သေးသေးလေးနဲ့စတွေ့ချိန် (1st day)
စာအုပ်ဆိုင်မှာ စာဖတ်နေချိန် နားထဲဆူလိုက်လို့လှမ်းကြည့်လိုက်တာ ဘာရယ် မဟုတ် အကောင်သေး လေးဗျ ချစ်စရာလေး ယောကျာ်းလေးရောဟုတ်ရဲ့လား မသိ ပုဆိုးဝတ်ထားလို့သာ ယုံရတယ် အသားလေးကဖြူတဲ့ အပြင် ပန်းရောင်ပါသန်းနေသလားလို့တောင်မှတ်ရတယ် ဟ ရီလိုက်တဲ့ပုံလေးကလည်း ချစ်ဖို့ကောင်းပြန်ပြီကွာ ဒီသေးသေးလေးက စုန်းလေးများလားပြုစားလိုက်တာ ဪ အခု ထွက်သွားပြန်ပြီသူငယ်ချင်းကို ထားသွားပြီး နှုတ်ခမ်းကလည်းစူလို့ ဘာတွေ အလိုမကျ ummm ဟိုကောင်လေးက သူ့သူငယ်ချင်းနေမှာပါ ဘာလဲ ဟာ စိတ်ထဲမှာတစ်မျိုးကြီး ဟာမတွေ့တော့ဘူး ဘယ်ပျောက်သွားတာလဲ လျင်လိုက်တာ ကောင်လေးက ဒီလောက်ကြည့်နေတာတောင် ဟူးး မင်းလေးနဲ့ ထပ်ဆုံချင်တယ် ကွာ နာမည်လေးတောင်မသိရသေးဘူး။ ဘာဘဲဖြစ်ဖြစ် စာအုပ်ဆိုင်မှာစာဖတ်တာ နေ့တိုင်း အခုမှ ပိုပျော်ဖို့ကောင်းသလိုဘဲ ဒီရင်ဘတ်ထဲကအကောင်ကလည်း ဂဏာမငြိမ်ဘူး။ ဟူးးး တော်ပြီရှုတင်ဘဲပြန်သွားရမယ် အဲ့တာမှ စိတ်ငြိမ်မှာ။
စာအုပ်သွားအပ်ဖို့ ကောင်တာကို သွားချိန်
ဘာရယ်မဟုတ် အရိပ်လေးတစ်ခု မျက်လုံးနားမှာ သေချာလှည့်ကြည့်လိုက်တော့ ဟ ကျွန်တော့်ရဲ့ အသေးလေးဘဲ ဪ သူကမပြန်သေးဘူးဘဲ စာအုပ်စင်ကြီးတွေနဲ့ကွယ်နေတာ ဟဟ အေးလေ သေးသေးလေးကို ဘာတွေဆူပုတ်နေတာပါလိမ့်။ သူကြည့်နေတဲ့နေရာကို ကိုယ်ပါလိုက်ကြည့်မိတော့ မှ စာအုပ်စင်ရဲ့ အေပါ်ဆုံးမှာ ထားထား တဲ့ စာအုပ်ကို ကြည့်နေတာများလားYan's side ,,,
'ဟေ့ကောင်ညိုကြီး ဘယ်သွားမို့လဲကွ lecture က ခုမှ first lecture နော် ခုထဲကလစ်ပြီး ဘယ်သွားမို့လဲ' '"ယံလေးကလည်းကိုကို က ဘားတွေဘာတွေ မသွားပါဘူး စိတ်ချ ဘာလို့ဆို ဘားလည်းမဖွင့်သေးဘူးလေ ဟာဟား ဂိမ်းဆိုင်ဘဲသွားမှာသဲလေး'" 'ချီးကို ယံလေး ချီးကို သဲလေးဘာလား ပုံမှန်ပြော သားကြီး' "'ဟုတ်ကဲ့ အဖေ"'
'ညိုကြီးဟေ့ကောင် မင်း' "'တော်ပါတော့ ညိုကြီး ယံယံ မင်းတို့ကလည်း ညိုကြီး မင်းလည်းစမနေနဲ့ "'.
ကျွန်တော်နဲ့ညိုကြီးက အမြဲ အဲ့လိုဘဲ ဟိုကောင်စရင်စ မစရင် ကျွန်တော် က စ ကြောင်နဲ့ကြွက်လို ဘဲ အဲ့လိုချိန်ဆို ကျန်တဲ့ ခြောက်ယောက်က ထိန်းပေးနေကျ ခုတော့ ဝင်ဆွဲတဲ့ သူက လွင်ကြီး ဒီကောင်က အအေးဆုံးအဖွဲ့ထဲမှာ ထားပါ 'ဒါနဲ့ ဟေ့ကောင်ညိုကြီးမင်းကလည်း ဂိမ်းဆိုင်ဘဲ တစ်ခါလာလည်း ငါမဆော့တတ်တာသိရဲ့သားနဲ့ အဲ့တော့ ငါက lecture လိုက်ကျန်ခဲ့ရမှာလား မတရားဘူး ဟေ့ရောင် location ချိန်းကွာ ငါလည်း လစ်ချင်တယ် '
"'နိုး နိုး အန်ကယ်ကတော့နိုးပါကွာ သဲလေးကိုငဲ့ပြီးဂိမ်းမဆော့ရတာကြာပြီ ခုတော့ သွားမှာ မရဘူးသဲလေး နောက်မှ ချော့မယ် ဟေ့ကောင်တွေမင်းတို့လည်း ပါတယ်ေလ ဘာလို့ပါးစပ်ပိတ်နေကြတာလဲ ချီးဘဲ "' အဲ့တောမှ အဖွဲ့ထဲက ဇော်ကြီး couple က ဝင်ပြောလေရဲ့ ဪ ဇော်ကြီး coupleဆိုတာတကယ် coupleမဟုတ်ဘူး နာမည်မှာ ဇော်ဆို ပြီးနှစ်ကောင်လုံးပါလို့ ဇော်ကြီး couple ဖြစ်သွားတာ "'အေးဟုတ်တယ် ယံယံ ငါတို့ ဂိမ်းသွားဆော့မို့ မင်းလိုက်ချင်လိုက်ခဲ့ ငါတို့ဆော့တာထိုင်ကြည့်လေ ပြီးတော့မင်းအတွက်မုန့်ဝယ်ပေးထားမယ် ဟုတ်ပြီလား "' ဪ ကျွန်တော်ဂိမ်းမဆော့တာဝါသနာ မပါလို့ မဟုတ် ကျွန်တော်က ဖုန်းအကြာကြီးသုံးလို့မရဘူး ဂိမိးတွေဆော့ ရင် ပို ဆိုး အဲ့တာကြောင့် ဆော့တဲ့အလေ့အကျင့် ကို ဖျက်ထားတာ အဲ့တာကို သူတို့ဆော့တာကြည့်တဲ့ ပြောတတ်တယ် ဒီကောင်တော့
'ဟေ့ကောင်မင်း ဆော့တာကိုကြည့်မယ့်အစားငါပါငါဝင်ဆော့မှာပေါ့ကွာ ချီးဘဲ သွားကြ သွားကြ မသွားခိုင်းရင်လည်း ရုပ်တွေက ၃ရက်လောက်အီးမပါရတဲ့ရုပ်တွေဖြစ်နေမှာ သွားကြ ကျက်သရေမရှိဘူး သွားသွား ဒါနဲ့ တကယ်အကုန်လား ငါ့အတွက် တစ်ယောက်လောက်တော့ မနေပေး ဘူးလား '
အဲ့တော့မှလွင်ကြီးက ငါနဲ့အတူ စာအုပ်ဆိုင်လိုက်ပေးမလားတဲ့ ငါစာအုပ်ဝယ်စရာရှိလို့ တဲ့ အင်းး မဆိုးပါဘူး အတန်းထဲမှာလည်းမနေချင်တာနဲ့အတော် ဘဲ 'အေးငါလိုက်မယ် လွင်ကြီး လာ သွားမယ် ဟိုကောင်တွေ ဂိမ်းရှုံးပါစေကွာ '
အဲ့တာကို မိုးမြင့်ဆိုတဲ့အကောင်ကကြားသွားပြီး "' ငါတို့နိုင်ရင်မင်းအတွက်မုန့်ဝယ်ခဲ့မယ် ဟေ့ရောင်'"တဲ့
အဲ့တာနဲ့ကျွန်တော် စိတ်ထဲမှာ ဒီကောင်တွေနိုင်ပါစေလို့ပြောင်းဆုတောင်းပေးလိုက်တယ် မုန့်စားချင်လို့မဟုတ်ဘူးနော် သူငယ်ချင်းတွေမို့လို့
YOU ARE READING
My love Is SkY
RomanceBoy love fic ပါ ဆေးကျောင်းသားလေးနဲ့ကောင်မလေးတွေကြားရေပန်းစားတဲ့မော်ဒယ်ကောင်လေးတို့ရဲ့အချစ် ၊ သူငယ်ချင်းပေါ်ဆေးကျောင်းသားလေးရဲ့ေပြာင်းလဲလာတဲအချစ် ဆိုပြီးအဓိကဇာတ်ဆောင်သုံးယောက်ပါဝင်ပါတယ် နောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလားဆိုတာ berryနဲ့အတူစီးမျောခံစာ...