ကျွန်တော့်နာမည်က Shine Tin Htut တစ်ဦးတည်းသား umm တစ်ဦးတည်းသား လို့ဆိုတာထက် မိဘမဲ့ဆိုပိုမှန်လိမ့်မယ် ဘယ်လိုဘဲဖြစ်ဖြစ်တစ်ဦးတည်းဘဲလေ မဟုတ်လား ငယ်ငယ်တုန်းကတော့ ဦးလေးတွေအိမ်မှာနေပြီးကျောင်းတက်တယ် ခုတော့ဘွဲ့လည်းရပြီးအလုပ်လည်းရှိနေပြီ ဆိုတော့ တစ်ယောက် တည်းဘဲနေဖြစ်တယ် အလုပ်ဆိုလို့ ကျွန်တော်က မိဘမဲ့ဆိုပေမယ့် မိဘတွေထားခဲ့တဲ့ အလုပ်တွေ ရှိတော့ အလုပ်ရလွယ်တာပေါ့ ဘွဲ့ရတာနဲ့တန်းပြီးအလုပ်ဝင်ရုံ ဘဲ ခုဆိုအလုပ်နဲ့တောင်အသားကျနေပြီ ဒါကတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့
ဝါသနာအရဆိုရင် အခု လုပ်နေတဲ့ modeling ဘဲ ကျွန်တော်ရည်မှန်းချက်ဆိုပြီး ရှိလာကတည်းက ကျွန်တော့်ရည်မှန်းချက်က professional model ဖြစ်ဖို့ဘဲ အခုလည်း အလုပ်နဲ့ပြိုင်ပြီးလုပ် နေတာ တော်တော် တောင်ခရီးရောက်နေပြီ အဲ့တာကလည်း ကျွန်တော် ဝါသနာဖြစ်တဲ့အလျောက် ရတဲ့ပွဲတိုင်းမငြင်းဘဲ လျှောက်ခဲ့တာတွေရယ် ကျွန်တော့်ရဲ့ အရပ်ကြောင့်ဆိုလည်းဖြစ်နိုင်တယ်
ကျွန်တော့် အရပ်က 6ပေ2လက်မ အရပ်ရှည်ပေမယ့်ပိန်တယ်လို့တော့ မထင်လိုက်နဲ့နော် ကျွန်တော့် body က သူ့အနေနဲ့သူတော့ ပြည့်တဲ့ထဲပါတယ် အဲတာကြောင့် ကျွန်တော် က ဝါးလုံးရိုးမ ဖြစ်ဘဲ မိန်းကလေးတိုင်း ရဲ့ရင်ထဲရောက်တဲ့ ကိုရီးယားအဆင်ပေါ့ ကျွန်တော့်အသားရေကအရမ်း မဖြူရင်တောင်ဖြူတဲ့အထဲပါတယ်လေ အဲ့တာကြောင့် ကျွန်တော့် fangirlတွေ ကတော့ Oppa ,တဲ့ သူတို့ကို ကျွန်တော်ချစ်ပါတယ် ဘာလို့ဆို ကျွန်တော့်ရဲ့အချစ်တွေကိုအခုထိ ဘယ်သူကိုမှမပေး ရသေးဘူး နှလုံးသားက ပါကင်ဆို သလိုမျိုး ပေါ့ ပေးချင်ပေမယ့် ယူမယ့်သူမှမရှိတာ ကျွန်တော့်ကို ချစ်ပေးမယ့်သူ ၊ဂရုစိုက်ပေးမယ့်သူ ၊အိမ်ပြန်ချိန်စောင့်ပေးမယ့်သူ ၊ဖျားရင်ခိုလှုံဖို့ရင်ခွင်တစ်ခု အဲ့တာတွေကျွန်တော့်အတွက်တစ်ခုမှမဖြစ်လာသေးဘူး ဒါပေမယ့် model စလုပ်တဲ့အချိန်က စပြီး ကျွန်တော့်ကို ချစ်ပေး တဲ့သူတွေ ဂရုစိုက်ပြီး အစားအစာတွေ လက်ဆောင်တွေ ပေးပို့တာ တွေ ရှိလာတယ် ပျော်တာပေါ့ဗျာ ပထမဆုံးရတဲ့လက်ဆောင်စာ ဆို မှန်ဘောင်ခတ်ပြီးသိမ်းထားတဲ့အထိ အဲ့တာကြောင့် ကျွန်တော့် fan တွေကို အရမ်း ချစ်တယ် ဒါပေမယ့်ဗျာ လူဆိုတာ ရလေလိုလေ အိုတစေတဲ့ အဲ့တာတွေကိုမတင်းတိမ်ဘဲ နွေးထွေးတဲ့ရင်ခွင်တစ်ခု၊ကျွန်တော့်အလိုရှိတိုင်း ဖက်ချင်တဲ့ ကိုယ်ထည်လေးတစ်ခု၊ အိမ် ပြန်ချိန်တိုင်း ကျွန်တော့်ကို ကြိုပေးမယ့်အရိပ်လေးတစ်ခု အဲ့တာလေးတွေလိုချင်တယ်ဗျာ အဲ့တာဆိုရင် တင်းတိမိလောက်ပြီထင်ပါတယ် ဪဒါနဲ့ အရပ်သေးသေးလေးတွေနဲ့လူစိတ်တို လေးတွေ က သိပ်ချစ်ဖို့ကောင်းတယ်နော် သေးသေးလေးရဲ့ ရင်ခွင်က နွေးမယ့်ပုံဘဲ ပြီးတော့ သေးသေးလေးရဲ့ အရိပ်ကလည်း ချစ်ဖို့ကောင်းမှာသေချာတယ် အဲ့သေးသေးလေးက ကျွန်တော့် ရဲ့ တစ်ဦးတည်းသောဖြစ်ရင် ကောင်းမယ် သူနာမည့် က ကောင်းကင်ယံ တဲ့ ဟ လူလေးကသာ သေးတာ နာမည်ကအကြီးကြီး ဟူးးး ဘာမဟုတ်တဲ့လက်တောက်လောက်လေးကြောင့်ပြုံးမိပြန်ပြီ အဲ့သေးသေးလေးက ဦးနှောက်ကြီးထဲကို ဘာဝင်လုပ် နှလုံးသားထဲတော့ မဝင်လာပါနဲ့နော် ဝင်လာရင် ပြန်ထွက်ခွင့်မရှိတော့ဘူး ချာတိတ်။ သူအခုကော စာအုပ်ဆိုင်မှာများလားးး..........
YOU ARE READING
My love Is SkY
RomanceBoy love fic ပါ ဆေးကျောင်းသားလေးနဲ့ကောင်မလေးတွေကြားရေပန်းစားတဲ့မော်ဒယ်ကောင်လေးတို့ရဲ့အချစ် ၊ သူငယ်ချင်းပေါ်ဆေးကျောင်းသားလေးရဲ့ေပြာင်းလဲလာတဲအချစ် ဆိုပြီးအဓိကဇာတ်ဆောင်သုံးယောက်ပါဝင်ပါတယ် နောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလားဆိုတာ berryနဲ့အတူစီးမျောခံစာ...