22
" မယ်တော် "
" ဖန်းအာ..."
စွတ်စွတ်ဖြူ နေသောဝတ်ရုံကိုဝတ်ဆင်ပြီး
မယ်တော်ကြီးရဲ့ရင်ခွင်ထဲကိုဝင်ကာကလေး
တစ်ယောက်လိုချွဲနေတဲ့သူကိုကြည့်ပြီး
ရှောင်းကျန့်အံ့သြသွားသည်။တကယ်တော့သူ့ဘဝတွင်အမေဖြစ်သူနဲ့ဘယ်
တော့မှလက်ပွန်းတတီးမနေခဲ့သောကြောင့်
ဖြစ်သည်။မယ်တော်ကြီးနဲ့ထိုသူကိုကြည့်လိုက်တော့.
မွေးထားပေးတဲ့အမေကိုသတိရသွားသည်။အခုဆိုရင်သူတို့ငိုနေကြမလား ဒါမှမဟုတ်.
ငါ့ဈာပနာကိုမလာနိုင်လောက်အောင်အလုပ်များ
နေကြသလားငါသေတာကိုရောသိကြရဲ့လားဆိုသောတစ်ခါမှ
မတွေးဖူးသောအတွေးများဝင်လာသည်။" ဟုတ်သားပဲမိတ်ဆက်ပေးရမယ် ဖန်းလီ ဒါကငါ့
ရဲ့မိဖုရားခေါင် ရှောင်ရှောင်းကျန့်လို့ခေါ်တယ်
အချစ် ဒါကကိုယ့်ရဲ့ညီတော် ဝမ်ဖန်းလီ "အမေ့အကြောင်းတွေးကာဝမ်းနည်းနေတုံး
အချစ်ဆိုတဲ့စကားကြီးကနားထဲကန့်လန့်ကြီး
ဝင်လာသောကြောင့်ရှိသမျအမွှေးတွေအကုန်
ထောင်သွားသည်။ဖန်းလီအစ်ကိုတော်ရဲ့မိဖုရားကိုကြည့်လိုက်တော့
ဈေးထဲမှာတုတ်တိုးချိုချဉ်စားနေသောဟိုချစ်စရာ
ကောင်လေးဖြစ်သည်.။အစ်ကိုတော်ရဲ့မိဖုရားဟုကြားလိုက်ရသော
အခါနာကျင်နေတဲ့နှလုံးသားကိုမျက်ကွယ်ပြူပြီး
တရိုတသေပဲနှုတ်ဆက်လို်က်သည်။" တွေ့ရတာဝမ်းသာပါတယ် မရီး "
( wait what...အား... !! စိတ်တိုတယ် ငါက
ယောကျာ်းလေးလေ ချီးကိုမရီးလား ငါ့ရဲ့မွေးစား
အစ်ကိုနဲ့ပေးစားပြီးမင်းကိုလဲမရီးလို့ပြန်ခေါ်ပစ်
မယ် )" အင်း...တွေ့ရတာဝမ်းသာပါတယ် မတ်လေး "
" ဟောက်ရွှမ်း....ဒီနားကိုခဏ "
ရိပေါ်ဟောက်ရွှမ်းနားကိုကပ်ကာတစ်ခုခုပြော.
လိုက်ပြီးရှောင်းကျန့်ကိုကြည့်ကာနှုတ်ခမ်းလေး
တွန့်သွားရုံသာပြုံးလိုက်သည်။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "