39+40
Bunny 39
တကိုယ်လုံးကပေါ့ပါးနေပြီးသူ့အရမ်းကိုလွတ်လပ်
နေသလိုခံစားရတယ်။အဲ့တာအပြင်ကိုသူအခုရောက်နေတဲ့နေရာကဘာ
သံမှမကြားရပဲအရမ်းကိုတိတ်ဆိတ်လွန်းတယ် ။သူမျက်လုံးတွေဖွင့်ကြည့်လိုက်တော့ အဖြူ ရောင်
လွင်ပြင်ကြီးထဲရောက်နေတာကိုသိလိုက်ရသည် ။" ပြန်လည်ကြိုဆိုပါတယ် ဧကရီ "
" ဟမ်.... !! "
အသံလာရာနေရာကိုကြည့်လိုက်တော့ရှောင်းကျန့်
မျက်လုံးအပြူးသားဖြစ်သွားတယ် ။ပြူးဆိုသူ့ရှေ့ကလူကသူနဲ့လုံးဝတစ်ထေရာထဲတူ
နေတဲ့သူဖြစ်နေတယ်။" မင်း...မင်းက..."
" ကျွန်တော်ကအရင်ခန္ဓာကိုယ်ပိုင်ရှင် ရှောင်းကျန့်
ပါ "" ဘယ်လိုဖြစ်ပြီး "
သူ့ရှေ့ကကောင်လေးကိုကြည့်ကာရှောင်းကျန့်အံ့
သြနေရတယ် ။" အခုခဗျား မှာရွှေးချယ်စရာရှိတယ် ဟိုကိုပြန်မလား
ဒီမှာပဲဆက်နေမလားဆိုတာ "တစ်ဖက်ကကောင်လေးကတည်ငြိမ်စွာပြောနေပေ
မဲ့သူ့နှလုံးသားကတော့လုံးဝမတည်ငြိမ်ဘူးဆိုတာ
ကိုအေးစက်နေတဲ့လက်တွေကသက်သေပြနေတယ်" ငါ...ဟိုကိုပြန်သွားရင်ဘယ်လိုဖြစ်မှာလဲ "
" အဲ့ကျရင်တော့ကျွန်တော်က မိဖုရားနေရာမှာရှိနေ
ပြီး ခဗျားကတော့ခဗျားအိမ်ပြန်ရောက်မှာပေါ့ "" အကယ်လို့ငါကအိမ်မပြန်ခဲ့ရင်ရော မင်း....မင်းက
ဘယ်လိုဖြစ်သွားမှာလဲ "တစ်ဖက်ကကောင်လေးကရီကာ.....
" မပြောတတ်ဘူး ကံစီမံရာပေါ့ "
တစ်ဖက်ကနွေးထွေးမှုမရှိတဲ့မိသားစု တစ်ဖက်က
အချစ်တွေပေးတဲ့ ရိပေါ် ပြီးတော့ ဆုရီ သူတို့ကသူ့
ကိုစောင့်နေမှာဒါပေမဲ့လဲတစ်ဖက်မှာတော့နောင်တတွေတပွေ့တ
ပိုက်ရနေမဲ့မိသားစု သူဘာကိုရွေးရမှာလဲ....ဘယ်လောက်ပဲ ဥပေက္ခာပြုထားပြုထား တစ်ဖက်က
မိဘတွေလေ အခုလောက်ဆိုရင်တော့သူတို့အမှား
ကိုသူတို့သိပြီး သူ့ကိုနွေးထွေးစွာနဲ့စောင့်နေမယ်မ
လား.....
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "