My love is SkY(Intro for love💓)

20 1 0
                                    

ဟူးးးး အလုပ်လည်းမရှိဘူး ဒီနေ့တနေကုန်အားတာဘဲ အာ ဟုတ်ပြီ အသေးလေး ဆီမှာ shopping ထွက်ရမယ် ဒါနဲ့ ဟုတ်တယ် တစ်နေ့ကို တစ်ခု ဝယ် ရမယ် အဲ့တာမှ နေ့တိုင်းမတွေ့ရရင်တောင် စကားပြောရမှာ ဟုတ်တယ် ဟုတ်တယ် အဲ့အတိုင်းလုပ်မယ် တွေးရင်းနဲ့တောင် ရင်တွေခုန်လာပြီ မင်းလေးကိုလွမ်းလိုက်တာ လူအကောင်လိုက်လေးလည်း တွေ့ချင်တယ် ဟူးးး လောဘ တွေ အဲ့တာကြောင့် မချစ်ချင်တာ မင်းလေးက ချစ်ဖို့ကောင်းလွန်းလို့ နောက်မို့ဆို မချစ်ဘဲနေမှာ ခုတော့ ငါရဲ့ cool guy image ကျပြီ ဘာဘဲ ဖြစ်ဖြစ် မင်းလေးအတွက်ဆို အဲ့ image တွေ မလိုပါဘူး မင်းလေးရဲ့ အချစ်ဘဲလိုတာ တော်ပြီတော်ပြီ စိတ်ထဲကကြည်နူးနေရုံနဲ့မပြီး ဘူး လက်တွေ့ ရအောင် အခု လှုပ်ရှားရမယ် ဘာဘဲဖြစ်ဖြစ် အသေးလေးကိုယ်တိုင် က သူ့ဆီမှာဘဲ လာမှာ ဆိုတော့ အခြေအနေက မဆိုး ဘူး Fighting ဟူးးး
*Hi ချာတိတ်*
*လိုချင်တဲ့ဟာလေး ချာတိတ်တို့ page မှာတွေ့ထားလို့ *
'ဟုတ်အစ်ကို ၊Hi😊'
'ဘယ်ဟာလေးလဲ အစ်ကို ပုံတစ်ချက်ပြကြည့်ပါလား'
( ဟိုက် ပို့ချင်ဆော်နဲ့ page. ထဲတောင်မသွားကြည့်ရသေးဘူး ဘာတွေရောင်းလဲ လည်း မသိ ခဏလေး rp အရင်ပြန်လိုက်ဦးမယ်)
*အင်း ခဏ နော် ချာတိတ် *
'ဟုတ်ရတယ် အစ်ကို'
( မြန်မြန် ဪတွေ့ပါပြီ page ကို ဟိုနေ့က ချာတိတ် invite တည်း က like and follow လုပ်ထားတာ page nameလေး က little star တဲ့ page name က အစ ချစ်ဖို့ကောင်း ချာတိတ်က ကြယ်သေးသေးလေး ဆို ကိုယ်က မင်းအတွက် ကောင်းကင်ကြီး ဖြစ်ပေးမှာ မင်းမှီခိုလို့ရတဲ့ ကောင်းကင်ကြီး ပေါ့ အသေးလေး page က clothes and shoes , accessories တွေရောင်းတာဘဲ အတော်ဘဲ ငါ့အ‌တွက်လိုတာတွေကို ဒီမှာဘဲ ဝယ်တော့မှ ဂျာကြီး ကိုလည်းပြောပြထားရမယ် အင်းး ဒီနေ့တော့ ဟုတ်ပြီ ဒီ ဟာ လေး အင်္ကျီ shirt လေး ဒါက မဆိုးဘူးငါ့အကြိုက်ထဲလည်းပါတယ် ဒါကို နှစ်ထည်လောက်ယူ‌လိုက်မယ် နောက်နေ့တွေလည်း မှာ ဦးမှာ ဆိုတော့ တစ်ထည် ကျတော့လည်း နည်းတယ် ဟုတ်တယ် နှစ်ထည် ရပြီ ရပြီ အသေးလေး‌ကိုစောင့်ခိုင်းမိပြီဘဲ စိတ်ချ နောက်ဆို ဘယ်တော့ မှ ကိုယ့်ကို မစောင့်စေရဘူး)
*ဟေ့ ချာတိတ်*
'ဟုတ် အကို'
*____ဒါလေး ချာတိတ် နှစ်ထည်*
'ဟုတ်အကို ဒါက free size ဆိုတော့ size ကတော့‌ေရွးစရာမလိုဘူး အရောင်က ငါးရောင်ပြထားတဲ့ အရောင်တွေအကုန်ရတယ် အကို ဘာ အရောင်ယူမလဲ'
(အရောင်ဟုတ်သား ဘာယူရမလဲ အမဲနဲ့ အဖြူဘဲ ယူလိုက်တော့မယ်)
*........ရိုက်နေစဉ်*
'အကို နဲ့ ဆို နက်ပြာ ‌တို့ ကျက်သွေးရောင် အနီမကျ တကျ လေးနဲ့ လိုက်မှာ အကို က ဖြူတယ်လေ '
'ဒါနဲ့ အကို ကော ဘာအရောင်ကြိုက်လဲ'
(ရင်တွေခုန်လိုက်တာ ချာတိတ်ရယ် အဲ့ လောက် မကြွယ် လည်းကိုက ကြွေပြီး သား ပါ ဟူး ဒီကလေးနဲ့ တော့ customer တိုင်း ကို အဲ့ လို recommend ပေးတာလား မကြိုက်ပါဘူး အဲ့ လို ဆိုရင်တော့ ဒီ‌ကလေးနဲ့တော့ မလွယ်ဘူး ဘာဘဲဖြစ်ဖြစ်ပါ ...)
*အင်းချာတိတ် အဲ့ဒီအရောင်လေးတွေဘဲ ယူလိုက်မယ် *
*အကိုလည်း အဲ့ အရောင်တွေကြိုက်တယ်လေ*
'ဟုတ်အကို 🤗😊😸'
*ချာတိတ်*
'ဟုတ်'
*ဟိုဘယ်လို ပို့မှာလဲအိမ်လိပ်စာပေးရမလား ဒါမှမဟုတ်*
'အပြင်မှာတွေ့ကြမယ်လေအကို ' 'ဟို အကို က အလုပ်တွေ ရှုပ်ရင်လည်း ကျွန်တော် အိမ်ဘဲပို့ပေးမယ်လေ '
(ဟိ ဝင်လာပြီ ဂွင်ထဲတော့ တွေ့မှာပေါ့အပြင်မှာ ဘဲ ဟူးး ဒီစကားမပြော‌ေလာက်ဘူးထင်လို့ ကျေးဇူးချာတိတ်ရေ)
*အကို ကရပါတယ် အပြင်မှာတွေ့ကြမယ်လေ အကို မုန့်ဝယ်ကျွေးမယ် ဘယ်နေ့လောက်လဲ ချာတိတ်‌ေပြာလေ*
'ဟိုအကို နှစ်ပတ်တော့ စောင့်ရမှာ အထည်က ဟီး မုန့်ဝယ်ကျွေးတာက မနက်ဖြန်လည်းရတယ် နော် '
'ဒီတိုင်းပြောပြတာနော် စားချင်လို့မဟုတ်ဘူး'
*ဟားဟား ဟုတ်ပါပြီ*
*အကို ကလည်းကျွေး ချင်လို့ ကျွေးတာမဟုတ်ပါဘူး ဒီတိုင်း*
*😅😅*
'🤨😒😕' ' အဲ့တာဘာသဘောလဲ လူကိုအငယ်ဆိုပြီး အနိုင်ကျင့်တာလား လူကြီး'
(ဟာာ ‌အသေးလေးကတော့ကွာ လူကြီးတဲ့ ရူးတော့မှာဘဲ ဖြစ်နေတဲ့ရုပ်လေးက emojiလေးတွေနဲ့ တူနေမှာ အ‌သေအ‌ချာပါဘဲ အဲ့လူကြီးခေါ်သံလေးကို အပြင်မှာပါ ကြားချင်တယ်အသေးလေးရာ)
*🤪🤪*
'😤😤'
*ဟာ စိတ်တော့ မဆိုးလိုက်ပါနဲ့ ကလေးရာ ကိုယ်က စတာပါ ကျွေးမှာပေါ့ မနက်ဖြန် Ok??😚*
(ဟိုက်အရှိန်တွေ လွန်ကုန်ပြီ စိတ်ထဲ ကအတိုင်းအကုန်‌ေရး မိလိုက်တယ် ကလေးကလည်းဖတ်တာ မြန်လိုက်တာ)
'အိုကေ not ok'
*ဟင် ဘာကြီးလဲ *
'အိုကေ က မုန့်ကျွေးတာ ကိုပြောတာ'
*Not ok ကကော*
' အဲ့တာက ကျွန်တော်က ကလေးမဟုတ်ဘူး ကလေးလို့မခေါ်နဲ့' *ဟုတ်ပါပြီ ချာတိတ်ရာ မခေါ်ဘူး ကလေးကလူကြီး လုပ်ချင်တက်တယ်ဆိုတာအမှန်ဘဲကို*
'ချာတိတ်လို့လည်း မခေါ်နဲ့ 😕'
*ဟာ ဒါ‌ဆိုဘယ်လိုခေါ်ရမှာလဲ*
'ယံယံ လို့ ခေါ်ချင်ခေါ်လေ အိမ်မှာ အဲ့လိုခေါ်တာ ယံလေး လို့လည်း ခေါ်တယ် သူငယ်ချင်းတွေက'
*မခေါ်ချင်ပါဘူး*
'😐😐'
*ကောင်းကင်ယံ မလား ချာတိတ် နာမည်က*
'Yes sir'
*ပြောင်မနေနဲ့ ကလေးမဟုတ်ဘူးဆိုပြီးတော့ ဒါဆို skyလို့ ခေါ်မယ်လေ *
*ဘယ်လိုလဲ *
'အင်းးး မဆိုးပါဘူး ခေါ်ကြည့်ပေါ့'
*အိုကေ sky အဲ့တာဆို ကိုယ်ရှုတင်က 3:30 ညနေလောက်ဆိုပြီးပြီ 4:00 လောက် ကိုယ်လာခေါ်မယ်လေ အဆင်သင့်လုပ်ထားလိုက်*
'ဟင် လာခေါ်မို့လား ရပါတယ်ဗျ ကျွန်တော် ပါရင်ကျတော် လာမယ်လေ ဆိုင်သာပြောလိုက်'
*နေပါဗျာ အစ်ကို ဘဲ လာခေါ်မယ်ဟုတ်ပြီလား*
'ဟုတ် ကျေးဇူးပါ နော် 😁 '
*ရပါတယ်ကွာ*
'ဒါဆို အကို ကျွန်တော် outတော့မယ်နော် မေမေခေါ်နေလို့'
*အေး အေး Bye see u Tom*
'see u bro'
ဟူးးး ဒီနေ့တော့ အများကြီး chatနိုင်သွားပြီ မနက်ဖြန်အတွက်အားမွေးထားရမယ် ပြီးတော့ အဝတ်အစားဟုတ်တယ် ချာတိတ်ကြိုက်တဲ့ အရောင်လေးတွေ ရွေးဝတ်ရမယ် အဲ့တာမှ ချာတိတ် ကြိုက်မှာ ရင်တွေခုန်လိုက်တာ first date လည်းမဟုတ်ဘဲ နဲ့ first date ဆို ရူးနိုင်တယ်ကလေးရေ .....Tom အတွက် Shine Tin Htut Fighting 👍

(Viewer လေးတွေနည်းနည်းစီတိုးလာလို့ အသစ် update လိုက်ပါတယ် ကြိုးစားပြီးလည်းရေးထားပါတယ်နော် fb or vote လေးတော့လိုချင်မိတယ် တက်နိုင်ရင်ပေးခဲ့ပေးပါနော် ‌မပေးလည်း ဖတ်ပေးတာနဲ့တင်ကျေးဇူးအများကြီးတင်ပါတယ်🤗
ဒီအပိုင်းမှာ chat msg. တွေများပါတယ်နော်
Yan's line= '.......'
Htut's line= *.....*
အဲ့လိုလည်းရေးထားပါတယ် (....)ဒါလေးက တော့ Htut's mind တွေရေးတာများပါတယ် ဒီအပိုင်းမှာ ဟုတ်ကဲ့ ဖတ်ပြီးဝေဖန်ပေးကြပါဦးနော်)

My love Is SkYWhere stories live. Discover now