28
ညနေခင်းရောက်သောအခါ တောတွင်းနေရာ
တစ်ခုသို့ရိပေါ်တို့ရောက်လာကြသည်။မြင်းလှည်းထဲတွင် စုန့်ဆုရီနဲ့ရှောင်းကျန့်က.
ခေါင်းချင်းဆိုင်ကာအိပ်ပျော်နေပြီး
ရိပေါ်ကတော့စာအုပ်ဖတ်နေသည်။သစ်ပင်အပင်ကြီးတစ်ပင်အောက်ရောက်သော
အခါ စာနဲ့ရေးကာမြင်းလှည်းသမားကိုပြပြီး
လှည်းကိုရပ်ခိုင်းလိုက်သည်။" ဟောက်ရွှမ်း ဆုန့်စုရီကိုဒီနားကရွာတစ်ရွာကို
ခေါ်သွား မနက်မိုးလင်းမှမင်းတို့ဒီကိုပြန်လာခဲ့
ကြားလား "" ဟုတ်ကဲ့အရှင် "
အိပ်ပျော်နေသောစုန့်ဆုရီကိုဟောက်ရွှမ်းပွေ့ကာ
မြင်းပေါ်တင်ပြီးထွက်သွားလေသည်.။မြင်းလှည်ဆရာကိုလဲခပ်လှမ်းလှမ်းတွင်နေခိုင်း
ကာမြင်းလှည်းကဘာကြီးပဲဖြစ်နေပါစေအနားကို
မလာနဲ့လို့စာနဲ့ရေးပြီးမှာရသည်။________________________
ရှောင်းကျန့်နိုးလာတော့တစ်ကိုယ်လုံးကိုတစ်
စုံတစ်ခုကတင်းကျပ်စွာစည်းနှောင်ထားပြီး
လက်နှစ်ဖက်ကအပေါ်ကိုမြှောက်ကာတစ်ဖက်
စီတွင်ချည်းထားရသလိုခံစားရသည်။အဲ့တာအပြင် ခြေထောက်တွေကိုလဲ တစ်ဖက်စီ
တွင်ချည်နှောင်ထားသလိုခံစားရသောကြောင့်
သူလန့်သွားသည်။ဘုရားဘုရားငါတို့ဓားပြတွေလက်ထဲပြန်ပေးဆွဲ
ခံရတာလားဘယ်လောက်တောင်အိပ်ပျော်သွား
လို့ငါဘာမှမသိခဲ့တာလား ။" နိုးရင်လဲထတော့လေ အချစ်ရဲ့ အချိန်တွေပုပ်
ကုန်တော့မှာပဲ"စိတ်ထဲအလွန်တရာကိုမှရင်းနှီးတဲ့အသံကိုကြား
လိုက်တော့ရှောင်းကျန့်မျက်လုံးတွေကိုအလျင်
အမြန်ဖွင့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်း
ကြောင့်မေးရိုးကြီးအောက်ပြုတ်ကျသွားသည်။အရူးဘုရင်ကဘာအင်္ကျီမှမဝတ်ပဲကိုယ်လုံးတီး
နဲ့မြင်းလှည်းနံရံကိုမှီကာဒူးတစ်ဖက်ထောင်ပြီး
သူ့ကိုစူးရဲစွာစိုက်ကြည့်နေသည်။" ဂလု "
သူ့ကိုယ် ကိုယ် ပြန်ကြည့်တော့လဲ လက်ကိုမြင်း
လှည်းအမိုးရဲ့တစ်ဖက်စီတွင်သံကွင်းနဲ့အချည်ခံ
ထားရပြီးခြေထောက်မှာလဲထိုနည်းအတိုင်းပင်။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "