#Unicode
မနက်ခင်း၏ နေရောင်ခြည်သည် နွေးထွေးလွန်းသည်။
ထိုနေခြည်ထက် ချစ်မိသူ၏ ရင်ခွင်ကျယ်က ပို၍ နွေးသည်။
ရှိနေသမျှ မကျေမလည် အစိုင်အခဲတို့သည် အိပ်ရာဝင်စဥ်က နှစ်သိမ့်ခြင်းတို့တွင် ပျော်ဝင်သွားရသည်။
အခုလို ရင်ခွင်ထဲကနေ မော့ကြည့်ရသည့်အရသာ သည် ဘာနှင့်မျှ မတူ။
ပါးပြင်ထက်က မွေးညင်းနုတွေသည် Jimin၏ ရူးသွပ်ရာ။
လေးဆယ့်နှစ်နှစ်အရွယ်ဟုပင် မထင်ရအောင် နုပျိုလန်းဆန်းလွန်းသည့် Jimin၏ လူကြီး။
ကျန်းမာရေးလိုက်စားသည်ကြောင့် Jiminထက်ပင် ပို၍ ကျန်းမာသန်စွမ်း၍ သွက်လက်သေးသည်။
Jiminအရပ်သည် အရွယ်တူတွေကြား အနေတော်ပင် ဖြစ်သော်လည်း လူကြီးနှင့် ယှဥ်လိုက်တိုင်း ရင်ခွင်မြုပ်ရုံလေးဖြစ်သွားတတ်သည်။
အခုလည်း Jiminသည် ရင်ခွင်ထဲ မြုပ်နေခဲ့သည်ပဲ။
ကြည့်နေတုန်းမှာပင် မျက်ခွံတို့လှုပ်လာကာ နိုးတော့မည့် အရိပ်အယောင်မို့ Jiminသည် မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။
စိတ်ထဲတွင်လည်း လူကြီးဘာများလုပ်မလဲ သိချင်သည်။
ပုံမှန်ဆို Jiminက အခုလိုအချိန်နိုးတတ်သူမဟုတ်၊ ဒီနေ့တွင်မှ ညက အိပ်ရေးဝသည်ကြောင့်လားမပြောတတ် အလိုအလျောက် လန်းဆန်းစွာ နိုးနေခဲ့သည်။ ထို့ကြောင့် သူ အိပ်ပျော်နေချိန်များတွင် လူကြီး အဘယ်သို့ ပြုမူမည်နည်း Jiminသိချင်မိသည်။
အွန်းအဲ ဖြင့် အိပ်ယာတစ်ဖက်သည် အသာအယာ လှုပ်နေသည်။
ဝုန်းဒိုင်းဝုန်းဒိုင်းဖြင့် လုပ်တတ်သည့် လူကြီးက Jiminနိုးမည်စိုး၍ ငြင်ငြင်သာသာ လှုပ်ရှားနေပုံရသည်ကို တွေးမိတော့ ပါးပြင်ထက် ကြည်နူးခြင်းက ခပ်နွေးနွေး ဖြတ်ပြေးသွားသည်။
အိပ်ယာပေါ်က ဆင်းသွားပြီးနောက် ရေချိုးခန်းတံခါးဖွင့်သံနှင့် ပိတ်သံကို ကြားလိုက်ရမှ Jimin မျက်လုံးတို့ကို အလိုမကျစွာဖွင့်မိသည်။
မိမိမှာတော့ နိုးနိုးချင်း အမြတ်တနိုး တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးနေရသည်။
အခု လူကြီးကကျ နိုးလျှင်နိုးချင်း အိပ်ရာပေါ်က ဆင်းသွားသည်။
ရေကျသံ တိတ်သွား၍ Jiminသည် အိပ်ဟန်ဆောင်ရန် မျက်လုံးတို့ကို စေ့ပိတ်လိုက်ကာ ငြိမ်နေလိုက်သည်။
ရေချိုးဆပ်ပြာနံ့သည် Jiminနှာခေါင်းဆီ သင်းသင်းကလေး ပျံ့လာသည်။
တဘက်ကို စင်ပေါ် တင်လိုက်သည့်အသံကို ကြားလိုက်ရပြီးနောက် ကုတင်နား ကပ်လာသည့် ခြေသံကို ကြားရသည်။
Jimin၏ အခုပုံစံသည် စောင်အလုံးကြီးကို ခွလျက် ပြတင်းပေါက်ဆီ မျက်နှာမူ၍ အိပ်နေသည်ကြောင့် ခေါင်းအုံးဖြင့် ထိထားသည့် ပါးပြင်တို့က ဖောင်းဖောင်းတစ်တစ်။
အအေးကြောက်တတ်သည် ကြောင့် ထုတ်ခြုံထားသည့် ဂွမ်းစောင်အထူကြီးကအလုံးအထွေး
ကြီးသဖွယ် ကြီးမားသည်။
ထိုအလုံးအထွေးကို ခြေတံ လုံးတစ်တစ်တို့ဖြင့် သိမ်းကျုံးခွထားသည်ကြောင့် တင်ပါးတို့က တင်းတင်းလေး လုံးထွက်နေသေးသည်။
Jiminသည် တဟင်းဟင်း ရယ်သံတိုးတိုးကို ကြားလိုက်ရပြီးနောက်
ခွထား၍ လုံးထွက်နေသည့် မိမိတင်ပါးတို့ထက် ကျင့်သားရနေသလို ဖွဖွရွရွလေး ပွတ်သပ်လာသည့် ကြီးမားကျယ်ပြန့်သောလက်ဖဝါးကြီး၏ အထိအတွေ့ကို ခံစားလိုက်ရသည်။
ကြက်သီးဖုလေးတို့ပင် ဖြန်းခနဲ ထလာရကာ မှိတ်ထားသည့် မျက်လုံးတို့ ပြူးချင်သွားရသည်။
ဒီလူကြီး မိုးစင်စင်လင်းမှ ဘာတွေ လုပ်နေတာပါလိမ့်။
BẠN ĐANG ĐỌC
Mr:Joon's baby JiJi
FanfictionလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..