43 + 44
ညနေစောင်းသောအခါစားတော်ပွဲအတွက်အစေခံ
တွေအကုန်လုံးကအလှုပ်ရှုပ်နေကြသည် ။မီးပုံးတွေကိုနန်းတော်အနှံ့ဆင်ထားပြီး ပန်းတွေနဲ့
စားပွဲတွေကိုလဲ ကျင်းပမဲ့နေရာကိုရွှေ့နေကြသည်။ရိပေါ်လဲ ကိုယ့်အချစ် ဗိုက်ကလေးနဲ့အတူပွဲတက်ဖို့
အတွက် သွားကြိုရသည် ။နှစ်ယောက်လုံးကအဖြူ ပေါ်မှာ အပြာရောင်ပိုးကြိုး
တွေနဲ့ကနုတ်ပန်းပုံဖော်ထားတဲ့ဝတ်စုံကိုဝတ်ဆင်
ထားကြသည် ။ရိပေါ်ကဆံပင်တွေကိုကျောပြင်ပေါ်ချထားပြီးနား
သယ်စပ်နားကဆံပင်တစ်ချို့ကိုအရှေ့ချကာနဖူး
စည်းကိုစည်းထားသည် ။အချစ်ကတော့ ဆံပင်တွေကိုအပေါ်ကိုမြှောက်စည်း
ထားပြီးနဖူးနားကဆံပင်အနည်းငယ်ကိုသာအရှေ့ချ
ထားသည် ။ရိပေါ်ရဲ့လက်တစ်ဖက်ကအချစ်ရဲ့ပုခုံးကိုဖက်ထား
ပြီးကျန်တဲ့လက်တစ်ဖက်ကတော့လုံးဝန်းကာဆူ
ထွက်နေတဲ့ ဗိုက်လေးကိုအသာထိန်းကိုင်ပေးထား
သည် ။အချစ်ရဲ့ခြေဖဝါးတွေအအေးမိမှာစိုးသောကြောင့်
လာတဲ့လမ်းတစ်လျှောက်မှာလဲ အနီရောင် သား
မွှေးကောဇော ကိုစားတော်ပွဲအထိ ခင်းထားသည် ။" ဖြည်းဖြည်းလျောက်အချစ် "
သူတို့နှစ်ယောက်ဝင်လာတော့လူတိုင်းရဲ့မျက်လုံး
တွေကသူတို့ဆီမှာသာ...တစ်ချို့ကအားကျသောမျက်လုံးတွေနဲ့ကြည့်ကြပေ
မဲ့ တစ်ချို့ကတော့ မနာလိုသော အကြည့်တွေနဲ့
ကြည့်ကြသည် ။ရိပေါ်ကတော့ ဘာကိုမှဂရုမစိုက်ပဲ အချစ်ကိုပဲရင်
ခွင်ထဲထည့်ထားမတတ်ဖက်ကာ ထိုင်ရမဲ့နေရာကို
ဦးဆောင်ကာခေါ်သွားသည် ။" ခဏအချစ် "
အောက်အခင်းကအေးနေသောကြောင့်အိစက်ပြီး
နွေးထွေးတဲ့အခင်းတစ်ခုကိုအသင့်ယူလာပြီးအချစ်
ထိုင်မဲ့နေရာမှာ ခင်းပေးလိုက်သည် ။အေးစက်နေတဲ့အချစ်ရဲ့ခြေထောက်တွေကိုသူ့
ဘက်ဆွဲယူကာ ပေါင်ပေါ်တင်ပြီး လက်ဖဝါးနှစ်
ဖက်နဲ့ပွတ်တိုက်ပေးနေသည် ။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "