အန်းဇီယန်ယုန်ကလေးကိုပွေ့ချီပြီး.
အရှင်ရှိရာနေရာသို့ထွက်ခဲ့သည်။အစေခံမလေးရဲ့ပြောပြချက်အရအရှင်ဟာ
သူ့ကိုလာကြည့်တာဖြစ်ပြီးမင်္ဂလာကိစ္စ.
လာပြောတာလို့သိရတယ်။အရှေ့ဦးယျာဉ်တော်သို့ရောက်သောအခါ....
ဆွတ်ဆွတ်ဖြူ နေသောဝတ်ရုံနဲ့နဖူးစည်းအဖြူ....
ရောင်လေးနဲ့ပနံသင့်နေပြီးပန်းတွေကိုရှုစား....
နေသောအရှင့်ကိုတွေ့ရသည်....ဇီယန်ချက်ချင်းပင်အပြုံးလေးတစ်ခုကိုချိတ်....
ဆွဲကာအရှင့်နားသို့သွားသည်...." ဂါဝရပြုပါတယ်အရှင် ကျွန်မကအန်းဇီယန်ပါ "
" ထိုင်ပါဦး "
အရှင့်ရဲ့ရုပ်ရည်ဟာဝမ်ယွဲ့တိုင်းပြည်တွင်
အချောဆုံးဖြစ်သည်။အခုလိုမျိုးလာကြည့်တာဟာ
သူ့ကိုဂရုစိုက်နေတာဆိုသောအပြုံးလေးနဲ့အရှင့်ရဲ့
အနားကိုဖြေးညှင်းစွာသွားလိုက်သည်။အနီးကပ်မြင်နေရသောအရှင့်ရဲ့အသွင်အပြင်ကို
ကြည့်ပြီးတော့အန်းဇီယန်ရဲ့နှလုံးသားလေးဟာ
တဒိတ်ဒိတ်နဲ့တုန်ခါနေသည် ။" ကိုယ်တော်ပြောစရာရှိလို့လာခဲ့တာပါ....
ကိုယ်တော်အခုလက်ထပ်ပွဲကိုလက်ခံတယ်ဆို
တာကကိုယ်တော့်ဆန္ဒမပါဘူး အမတ်တွေရဲ့
တိုက်တွန်းမှုကြောင့်ပဲ အဲ့တာမို့လို့မိဖုရားငယ်
နေရာကလွဲပြီးဘာကိုမှမမျော်လင့်ပါနဲ့ "အရှင့်ရဲ့စကားဆုံးသောအခါဇီယန်ရဲ့စိတ်ထဲနာကျင်
သွားပြီးဒေါသထွက်ကာလက်ထဲတွင်ပွေ့ထားသော
ယုန်ကိုအားနဲ့ဖျစ်ညှစ်ကာဒေါသစိတ်ကိုဖြေဖျောက်
လိုက်ရသည်။( အ့... !! နာတယ်ဟစောက်ကောင်မရဲ့သူပြော
တာလေငါ့ကိုညှစ်မယ့်အစားသူ့ရဲ့ငယ်ပါကိုသွား
ညှစ်ပါလား...အိုက်ယိုး...)အန်းဇီယန်ရဲ့လက်ကမျင်းမှုကြောင့်သူ့ရဲ့နူးညံ့တဲ့
အသားလေးတွေနာကျင်သွားပြီးလက်ထဲကနေရုန်းကာတစ်ဖက်ကဝတ်ရုံအဖြူ ဝတ်ထားပြီးအရှင်ဆို
သောသူရဲ့ပေါင်ပေါ်ခုန်တက်လိုက်သည်။( ဘာအနံ့လဲမွှေးတယ်ဟ )
နှာခေါင်းနီရဲရဲလေးနဲ့တရှုံရှုံအနမ်းခံနေသော
ယုန်လေးကိုကြည့်ကာရိပေါ်အသဲယားသွား
သောပြုံးလိုက်မိသည် ။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "