37+38
ဒီနေ့အရှင်ကအကုန်လုံးကိုခေါ်ကာပျော်ပွဲရွှင်ပွဲအ
ကြီးလုပ်ပေးဖို့အစီအစဉ်ရှိတယ်ဆိုသောကြောင့်ဆုရီ
နန်းဆောင်ကနေခုန်ဆွခုန်ဆွနဲ့ထွက်လာသည် ။ဟိုမြေခွေးကောင်ဟုန်လီကနန်းတော်ရောက်ရောက်
ချင်းပင် အန်းဇီယန် နဲ့ပြသနာတက်လို့နန်းရင်ပြင်မှာ
ဒူးထောက်နေရသည် ။အန်းဇီယန်ကတော့ကလေးနဲ့မို့လို့ သက်သက်သာ
သာပင်နေနေရသည် ။" ဘုတ်... "
" အင့်... !! "
ရှေ့နောက်မကြည့်ပဲသွားတဲ့ရလဒ်ကတော့မာကျော
လှတဲ့အရာနဲ့နဖူးနဲ့တိုက်မိခြင်းပင် ။လူကအနောက်ကိုဖင်ထိုင်ရက်လဲကျသွားသော
ကြောင့်ချက်ချင်းပြန်ထကာ ဝတ်ရုံကိုခါလိုက်ပြီးသူ
တိုက်မိတဲ့အရာကိုမော့ကြည့်လိုက်တော့...." ဝါး....ဘုရားကယ်ပါ "
သံချပ်ကာဝတ်စုံအပြည့်ကိုဝတ်ထားပြီးဆံပင်တွေအကုန်လုံးကိုအပြောင်သိမ်းကာအပေါ်တွင်စုပြီးစည်း
ထားသည် ။မျက်လုံးတစ်ဖက်ကိုငွေနဲ့ပြုလုပ်ထားသောဇာမဏီပုံ
စံမျက်နှာဖုံးတစ်ခုတပ်ဆင်ထားသည် ။ဖုဖောင်းနေသောရင်ဘက်ကိုအကြည့်ရောက်လိုက်
သောအခါ ဆုရီရဲ့မျက်လုံးတွေအရောင်လက်သွား
သည် ။( ဘာလဲ မိန်းကလေးလားဟ )
" မင်းသမီးတစ်နေရာရာကိုများထိခိုက်သွားသေး
လား "နူးညံသော်လဲမာထန်နေသောအသံကြောင့်ဆုရီရဲ့နှ
လုံးသားလေးအနည်းငယ်လှုပ်ရှားသွားသလို...." အာ...ရ..ရတယ်ကိစ္စမရှိဘူး "
မိန်းမတန်ပေမဲ့ ရှည်လျားသောအရပ်ကြီးကြောင့်ဆုရီ
ခမျာခေါင်းမော့ကာခြေဖျားထောက်ပြီးတစ်ဖက်ကသူ
ကိုကြည့်နေရသည်။ထိုမိန်းကလေးရဲ့ရင်ဘက်ကိုကြည့်လိုက်မိမိရင်
ဘက်ကိုပြန်ငုံ့ကြည့်လိုက်နဲ့ဆုရီနှုတ်ခမ်းလေးဆူမိ
သွားသည် ။( သူကျတော့အကြီးကြီးပဲ ငါကျတော့နန်းတော်က
လမ်းမကြီးကျနေရော...ဟွန့်..)
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "