ဟေ့ကောင် နာရီတကြည့်ကြည့်နဲ့ဘာလုပ်
'ဟင် ဘာမှမလုပ်ပါဘူး'
အပိုတွေပြောမနေနဲ့ ယံယံ မင်းထူးဆန်းနေတယ် ဒီနေ့တနေ့လုံး
'ဘာမှမဟုတ်ပါဘူးဆိုကွာ'
ယံ နင်ရည်းစားတွေဘာတွေထားနေတာလား
'😳'
တွေ့လား ဟုတ်ပါတယ် ယံ နင်ကလေ ဘယ်တော့မှလိမ်လို့မရဘူး ပြော ဘယ်သူလဲဘယ်ကလဲ
'မဟုတ်ပါဘူးဆို..'
အဲ့လိုပြောတော့ ယံ့ကို သူငယ်ချင်းတွေအကုန်ဝိုင်းကြည့်ပါလေရော ပြောဆိုတဲ့ အကြည့်တွေနဲ့
'ဟို ငါ့ကို ဟိုအကိုကချစ်တယ်တဲ့'
'အဲ့တာကို '
ဟင် အကို ဘယ်ကအကိုလဲ မဟုတ်မှ ဟိုမော်ဒယ်လား
'အင်း'
ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ နားတောင်မလည်တော့ဘူး အေးလေ သူလိုမော်ဒယ်က ဖြစ်နိုင်ပါ့မလား ယံ
(အကုန်လုံးမယုံနိုင်ဘဲ တစ်ယောက်တစ်ပေါက်ဆီပြောနေလေရဲ့)
'ငါလည်းကြားကြား ချင်းတော့မယုံနိုင်ဘူး ဒါပေမယ့်သူက အတည်ပေါက်ကြီးပြောနေတော့ ငါလည်း ယုံလိုက်တာ' 'ဒီနေ့လည်း ငါ့ဆီက အမှတ်ရအောင်ဆို ပြီး အပို့အကြိုလုပ်ပေးမယ်တဲ့'
ဪအဲ့တာကြောင့်မင်းက ဖင်တကြွကြွနာရီကိုကြည့်ကြည့်နေတာပေါ့
'ဟာမင်းကလည်း မဟုတ်ပါဘူး ပြီးတော့ သူဒီနေ့မအားဘူး လာမကြိုနိုင်ဘူး '
ဒါဆိုလာမကြိုနိုင်လို့ စိတ်မကောင်းဖြစ်နေတာပေါ့ 'ဟေ့ရောင် မင်း'
ယံ ငါတကယ်မေးမယ် မင်းသူ့ကို တကယ်ချစ်နိုင်လို့လား သူက မိန်းကလေးမဟုတ်ဘူးနော် မင်းကလည်း မိန်းကလေးမဟုတ်ဘူး အဲ့တာကြောင့် မင်းပိုစဉ်းစားသင့်တယ် အပျော်တွဲချင်ရင်တော့ မိန်းကလေးဘဲရှာတွဲ
ပတ်ဝန်းကျင် ကို ယံ မင်းမသိသေးဘူး မင်းခံနိုင်ရည်ရှိမှာမဟုတ်ဘူး ပြီးတော့ မင်းမှာ အကိုတွေ ညီတွေနဲ့ စဉ်းစားစရာတွေအများကြီး
ယံ အချစ်ကကလေးလိုတွေးပြီး ကလေးလို လုပ်လို့ရတဲ့ ဟာမဟုတ်ဘူး
'အေးပါ ငါလည်းသိပါတယ် ငါတို့က ဒီအတိုင်း ညီအကိုတွေလိုဘဲရှိပါသေးတယ် ငါသေချာစဉ်းစားမှာပါ စိတ်မပူနဲ့နော် ဟီးး'
တွေ့လားအကောင်းပြောနေရင်ထဖောက်ပြီ
'မဖောက်ပါဘူးကွာ'
ထားတော့After class,,
Yan နင့်လူကြီးကားတွေ့ပြီလား
'မတွေ့သေးဘူး'
#ဒီကကလေး က ကောင်းကင်ယံလား # 'ဟုတ်ကဲ့ ဦးက htut လွှတ်လိုက်တဲ့ ဦးလား' #အေးဟုတ်တယ် စောင့်လိုက်ရလား ကလေး ကားတွေပိတ်နေလို့ကွယ် ဦးလည်းမြန်မြန်လာပါတယ် #
'ရပါတယ် ဒါနဲ့ htutကော အလုပ်တွေများနေတာလား'
#ဟုတ်တယ် နာရီဝက်လောက်လိုသေးတယ်ပြီးဖို့ အဲ့တာကြောင့် ဦးလာရတာ #
'ဟုတ် အဲ့တာဆိုသွားမယ်လေ ဦး'
'ဟေ့ရောင် ငါသွားပြီ သေချာပြန်ဦး'
နေဦး ငါ့ကိုလိုက်ပို့
'ဟင် မင်းအိမ်နဲ့ငါ့အိမ်နဲ့က ဆန့်ကျင်ဘက်ကြီးလေ' သိတယ်လျှာမရှည်နဲ့ ငါ့ကို hledan centerရှေ့ချပေး လမ်းမလျှောက်ချင်လို့
'ဪ ဝယ်စရာရှိလို့လား'
မရှိဘဲငါကဘာသွားလုပ်ရမှာလဲ
'အေးပါကွာ ဦးကြားတဲ့အတိုင်းဘဲ ကျွန်တော့်သူငယ်ချင်းကို အရင်ချပေးလိုက်နော်'
ကားစထွက်တဲ့အချိန်ဘဲ ဖုန်းသံတစ်သံထွက်ပေါ်လာတယ် ဖုန်းပိုင်ရှင်ကတော့ ကားdriverဦးလေးဆီက ဖုန်းခေါ်သူကတော့ အစည်းအဝေးခန်းထဲက အခုမှထွက်လာတဲ့ Htut
*Hello ဦးကြည် ကလေးကို ကြိုပြီးပြီလား ကလေးကောအတန်းပြီးပြီလား မပြီးသေးရင် ကျွန်တော်လာခဲ့မယ် ကြားလားဦးကြည် hello*
YOU ARE READING
My love Is SkY
Roman d'amourBoy love fic ပါ ဆေးကျောင်းသားလေးနဲ့ကောင်မလေးတွေကြားရေပန်းစားတဲ့မော်ဒယ်ကောင်လေးတို့ရဲ့အချစ် ၊ သူငယ်ချင်းပေါ်ဆေးကျောင်းသားလေးရဲ့ေပြာင်းလဲလာတဲအချစ် ဆိုပြီးအဓိကဇာတ်ဆောင်သုံးယောက်ပါဝင်ပါတယ် နောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလားဆိုတာ berryနဲ့အတူစီးမျောခံစာ...