Htutတစ်ယောက် ဒီနေ့တက်တက်ကြွကြွ နဲ့ နေရာတခုကို သွားဖို့တာဆူနေလေရဲ့အဲ့နေရာကတော့ ခန့်မှန်းစရာကိုမလိုလောက်အောင် ယံ့အိမ်ဘဲပေါ့
At yan's home,..
ယံတစ်ယောက်ပုံမှန်နေ့တွေအတိုင်း uni ကို သွားဖို့အိမ်အပြင်အထွက် ပုံမှန်မဟုတ်တာကိုစသိခဲ့တယ် အကြောင်းကတော့ အိမ်ရှေ့မှာ မတ်တပ်ရပ်ပြီးနေနေ တဲ့ ဟိုနေ့ကမှ ချစ်တယ်ဆိုပြီးဖွင့်ပြောထားတဲ့ သူ Htutဘဲပေါ့
'ဟင်အကို ဒီကိုမနက်ကြီးဘယ်လို ဖြစ်လို့ရောက်'
*ဪ ဒါကလား အကို က ဟိုနေ့က ကလေးကို ဖွင့်ပြောပြီးပြီလေ အဲ့တော့ ကလေးဆီကအချစ်တွေရဖို့ ကို ကြိုးစားရမယ်လေ အဲ့တာကြောင့် ကလေးကို အကြိုအပို့ လုပ်ပေးမို့ ဒီနေ့ကစပြီး
အရင်နေ့တွေကလည်းလုပ်ချင်ပေမယ့် တမျိုးဖြစ်နေမှာဆိုလို့ ခုကကျတော့ ကလေးလည်း အကို့ကို သုံးသပ်အမှတ်ပေးလို့ရတယ်လေ*
'အမှတ်ပေး အင်းးး ဟုတ်ပြီလေ အကိုဘက်ကအဲ့လိုဆိုတော့လည်း ကျွန်တော်က အမှတ်ပေးပြီး စဉ်းစားရမှာပေါ့'
*ဟင် ကလေးက အရင်က ဘယ်လိုစိတ်ကူးထားလို့လဲ မဟုတ်မှဒီနေ့အေဖြပြန်ပေးမို့လား အဲ့တာဆိုလည်းရတယ် ရတယ် ကလေး*
'ဘာဗျ ဒီနေ့တော့အဖြေရမလား ဒါပေမယ့်ကျွန်တော်က မိန်းကလေး မဟုတ်တော့ အကြာကြီးလည်းမစဉ်းစားချင်ဘူးအဲ့တာကြောင့် တစ်လလောက်ချစ်သူလိုမျိုးတွဲကြည့်မို့ အဆင်ပြေရင်ဆက်တွဲမယ် မပြေရင်လမ်းခွဲမယ်အဲ့လိုလုပ်ဖို့စဉ်းစားထားတာ အခုအကိုပြောတဲ့နည်းလည်းမဆိုးပါဘူး အကိုပြောတဲ့အတိုင်းဘဲလုပ်မယ်လေ'
*ဟင် ဪ အင်း ဒါဆို အကိုဘာမှမပြောရင် အကိုတို့ ချစ်သူတွေလိုနေလို့ရတယ်ပေါ့ ဒီနေ့ကစပြီး *
'အင်းလေ တစ်လ အကို့ကို အဲ့အချိန်အတွင်းအကဲခတ်ပြီး တကယ်ချစ်သွားရင် ထာဝရချစ်သူဖြစ်သွားမှာ'
*ဟူးပြောမိတာမှားပြီနဲ့တူတယ်*
'ဟားဟား ကဲလာပါဗျာ တူတူလောက်ပါဘဲ လိုက်ပို့မယ်ဆို လိုက်ပို့လေ'
*အမှတ်မပေးသေးဘူးလား ဘယ်နှမှတ်ကအပြည့်လည်း တစ်ရာလား ငါးဆယ်လား ဟင် ကလေး ပြောဦးလေ ကလေး**ကလေး အမှတ်ပြည့်က ဘယ်လောက်လဲ ဟင် ပြောဦးလေ*
'အမှတ်ကအရေးကြီးလား ကျွန်တော်ကအရေးကြီးလား'
*ဟင် ကလေးက အရေးကြီးတာပေါ့ *
'ဒါဆို ကျွန်တော်ဗိုက်ဆာနေပြီ တခုခု လုပ်လေဗျာ'
*ဟင် အိုကေ အိုကေ ဒီနားကဆိုင်မှာ စားမလား လှည်းတန်း ရောက်တော့မှစားမလား *
'လှည်းတန်း ice berryက cake or ပေါင်မုန့်တခုခု စားမယ် အဲ့တာကြောင့်မြန်မြန်မောင်း'
*အိုကေ အိုကေ*
*နောက်ဆိုမနက်စာ အိမ်မှာ မစားချင်ရင် ကို့ကို ဖုန်းဆက်လိုက်လေ ကိုအိမ်က လုပ်လာမယ် အပြင်က အစားအစာထက်ပိုကောင်းတာပေါ့မဟုတ်ဘူးလား*
'ဒါဆိုအကို က ဟင်းချက်တက်တယ်ပေါ့ '
*အရမ်းကြီးမကျွမ်းပေမယ့်သာမန်လောက်တော့ရတာပေါ့ ကိုကတစ်ယောက်ထဲေလ အဲ့တာကြောင့်လုပ်တက်အောင်နည်းနည်းပါးပါးသင်ထားတာ *
'အကူတွေပါတွေ မခေါ်ဘူးလား အလုပ်တွေလည်းရှိတာကို '
*သန့်ရှင်းရေးအတွက်တော့ တစ်ပတ်ကို နှစ်ခါလာပေးတယ် စားဖို့ကတော့ တခါတလေ မန်နေဂျာကို ဝယ်ခိုင်းတာတို့တော့ရှိတာပေါ့ အိမ်မှာ များသောအားဖြင့်တစ်ယောက်ထဲဘဲလေ အပြင်လူသိပ်မထားချင်လို့*
'ဪ အင်းး'
*ရောက်တော့မယ် ခဏလေးနော် **ကဲရောက်ပြီ ဘာဝယ်ခဲ့ရမလဲ မဆင်းနဲ့တော့လေ ကိုသွားဝယ်ပေးမယ်*
'အင်းး ဒါဆို ကျွန်တော်ကြိုက်လောက်မယ်ထင်တာဝယ်ခဲ့ မှန်ရင်အမှတ်ပေးမယ် ဘယ်လိုလဲ fighting 💪'
*Humm ကလေးကလည်း မုန့်တွေက အများကြီး ဟူးးထားလိုက်ပါတော့ အဲ့တာဆိုကားပေါ်မှာစောင့်နေနော်*
After ten mins,,
*ကလေး ရော့ ဒီမှာ*
'ဟင် ဒါတွေက '
*ကလေးကြိုက်တာ သေချာ မသိသေးလို့လေ အဲ့တာကြောင့် ရှိသမျှ တခုချင်းစီဝယ်ခဲ့တာ *
'ခင်ဗျားကြီးကတော့လေ အဲ့လောက်အများကြီးလိုမှ မလိုတာ မှားတော့လည်းဘာဖြစ်လဲ နောက်တခါ သွားဝယ်လို့ ရနေတာကို'
*မဟုတ်ဘူးလေ ကလေးရဲ့ ကလေးပြောသလိုဝယ်လို့ရပေမယ့် ကလေးကဗိုက်ဆာနေတာလေ ပြီးတော့ ကျောင်းချိန်လည်းကြည့်ရသေးတယ်မလား*
'အဲ့တာကြောင့် အကုန်လုံးနီးပါးဝယ်ခဲ့တယ်ပေါ့'
*....*
'ထားလိုက်ပါတော့ လာသွားမယ် အမှတ်ကတော့ ၅မှတ်ဘဲ ရမယ် ပေါက်ကတရလုပ်ပေမယ့် reasonက နည်းနည်းလေးအဆင်ပြေသွားတာမလို့ ငါးမှတ်ပေးတာ ' 'ကျန်တဲ့မုန့်တွေသူငယ်ချင်းတွေကိုကျွေးလိုက်မယ်ရလား'
*ရတာပေါ့ အဲ့တာအကုန်လုံးကလေးအတွက် ငါးမှတ်လည်း ကျေးဇူးပါနော်*
'အကို ဒီထဲမှာဘယ်ဟာ ကြိုက်လဲ'
*ဟင် အကို က ပေါင်မုန့်မကြိုက်ဘူး *
'ဪ '*ကလေး စားလို့ ဝရဲ့လား*
'ဝတာပေါ့ ဒီလောက်အများကြီးကို ၄:၃၀လောက်ဆင်းမှာ ၃:၃၀ထဲက ရောက်နေနော် စောင့်ရတာမကြိုက်ဘူး'
*ဟင် ၃:၃၀ဆိုကလေး ကိုအလုပ်မပြီးလောက်သေးဘူး ကိုယ့်driverကို အရင်လွှတ်ပြီးစောင့်ခိုင်းထားလိုက်မယ် ကိုပြီးတာနဲ့ ကလေးဆီလာခဲ့မယ်လေ အဲ့တာဆိုကလေးလည်းမစောင့်ရတော့ဘူး စောပြီးရင်တော့ driverနဲ့ပြန်လိုက်နော် ကိုတောင်းပန်ပါတယ် နော်*
'ဆယ်မှတ် စုစုပေါင်း ဆယ့်ငါးမှတ် '
*ဟင်*
'အချစ်နဲ့အလုပ်ကို ခွဲခြားတက်မှုလေ အကိုက ကျွန်တော့်ဆီက ဒီလိုအဖြေတောင်းနေချိန်မှာ ကျွန်တော့်အလိုကို လိုက်ချင်လိုက်လို့ရတယ်လေ အမှတ်ရအောင် ဒါကို အကိုက အလို အရမ်းမလိုက်ဘဲ အလုပ်ကို အလုပ်နဲ့တူအောင်ခွဲခြားပြီးလုပ်တဲ့အတွက် အမှတ်ပေးတာ'
*😁😁*
'ကဲကျွန်တော်သွားပြီ ပြောထားတဲ့အတိုင်းဘဲနော်'
*Yes baby*(Tdyက ဒီ fictionလေး တစ်လပြည့်တဲ့နေ့ပါ ဖတ်သူကလည်း တစ်ရာကျော်သွားပါပြီ berryပထမဆုံးfic မို့လို့ အဆင်မပြေတာလေးတွေရှိကောင်းရှိနိုင်ပါတယ် အဲ့တာကြောင့်အကြံပေးပြီး ဆက်လက်ဖတ်ပြီးအားပေးပေးပါဦးနော် berry updateလေးတွေ လည်းတက်နိုင်သမျှ မြန်အောင်လုပ်ပေးပါမယ် thank u for everything ✨)
YOU ARE READING
My love Is SkY
RomanceBoy love fic ပါ ဆေးကျောင်းသားလေးနဲ့ကောင်မလေးတွေကြားရေပန်းစားတဲ့မော်ဒယ်ကောင်လေးတို့ရဲ့အချစ် ၊ သူငယ်ချင်းပေါ်ဆေးကျောင်းသားလေးရဲ့ေပြာင်းလဲလာတဲအချစ် ဆိုပြီးအဓိကဇာတ်ဆောင်သုံးယောက်ပါဝင်ပါတယ် နောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလားဆိုတာ berryနဲ့အတူစီးမျောခံစာ...