24Year.....2021.......
Xiao An Hostipal.......
Patient name.... Xiao Zhan
Diagonis. ..... Car Accident.....
ဆိုသောအခန်းဝတွင်ချိတ်ထားသောကဒ်ပြား
လေးရှိနေသည်မှာအချိန်အတော်ကြာရှိနေသည်။သို့သော်လဲလူနာဝတ်ဆုံနဲ့ကောင်လေးမှာမူ
အိပ်မောကျနေသည့်အလားနှစ်ခြိုက်စွာအိပ်
စက်နေသည်။ဘေးနားတွင်တော့တန်ဖိုးကြီးလှသောအဝတ်
အစားများကိုဝတ်ဆင်ထားသောအမျိုးသမီးတစ်
ဦးက ခုံတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်ပြ
နေသည်။တန်ဖိုးကြီးမားသောပစ္စည်းများကြောင့်တမူ
ထူးခြားပြီးလှပနေသော်လဲသူ့ရဲ့မျက်နှာထက်တွင်
တော့စိတ်မချမ်းမြေ့ခြင်းများ နောင်တတရားများကို.
ခံစားနေရသည့်အလား။" ကောင်လေးကပြောတယ်သူငွေတွေမလိုချင်ပါ
ဘူးတဲ့ အမေနဲ့အဖေဆီကပွေ့ဖက်ခွင့်လေးပဲလို
ချင်တာတဲ့ ကောင်လေးကအဲ့လိုပြောတော့သူ့ရဲ့
မေမေနဲ့ဖေဖေက ရီပြီးအပြင်ကိုအသီးသီးထွက်
သွားကြတယ် ဧည့်ခန်းအလယ်မှာကောင်လေး
တစ်ယောက်ထဲပဲကျန်နေခဲ့တယ်တဲ့ "" တီ....တီ....တီ....တီ..."
ရှောင်ဟွားစာအုပ်ဖတ်ပြနေတုံးနှလုံးခုန်စက်ကနေ
တတီတီမည်လာပြီးအောက်ဆီဂျင်တပ်ထားသော
နှာခေါင်းစည်းတွင်သွေးများလျှံကြလာသည်။ရှောင်ဟွားချက်ချင်းပင်အရေးပေါ်ခလုတ်ကို
နှိပ်လိုက်တဲ့အခါ doctor နဲ့ nurse မတွေ
ချက်ချင်းပင်ရောက်လာပြီး သားငယ်ကို
ခွဲခန်းထဲခေါ်သွားကြသည်။" ဆ...ဆရာ...သား..သား...အခြေအနေဘယ်လို
ရှိလဲ ""လူနာကအရမ်းပင်ပန်းနေပြီထင်တယ် ကြည့်ရတာ
သူဒီနှစ်ကိုတောင်ကျော်နိုင်ပါ့မလားပဲ သူဋ္ဌေးက
တော်တို့စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်ထားတာက
အကောင်းဆုံးဖြစ်ပါလိမ့်မယ် "ဆရာဝန်ရဲ့စကားအဆုံးရှောင်ဟွားကြမ်းပြင်ပေါ်
သို့ဒူးထောက်လျက်သားကျသွားပြီးအသံတိတ်မျက်
ရည်ကျနေမိသည်။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "