41+42
" မင်းသမီးလေး ကျွန်တော်မင်းသမီးလေးဆီက
အကူအညီတစ်ချို့လိုချင်လို့ "လည်ပင်းကိုမီးပွင့်မတပ်ပွတ်ကာ ရှက်နေတဲ့ပုံစံ
လေးနဲ့ပြောလာသောဟောက်ရွှမ်းကြောင့်ဆုရီ
မျက်လုံးလေးပြူးသွားသည် ။ဆုရီလဲဆရာမကြီးပုံစံနဲ့ ရေနွေးကိုသောက်ကာဒူး
ချိတ်ပြီးထိုင်နေသည် ။" အဟမ်း...ပြောလေ တတ်နို်င်တာရှိရင်ကူညီပေး
ရမှာပေါ့ "" အဟီး .ကျွန်တော်လေ မင်းသမီးရဲ့အစ်ကိုကို
သဘောကျလို့ အဟိ..."အင်္ကျီစကိုပွတ်ချေကာခန္ဓာကိုယ်ကိုရမ်းခါနေသော
ဟောက်ရွှမ်းကိုကြည့်ပြီးမျက်စိနောက်လာသည် ။" အိုက်ယား...ငြိမ်ငြိမ်နေစမ်းပါ ကိုယ်ရံတော်
ဟောက်ရွှမ်းရယ် ကျွန်မကူညီ ပေးပါ့မယ်ညကျရင်
သာ အစ်ကိုတော်ကိုဥယျာဉ်ဘက်ကိုသာ ခေါ်လာ
ခဲ့ "" ကျေးဇူးတင်ပါတယ် မင်းသမီးဆုရီ "
နွားပြာကြီးကောက်ရိုးစားရသလိုမျက်နှာဘေးနဲ့
ဟောက်ရွှမ်းကထိုနေရာကနေထွက်သွားသည် ။" ဟိုပိစိ ဒီကိုခဏ..."
ဘေးနားမှာရပ်နေတဲ့ အပျို တော်တစ်ယောက်ကို
ခေါ်ကာရှုံအိတ်ထဲက သူဖုန်းစားလုပ်တုံးကရခဲ့တဲ့
ငွေတချို့ကိုပေးလိုက်သည် ။" သွားဈေးထဲမှာ မြွေအရှင်နဲ့တူတဲ့အရုပ်နှစ်ခုသွား
ဝယ်ခဲ့ ရုတ်တရက်ကြည့်ရင်မြွေနဲ့တူတဲ့ဟာနော်"" ဟုတ်ကဲ့ မင်းသမီး "
" သွားမြန်မြန်သွားမြန်မြန်လာ "
အစေခံမလေးထွက်သွားတော့မှခုံပေါ်ကနေထခုန်
ကာ...." အဟေးအဟေး...ငါ့အကိုယောကျာ်းရတော့မယ်
ငါ့အကိုယောကျာ်းရတော့မယ် အဟိ..."" ကလေး...ပြုတ်ကျမယ်လေ "
စုန့်ဆုရီရဲ့နေသာပြီးပျော်ရွှင်ဖို့ကောင်းတဲ့နေ့ရက်
လေးတွေဟာ လျန့်နီစန်းရဲ့ကလေးဆိုတဲ့ခေါ်သံကြီး
အောက်မှာကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရ
သည် ။__________________________
" လာ အချစ်..ဖြေးဖြေးလျှောက် "
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "