လွမ်းလိုက်တာကွာ အလုပ်လည်းမလုပ်ချင်ဘူး ဟူးးး ဖုန်းဆက်လိုက်ရင်ကောင်းမလား တော်ပါပြီ tutorialတွေရှိတယ်ပြောတာဘဲ အလုပ်တွေရှုပ်နေမှာပေါ့ ချိန်းလို့ကောင်းမယ့်အချိန်မဟုတ်သေးပါဘူး ဒါပေမယ့် လွမ်းတယ်အသေးလေးရေ ဘာမှ လည်းupdateမတင်ဘူး share postလေးတောင်မရှိဘူး တော်တော်အလုပ်များနေတယ်နဲ့တူတယ် အစားကောပုံမှန်စားရဲ့လားမသိ လူကအရင်ထဲကသေးသေးလေးကို စာတွေလုပ်နေတာဆိုတော့ အိပ်ရေးကောဝပါ့မလား ဟူး လွမ်းတယ်ကွာ မဖြစ်တော့ဘူး အသေးလေးကျောင်းကိုလိုက်သွားရမယ် အင်းး မသိလောက်ပါဘူး တွေ့သွားတော့လည်းအကောင်းပေါ့ စကားပြောရတယ် အနည်းဆုံးတော့မျက်နှာလေးသွားချောင်းပြီးကြည့်မှရတော့မယ် ဟုတ်တယ် ဒီစာရင်းတွေလုပ်ပြီးတဲ့အချိန်နဲ့ကျောင်းဆင်းတဲ့အချိန်ကွက်တိလောက်ဘဲ
After two hours,,
Doneပြီးသွားပြီ yes အခုထဲက ရင်တွေခုန်နေပြီ မင်းလေးက ကဝေလေး ကိုယ့်ရဲ့ရင်ခုန်သံတွေကိုကမောက်ကမလုပ်တဲ့ ချစ်ဖို့ကောင်းတဲ့ကဝေလေး
တွေ့ချင်ဇောနဲ့မောင်းလို့လားမသိ ရောက်တာမြန်သား လူအရိပ်အယောင်မရှိဘူးဆိုတော့ အတန်းပြီးသွားပြီလား မပြီးသေးတာလည်းဖြစ်နိုင်တာဘဲ အထဲဝင်ကြည့်ရင်ကောင်းမလား မကောင်းပါဘူး ဒီနားကဘဲ ကြည့်နေလိုက်မယ်
After 30mins,,
ကြာလိုက်တာကွာ ဘာတွေလုပ်နေတာလဲ မသိဘူးတွေ့ချင်လွန်းလို့ရူးတော့မယ် စောင့်နေသေးလားဆိုတော့ စောင့်ရတာပေါ့ ခဏလေးကတင်ဘဲ လူအုပ်တစုဖြတ်သွားတာ မပြန်လောက်သေးပါဘူး အသေးလေး ဪပြောရင်းဆိုရင်းလာပါပြီ သူဆီကို မသိမသာကားနဲ့သွားမှ
ရုပ်လေးကမအီမသာနဲ့ဘာဖြစ်နေလဲမသိ အစတော့ကြည့်ပြီးသွားဖို့ဘဲ အခုတော့ မထူးတော့ ဘူးကားဟွန်းတီးလိုက်တယ်
အဲ့အချိန် ကျတော့်ကားကိုမျက်လုံးပြူးနဲ့လိုက်ကြည့်နေလေရဲ့ ကျွန်တော်လည်းကားပေါ်ကဆင်းလာတော့ အံ့ဩသွားတဲ့ပုံစံလေးနဲ့ အကိုတဲ့
'အစ်ကို'
*Sky uni အတန်းတွေပြီးပြီလား*
'ဟုတ်အကိုကော ဘယ်လိုလုပ်ဒီရောက်'
*ဟင် ဪ အကို က အကို့သူငယ်ချင်းနဲ့ jsမှာချိန်းထားတာလေ အလုပ်နဲ့ပက်သတ်ပြီး*
'ဪ ဒါဆို အဲ့ အလုပ်ပြီးသွားပြီပေါ့ ပြန်တော့မို့လား'
*အင်းဆိုပါတော့ skyကကော အိမ်ပြန်မှာမလား အစ်ကို လိုက်ပို့ပေးမယ်လေ*
'အာာ ရပါတယ် အိမ်ပြန်လို့မရသေးဘူး ကျွန်တော်က tutionတက်ရဦးမှာ ဒီစံရိပ်ငြိမ်တင်လေ'
*ဪဟုတ်လား အဲ့တာဆို လာလေ လိုက်ပို့ပေးမယိ လမ်းလျှောက်စရာမလိုတော့ဘူးပေါ့*
'အင်းး အဲ့တာဆို အဲ့လိုလုပ်လိုက်မယ်နော်'
*ကဲ လာပါဗျ*
*ကလေး ဪ sry😁 skyဗိုက်ဆာလား တခုခုဝင်စားမလား ကျူရှင်ဆက်သင်ရမှာဆိုတော့ မုန့်စားထားမှ အားရှိမှာပေါ့ မဟုတ်ဘူးလား*
'ဟုတ်တယ် ဟုတ်တယ် ဟီး ကျွန်တော်လည်းဆာနေတာ hledan centerဘဲ ဝငိမလား '
*ရတယ်လေ ကြိုက်တဲ့ဆိုင်ပြောအဆင်ပြေတယ် ပြီးတော့ ကိုဝယ်ကျွေးမယ်*
'ဟင် ရပါတယ်ဗျ ကျွန်တော်ပါ့ကျွန်တော််ဝယ်စားလိုက်ပါ့မယ် '
*ကဲ လူကြီးကကျွေးနေတာကို ဘာမှမဖြစ်ဘူး ဒီအတိုင်းကျွေးချင်လို့ကျွေးတာမလို့ စားလိုက် ဟုတ်ပြီလား*
'အ ဘာလို့ဆံပင်ကို ဖွာပြန်တာလဲ စားဆိုစားပါ့မယ် 😕'
*ဆံပင်ကိုင်တာမကြိုက်ဘူးပေါ့ *
(ဆံပင်ကိုဖွရင်း)
'ဟာ မလုပ်ပါနဲ့ဆို ခင်ဗျားကြီးနော်'
*ဟားဟား စတာပါဗျာ စိတ်မဆိုးနဲ့ ဟုတ်ပြီလား ရောက်ပြီ ဘယ်ဆိုင်မှာစားမှာလဲ*
'ထိုင်မစားတော့ဘူးလေ အချိန်မမှီမှာစိုးလို့ city mart က ကြာဇံကြော်နဲ့ အအေးဘဲ ဝယ်လိုက်တော့မယ် "
*ဟင် လောက်လို့လား မဝဘဲနေပါဦးမယ် ကြက်ကြော်တို့ဘာတို့ကော တခုခု စားဦးလေ*
'မစားတော့ပါဘူးအဲ့တာဘဲစားတော့မယ်'
*ကဲရော့ ရပြီ ဒီမှာကြာဇံေကြာ်နဲ့ စတော်ဘယ်ရီအအေး* *ထပ်စားပါဆိုတာကို နည်းနည်းလေး*
(ဟင် ဒီကောင်လေးဘာတွေငေး ဪ ဟို ကလေးမလေးတွေ ကို ငမ်းနေတာကို ဒီကလေးတော့ မဟုတ်သေးပါဘူး မျက်လုံးတွေက 😳😂 ဪ တော့ပိုကီ စားချင်နေတာကို အဲ့တာကို မပြောဘူး သူများလက်ထဲကဟာကိုငမ်းနေတယ် ဒီကလေးနဲ့တော့ )
*သွားမယ်လာ* 'ဟုတ်'
(Yan's mind,,, ဟင်ဒီလူကြီး ဘယ်တွေသွားထွက်ပေါက်ကဒီဘက်မှာကို ဪတော့ပိုကီ ဝယ်မို့ကို)
*ရော့ ကိုင်* 'ဟင် ဪဟုတ်'
*မစားဘူးလား ဘာကြည့်နေတာလဲ ကားပေါ်မှစားချင်လည်းစား* 'ဗျာ ' *ဘာတွေဗျာနေတာလဲ စားစရာကိုကြည့်နေလို့ဝတာမှမဟုတ်တာ အဲ့တာကြောင့်စားလို့ပြောတာ* 'ဟိုကျွန်တော့်အတွက်လား' 'ဒါက' *မင်းလေးအတွက်မဟုတ်လို့ဘယ်သူ့အတွက်ဖြစ်ရမှာလဲ ဒီမှာ ကိုယ်တို့နှစ်ယောက်ဘဲရှိတာကို အရူးလေး* 'ဘာဗျ' *ဟားဟားစတာပါဗျာ လာ ကားပေါ်မှာစား * ' ဟိုရတယ် အခုသွားလည်း မစောဘူးကျူရှင်မှာစားလို့ရတယ် '
*ရပါတယ်ကွာ စောသေးရင် ဒီမှာဘဲစား airconနဲ့အေးအေးလူလူ စားရတာပေါ့ ဒီမှာဘဲစား*
'အာ ဟုတ် ' (Yan's mind,,,ကျူရှင်မှာ လည်းairconရှိပါတယ် ဒါပေမယ့်လည်း ကားပေါ်လောက်တော့ မအေးတာတော့အမှန်ဘဲ စောပါသေးတယ် ဒီမှာဘဲစားလိုက်မယ်)
(Htut's mind,, တော်သေးတာပေါ့ ကလေးကသိပ်မငြင်းလို့ မြင်ရတာမဝသေးလို့ကလေးရေ အဲ့တာကြောင့်ပါ ဖြစ်နိုင်ရင် အနားမှာဘဲ ခေါ်ထားလိုက်ချင်တယ်)
After eating ,,ကဲဒါဆိုကျူရှင်ကိုမောင်းလိုက်တော့မယ်နော် sky
'ဟုတ် အကို' *စားလို့ကောင်းရဲ့လား * 'ကောင်းတာပေါ့ တော့ပိုကီစားချင်နေတာနဲ့အတော်ဘဲ ရှဲရှဲနော် အကို ' *ရပါတယ်ကွာ ဒါနဲ့ ကျူရှင်ဘယ်အချိန်ပြီးမှာလဲ* 'ဟင် ဘာလုပ်မို့လဲ 6:30 7လောက်ပြီးတယ် ဘာဖြစ်လို့လဲဗျ' *ဘာမှမဖြစ်ပါဘူး အင်းးးဟိုဟာလေ ဪ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေလေ ဒီကိုပြန်လာယူရဦးမှာ နောက်တစ်ခေါက် အဲ့တာကြောင့်အချိန်များကိုက် မလားလို့* 'ဪ ' *အချိန်လည်းသိပ်မကွာဘူးဆိုတော့ skyကိုအိမ်ပြန်ပို့ပေးမယ်လေ ဟုတ်ပြီလား*
'ဟာရပါတယ် အကိုရဲ့ ပြန်တာကပြန်နေကျမို့အဆင်ပြေပါတယ်' *ပြေတာတွေမပြေတာတွေလုပ်မနေနဲ့ လိုက်ပို့မယ်ဆို လိုက်ခဲ့ရမှာ မဟုတ်ဘူးလား ခြေထောက်ကိုကြည့်တော့အဆင်ပြေတာလည်း မဟုတ်ဘဲနဲ့ *
'ဟင် ဘယ်လိုသိသွားတာလဲ'
*ကျောင်းဝမှာ လမ်းလျှောက်နေတုန်းက ရုပ်လေးက ဘဲတောင် အရှုံးပေးရမယ် နှုတ်ခမ်းကိုဆူပြီးမျက်နှာကြီးကမဲ့နေတာလေ * *ကျွန်တော်မျိုးက ကားပေါ်ကဆိုတော့ လှမ်းမြင်ရတယ်လေ အဲ့တာကြောင့်လှမ်းခေါ်လိုက်တာပေါ့ ဘာများဖြစ်လဲလို့ * *အဲ့တုန်းကမကြည့်လိုက်မိဘူး ခြေထောက်ကို city martထဲရောက်မှပလာစတာကပ်ထားမှန်းသတိထားမိတာ အဲ့တာကြောင့်အပြန်လိုက်ပို့ချင်တာပါဗျ ကဲဘာသိချင်သေးလဲ ပြော*
'မ မသိချင်တော့ပါဘူး ဟုတ်တယ် ခြေထောက်က စားပွဲအစွန်းနဲ့ခြစ်မိသွားတာ တော်တော်နာတယ်။ ဖိနပ်ဝတ်တဲ့နေရာမှာဆိုတော့ ဖိနပ်ကဖိတော့ ပိုနာတာ' *ဟုတ်ပါပြီဗျာ ဒါဆိုညနေလာကြိုမယ်နော် ကျူရှင်ဒီအောက်ကရင်ဘဲ စောင့် လမ်းသိပ်မလျှောက်နဲ့ ဟုတ်ပြီလား*
'ဟုတ်ကဲ့ပါဗျာ ကျွန်တော်ကလေးမဟုတ်ပါဘူး အဲ့လောက်မှာစရာမလိုပါဘူး ဗျ'
*ကဲ ဟုတ်ပါပြီကွာ* 'ဒါဆိုသွားတော့မယ် ပို့ပေးလို့ကျေးဇူးပါ လိုက်ပြန်ပို့ ပေးမှာကိုလည်းကျေးဇူးတင်ပါတယ်ဗျ'😁😁
*သွားတော့ရုပ်ပြောင်မနေဲ့ စောဆင်းဖြစ်ရင်ဖုန်းဆက်လိုက်* 'Yes sir'(Hey yo update နောက်ကျသွားလို့တကယ် sryပါ စာအရေးအသားကပုံမှန်ပါဘဲနော် စကားပြောေတွလည်းတူတူပါဘဲ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်✨🤗)
YOU ARE READING
My love Is SkY
DragosteBoy love fic ပါ ဆေးကျောင်းသားလေးနဲ့ကောင်မလေးတွေကြားရေပန်းစားတဲ့မော်ဒယ်ကောင်လေးတို့ရဲ့အချစ် ၊ သူငယ်ချင်းပေါ်ဆေးကျောင်းသားလေးရဲ့ေပြာင်းလဲလာတဲအချစ် ဆိုပြီးအဓိကဇာတ်ဆောင်သုံးယောက်ပါဝင်ပါတယ် နောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလားဆိုတာ berryနဲ့အတူစီးမျောခံစာ...