19
ညနေစောင်းရောက်သောအခါ အန်းဇီယန်မိမိ
ကိုယ်ကိုသန့်စင်ပြီးအနည်းငယ်အမြင်ရိုင်းစေမဲ့
ဝတ်စုံကိုဝတ်ထားလိုက်သည်။ဒီညတွင်သူဟာအရှင့်ကိုအပီအပြင်ဖမ်းစားပြီး
နန်းသွေးကိုရအောင်ယူရမည် ။အကယ်လို့ဒီညမှာမရခဲ့ရင်လဲသူ့အတွက်ကိစ္စ
မရှိပေအရင်တစ်ခါအရှင်နဲ့ဖြစ်ထားတဲ့အတွက်
အရှင်မဟုတ်တဲ့တစ်ယောက်နဲ့အတူနေပြီး
ရင်သွေးရအောင်ယူလိုက်လဲဘယ်သူကမှသိမည်
မဟုတ်ပေ။ခဏအကြာသူကြည့်မရသောမိဖုရားခေါင်က
အခန်းထဲရောက်လာကာသူ့ကိုခေါ်ဆောင်ပြီး
နဂါးနန်းဆောင်ကိုလိုက်ပို့သည်။" ဒီအထိပဲလိုက်ပို့တော့မယ်နော် တာ့တာ ကောင်း
သောညဖြစ်ပြီး အိမ်မက်လှလှမက်ပါစေ "" ဟုတ်ကဲ့မိဖုရားမယ်မယ် "
( အိမ်မက်လှလှမက်ချင်ပေမဲ့ဒီညအိပ်ခွင့်တောင်မ
ရှိမှာစိုးရိမ်တယ် မိဖုရားမယ်မယ် )( ကောင်းသောညပါမျောက်မိဖုရားရေအိပ်ဆေးပမာ
ဏကပျင်းလွန်းလို့မိုးလင်းရင်တောင်နင်သိလိုက်
မှာမဟုတ်ဘူး )" အရှင့်ကိုဂါဝရပြုပါတယ် "
" ထိုင်ပါ စားရအောင် "
လိုတာထက်ပိုကာဖော်ပြထားတဲ့ဟာတွေကြောင့်
ရိပေါ်စိတ်အိုက်လာရသည်။အန်းဖေး ဝတ်ထားသောအနီရောင်သည်တစ်
ယောက်သောသူဝတ်ထားတဲ့အနီရောင်လောက်
ကြည့်မကောင်းပေ။အန်းဖေပြုံးနေသောအပြုံးသည်တစ်ယောက်သော
သူရဲ့ယုတ်မာတတ်တဲ့အပြုံးလေးကိုမမှီပေ။ဖြူ ဖွေးပြီးကမဋ္ဌာန်းရုပ်ထွက်အောင်လူးထားတဲ့.
မျက်နှာချေ ( မိတ်ကပ် ) တွေသည် တစ်ယောက်
သောသူရဲ့အိပ်ရာထခါစမျက်နှာမသစ်ရသေးတာ
လောက်တောင်မလှပေ။အဖုအဖောင်းတွေရှိသောအန်းဖေးသည်ဘာမှ
မရှိပဲသေးသွယ်သောခါးလေးသာရှိသော.
သူလောက်ချစ်ဖို့မကောင်းပေ။( အင်း....ဒီပုံစံနဲ့ဒီညကိုဘယ်လိုဖြတ်သန်းရမလဲ)
အစားအသောက်တွေစားနေရင်းနဲ့ပင်တချက်
တချက်ငိုက်ကြသွားသောအန်းဖေးကြောင့်
ရိပေါ် စိတ်သက်သာရာရသွားသည်.။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "