တော့ဘူးဟူတ်ပြီလား'
နားထောင်သေချာ ပြီးတော့မှလာမမေးနဲ့ 'ဟုတ်ကဲ့ပါဗျ'
Phone vibration...'ဟင် msg ပါလား ဖတ်ကြည့်လိုက်ဦးမယ်နော် မမကြယ်စင်'
မိယံမ ရွဲ့မနေနဲ့
'🤣😅' (ဟင် အကိုပါလား ဘယ်နှနာရီရှိလို့လဲ ဪကျူရှင်တောင်ပြီးတော့မှဘဲ ဒါဆိုတကယ်လာကြိုတာပေါ့ ဟီး taxiဖိုးတကယ်သက်သာသွားပြီ )
ယံယံ ဘာတွေရီနေတာလဲ ဘယ်သူ့ဆီကလဲ
'ဟိုအကိုလေ Shine Tin Htut အဲ့အကို ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးမလို့ ရောက်နေပြီဆိုတာmsgလှမ်းပို့တာ'
အမယ် အပို့အကြိုတွေတောင်လုပ်နေပြီလား 'မဟုတ်ပါဘူးကွာညနေကဆုံတယ်‌ေလလမ်းမှာ အဲ့တာနဲ့ငါ့ကိုကျူရှင်ဝင်ပို့ကော ပြီးတော့ ငါ့‌ခြေထောက်နာနေတာကိုသိပြီး အိမ်ပြန်လိုက်ပို့မယ် ဆိူလို့ ငါက လက်ခံလိုက်တာ ဒါဘဲ ဘာမှမရှိဘူး'
အေးပါထားတော့ ဒါနဲ့ ဟိုကမင်းသားနော် ပြီး‌တော့ တခြားအလုပ်နဲ့အကိုင်နဲ့ မအားတဲ့သူကို ငါလိုက်ပို့လို့လည်း ရတာကို
အေးလေ ကြယ်စင်မလည်းရှိတယ် ငညို လည်းလိုက်ပို့လို့ရတယ်
'အေးကွ ဟုတ်သားဘဲ ငါလည်းအဲ့တာမစဉ်းစားမိလိုက်ပါဘူး အကိုပြောတုန်းက taxiခ သက်သာတာကိုတွေးပြီးဘဲပျော်နေတာ ' 'ဘယ်လိုလုပ်မလဲ ဒါနဲ့ ငါ့ကို တော့သက်သက်လာခေါ်တာမဟုတ်ဘူး အလုပ်ရှိလို့ဆိုပြီး ဒီကိုလာတာငါ့ကိုလမ်းကြုံလိုက်ပို့မှာ'
ဒါဆိုပိုတောင်ကောင်းသေး အလုပ်ပြီးရင်ပြန်ခိုင်းလိုက်တော့လေငယံကိုဝင်ပို့နေရင် မနားရဘဲနေမှာပေါ့ ငယံ မင်းကို ငါလိုက်ပို့မယ်
'oki သားကြီး' ဒါဆိုငါmsg ပို့လိုက်မယ်နော်' အင်းးး
At Htut's side,,
ဟင်ကလေးဆီက msg ဘဲ ထပ်ပြီးတော့ ဆင်းပြီးလားမသိဘူး ဟင်ဘယ်လိုဖြစ်လို့
'အကို ကျွန်တော်သူငယ်ချင်းနဲ့ဘဲလိုက်သွားတော့မယ်နော် အကိုအလုပ်ပြီးသွားရင်ပြန်လိုက်တော့နော် ကျွန်တော်အဆင်ပြေတာမို့ စိတ်မပူပါနဲ့ ကောင်း" အနားယူပါနော်'
ဒီကလေးနဲ့တော့ ဘာအလုပ်မှမရှိဘူး ကွ မင်းကိုကြိုချင်လွန်းလို့ တွေ့ချင်လွန်းလို့ ဖန်တီးထားတာကို သက်သာရဲ့လားမသိဘူး‌ေြခထောက်က သူငယ်ချင်းကကော ဘယ်ကသူငယ်ချင်းလဲဒီကလေးနဲ့တော့....
'ဝါးးးးပြီးပြီ ဖင်တွေညောင်းလိုက်တာ ညိုကြီးမင်းလိုက်ပို့မှာနော် မင်းမလိုက်ပို့ရင်သေမှာ' အေးပါ ယံယံ ရာ လိုက်ပို့ပါမယ်ဆိုမှ ပို့မှာပေါ့
'ပြီးတာဘဲလာသွားမယ် ငါပြန်ချင်ပြီခြေထောက်ကနာလာပြီ နားချင်ပြီ မြန်မြန်လုပ်'
မြန်မြန်လုပ်လည်းအပိုဘဲ ဒီမှာ ငါ့mother ကြီးဆီက msg သားလေးရေ ‌မေမေတို့နောက်ကျမယ် ကျူရှင်အောက်မှာစောင့်တဲ့ မေမေကတော့ သားလေးဘဲပါတယ် ဒီမှာတော့ သားလေးရဲ့ချစ်ချစ်ပါပါတော့ တူတူစောင့်တာပေါ့ နောက်မှ မေမေ့ချွေးမဆိုပြီးမိတ်ဆက်ပေးမယ် 😅😅
'‌ညိုကြီး မင်းနောက်မနေနဲ့ ငါ့ခြေထောက်နာနေပါတယ် ဆိုမှ ချီးဘဲ အဲ့တာမင်းကြောင့်ဟိုအကို နဲ့သာဆိုရင် အဆင်ပြေနေလို့ အိမ်တောင်ရောက်နေလောက်ပြီ '
ချစ်လေးက လည်း အဲ့အကိုကိုဘဲတနေတယ် ကိုကိုကဒီမှာလေကွာ
'_ီး🖕'
စကားပြောရင်းကျူရှင်အောက်ကိုဆင်းလာတဲ့အချိန် *Sky*
'ဟင်😳' 'အကို msgမရောက်ဘူးလား'
*msg ကထားလိုက် ဘယ်သူငယ်ချင်းလဲလိုက်ပို့မယ်ဆိုတာ ပြန်တော့မှာလား *
'ဟို သူ ဒီကောင် ညိုကြီး လိုက်ပို့မှာ ဒါပေမယ့် သူ့အိမ်က နည်းနည်းနောက်ကျမယ်တဲ့ အ‌ဲ့တာကြောင့်'
*စောင့်နေရမှာပေါ့ ခြေထောက်ကအနာကြီးနဲ့ မတ်တပ်ရပ်စောင့်မို့ လား အပေါ်မှာထိုင်စောင့်တာမဟုတ်ဘူး တော်တော့ အကိုနဲ့လိုက်ခဲ့ *
*ဟိုညီလေး အကိုဘဲ skyကိုလိုက်ပို့လိုက်မယ် ညီလည်းသေချာစောင့်ပြီးပြန်နော်*
*လာကားထဲဝင် ရော့ မုန့် *
(ဒီလူကြီးစိတ်ကောကောင်းရဲ့လား ခဏကကျတော့ ငါ့ကို ဆွဲခေါ်လာတာဘာမှပြောချိန်တောင်မရဘူး ခုလည်း ကားထဲဝင်တဲ့ ပြီးတော့ မုန့်ကြီးပေးပြန်ပြီ စိတ်တိုစရာများရှိလို့လား အလုပ်မှာ အရင်ကအ‌ဲ့လိုမဟုတ်ပါဘူး)
*ဘာကြည့်နေတာလဲ ကားတောင်စထွက်နေပြီ မုန့်လည်းမစားဘူး ခါးပတ်လည်းမပတ်ဘူး ဘာတွေငေးနေပြန်တာလဲ*
ပြောပြီးပြီးချင်း မီးပွိုင့်ရဲ့အကူအညီ ကြောင့် သူတို့ရဲ့ ‌မျက်နှာနှစ်ခုနီးမလိုလို ဖြစ်သွားကြတယ် အကြောင်းအရင်းကတော့ ယံ့ကို htutကိုယ်တိုင် ခါးပတ်ပတ်နေတာဘဲပေါ့ ရလဒ်ကတော့ ယံ့ရဲ့အူကြောင်ကြောင်အမူအရာလေးတွေ‌
'😳'
*နောက်တစ်ခါကားပေါ်ရောက်ရင်အရင်ခါးပတ်ပတ် ကြားလား မုန့်လည်းစားလေ ကျူရှင်က နှစ်နာရီတောင် ဗိုက်မဆာဘူး‌လား ဒါမှမဟုတ်မကြိုက်လို့လား*
'အင် ဪ ဟုတ် ပတ်ပါမယ် ဟိုဆာတယ် ဆာတယ် စားမယ် ဒါနဲ့ အကို တခုခု ဖြစ်နေတာလား ခဏကကြောက်ဖို့ကောင်းပြီး အခုကျတော့ပုံမှန်ပြန်ဖြစ်သွားသလိုဘဲ အလုပ်အဆင်မပြေလို့လား '
*သိချင်လားအကြောင်းပြချက်ကို*
'ဟိုစပ်စု‌တာတော့ မဟုတ်ပေမယ့် ပြောပြရင်တော့ သိချင်တာပေါ့'
*အိုကေ ဒါဆို မင်းလေးအရင်ဖြေ ဘာလို့အကို လိုက်ပို့မယ်လို့ပြောထားတာကို ငြင်းလိုက်တာလဲ*
'ဟင် အဲ့တာကြောင့်အကို အလုပ်အချိန်တွေကမောက်ကမတွေဖြစ်သွားတာလား ကျွန်တော်မသိလို့ပါ တောင်းပန်ပါတယ်နော်'
*ဟာ မဟုတ်ပါဘူး အရင်ဦးဆုံး ဘာဖြစ်လို့ငြင်းတာကိုဘဲသိချင်တာ အဲ့တာပြော*
'အဲ့တာက ဟိုသူငယ်ချင်း က ပြောတယ်‌ မင်းအကိုက အလုပ်နဲ့အကိုင်နဲ့တဲ့ သွားမနှောင့်ယှက်နဲ့ဆိုလို့ အဲ့တာကြောင့် အကို အလုပ်ပြီးတာနဲ့ပြန်လို့ရအောင် ကျွန်တော် ငြင်းလိုက်တာပါ'
အဲ့တာပြောပြီး အတန်အကြာ စကားသံတွေတိတ်ဆိတ်သွားလေရဲ့ ကားပေါ်က သီချင်းသံလေး တခုသာ
*ဟင်းး ရောက်ပြီ အိမ် ခဏလေး မပြောသေးဘူးဆိုပေမယ့် ရော့ကြည့်ကြည့် *
'ဟင် ဖုန်း အကို့ ဖုန်းကိုဘာလုပ်ရမှာလဲ' *ကြည့်ကြည့်*
'wallpaperကိုပြတာလား ဘယ်သူလဲဟင် အရိပ် လိုလို ဖြစ်နေတယ် မသဲကွဲဘူး '
*အဲ့တာ အကိုချစ်ရတဲ့သူ*
'ဪ ဟုတ်'
*အဲ့ချစ်ရတဲ့သူက S KY မင်းဘဲ*
'ဟူတ် ဘာ ဗျာ'
*ဟုတ်တယ် မင်းလေးကိုချစ်တာစတွေ့ကတည်းက ဖွင့်ပြောဖို့လည်း မစဉ်းစားထားဘူး ဒါပေမယ့် အခြေအနေတွေက ပြောဖို့ဖန်တီးလိုက်တော့ပြောရတာ* 'ဟို...'
*ခဏလေး ကလေး ကိုအရင်ပြောမယ် ဒီနေ့လိုမျိူးထပ်ပြီး မဖြစ်ချင်ဘူး အကိုအတွက် ကလေးက ဘယ်တော့မှအနှောင့်အယှက်မဖြစ်ဘူး အဲ့တာကြောင့်ကလေးရဲ့ အ‌ေနှာင့်အယှက် လည်း ကိုယ် မဖြစ်ချင်ဘူး ပြီးတော့ ကလေး ယုံချင်မှယံုမယ် ကလေးက အကို ပထမဆုံးချစ်ဖူးတဲ့သူ ပထမဆုံးတွယ်တာချင်တဲ့သူ အဲ့တာ အဲ့‌တာလေးတခုကို‌တော့မှတ်ပေးထားပါ ကလေးဘက်ကကြိုက်သလို ကြိုက်သလောက်စဉ်းစားလို့ရတယ် အကို ဖြစ်စေချင်တာ တစ်ခုက အကို့ကို အားနာစရာမလိုတာဘဲ အကိုကိုယ်တိုင်က ကလေးအတွက် အကုန်လုပ်ပေးချင်နေတာမို့လို့ ကလေးက လည်း ခိုင်းလို့ ရတယ် အဲ့တာပါမှတ်ထားပေး ကိုယ့်ရဲ့ဆေးကျောင်းသားလေးက မှတ်ဉာဏ်ကောင်းတယ်မလား *
'အကို အတည်ကြီးပြောနေတာပေါ့ ဒါဆို ခဏကစိတ်ဆိုးနေတာ ကျွန်တော့်ကိုပေါ့'
*စိတ်ဆိုးတာမဟုတ်ရပါဘူး စိတ်မကောင်းဖြစ်တာပါဗျာ*
'အင်းး ကျွန်တော်သွားတော့မယ် '
*ခဏနေပါဦး အကို့ကို စဉ်းစားပေးမယ်တို့ဘာတို့မပြောပေးတော့ဘူးလား ဒါမှမဟုတ်အကို့အတွက်‌ေမျှာ်လင့်ချက်မရှိတာလား*
'အဲ့ အဲ့လို မဟုတ်ပါဘူး ကျတော်က ရုတ်တရက်ကြီးဆိုတော့ လေ ကျွန်တော့်မှာအကို့ကို ဘာပြန်ပြောရမလဲမသိသေးဘူး အဲ့တာကြောင့်နားလည်ပေးနိုင်မယ်မလား'
*အင်း ဟုတ်ပါပြီ သွားတော့ အနားယူခြေထောက်ကို လည်းဂရုစိုက်ဦး* *ကိုယ်မျှော်နေမယ်နော် Goodnight*
'အင်းး'
(ကလေးရယ်ပြောမိတာမှားသွားပြီလားမသိဘူးငြင်းတော့မငြင်းလိုက်ပါနဲ့နော် ကလေးဒီမှာကြည့်ပါဦး ကို ကားမောင်းဖို့တောင်အားမရှိတော့ဘူး ကလေးကိုဖွင့်ပြောတုန်းက ဘာမှအစီအစဉ်မရှိဘဲနဲ့ပြောမိတယ့် ကိုယ့်ကိုကိုယ် မုန်းလိုက်တာကွာ အဲ့အချိန်ဖုန်းvibrationကြောင့် ဖုန်းကို ထုတ်ကြည့်မိတော့ ခဏကဝမ်းနည်းနေတဲ့စိတ်တွေနဲ့ပေါင်းပြီး မျက်ရည်တွေက ဘယ်လိုတောင်ကျလာတာလဲ )
_ဖုန်းလေးရဲ့တုန်ခါမူက htutရဲ့ ရင်ခုန်သံတွေကိုပါတုန်ခါစေခဲ့တယ် ဖြစ်တည်ရာအကြောင်းပြချက်ကတော့ ယံ့ ရဲ့ လက်က‌‌ေလးနဲ့ပို့ပြီးဖန်တီးလိုက်တဲ့ msgလေးတစ်စောင်ကြောင့်
_ပို့သူ ယံ့ တစ်ယောက်လညိး အိမ်အပေါ်ကရင် မမောင်းဘဲငြိမ်နေတဲ့ကားလေးကိုကြည့်ပြီး အပြုံးမမည်သော အပြုံးလေးဖြစ်ပေါ်လာတယ် သေချာတာက အဲ့အပြုံးလေးမှာ သွားတက်ရေးရေးလေးပေါ်နေတာဘဲ
_ထိုလူသားနှစ်ယောက်ကို ပြုံးစေ မျက်ရည်ကျစေတဲ့ msgလေးက 'စဉ်းစားပေးမယ်အကို Goodnight သေချာမောင်းသွား'

(Update တွေနောက်ကျသွားတာ ‌sryပါ berryအလုပ်တွေ ရှုပ်နေလို့ပါ berryရဲ့ ပထမဇာတ်ကောင်လေးရယ်ဒုတိယဇာတ်ကောင်လေးရယ်‌ကဖွင့်ပြောပြီးသွားပါပြီနော် တတိယဇာတ်ကောင်လေးလည်းလာပါတော့မယ် ဆက်လက်ဖတ်ပြီးအားပေးကြပါဦးနော် ✨ Thank you for reading)

My love Is SkYWhere stories live. Discover now