လူ့စိတ်

1.4K 201 15
                                    

#Unicode

Namjoonသည် တစ်နေကုန်သည်အထိ  မွှစာကျဲနေသည့် အခန်းတွင်းကနေ မထွက်ဖြစ်။

နေ့လည်က သူ့ဖုန်းကိုပင် မကိုင်တော့သည့် Jiminအကြောင်းတွေးမိတိုင်း ရူးမတတ်ခံစားရသည်။

အိမ်ပြန်လမ်း ပျောက်မှာစိုးတယ် ဟု ပြောခဲ့တုန်းက သိက္ခါကို စော်ကားရမလားရယ်လို့ Namjoon စိတ်ဆိုးခဲ့သေးသည်။
လူကြီးရဲ့ ဥပေက္ခါကို မခံနိုင်ဘူးရယ်လို့ ငိုရှိုက်ရင်း ရင်ခွင်ထဲ တိုးဝင်ခဲ့သည့် ကောင်လေး။
ခေါ်လာသည့် ဧည့်သည် ကို သဘောမကျတဲ့ အရိပ်အယောင် တွေ့ရပေမယ့် Namjoonမျက်နှာပျက်မည်စိုး၍ ဧည့်ဝတ်ကျေ​ပေးခဲ့သည်။

လေဆိပ်မှာ လိုက်ပို့တုန်းက ပါးစပ်က ထုတ်​မပြောပေမယ့် မျက်ဝန်းတို့မှာ စိုးရိမ်ရိပ်တို့က အတိုင်းသား Namjoon မြင်နေရသည်။
မျက်ဝန်းချင်း ဆုံခိုက် အမြန်ပြန်လာဖို့ ခယနေသည့် ခင်ပွန်းသည်၏ အကြည့်တစ်ချက် က အခုအချိန်ထိ မြင်ယောင်နေတုန်းပင်။

ထိုမျက်ဝန်းတွေကို မြင်ယောင်လာတိုင်း လက်သီးဖြင့် ကြမ်းပြင်ကို ထုရိုက်နေမိသည်။

ပက်တီးစ ပြေလာသော လက်က သွေးတို့ဖြင့် စွန်းထင်းလာသော်လည်း မနာကျင်နိုင်ပါ။
သူချစ်ရသည့် ကောင်လေးသာ သိသွားလျှင် ဆိုသည့်အတွေးလောက် ဘယ်အရာမှ မနာကျင်စေနိုင်။

အခန်းတံခါးဖွင့်သံနှင့်အတူ
အတွင်းရေးမှူးChoiသည် Namjoon နံဘေးရောက်လာကာ Ipadကို ပြလာသည်။

"Moon Group၏ CEO နှင့် Director Kim Si Woo ၏ သမီး Hotelခန်းတစ်ခုအတွင်း အတူဝင်ခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာခြင်း.."

"ကျစ်! မင်း ဒီသတင်းကို ပိတ်ပေးလို့မရဘူးလား Choi"

"ကျနော် တက်လာလာချင်းကတည်းက ဖြတ်ချခိုင်းနေတာ ဒါပေမယ့် Sourceက.. "

"Source က ဘာဖြစ်လဲ ဘယ်သူဖြစ်ဖြစ် လိုချင်တာပေးပြီး သတင်းပြန်ဝယ်ခဲ့"

"မဟုတ်ဘူး CEO, ဒီကိစ္စက အဲ့လောက်မရိုးရှင်းဘူးဖြစ်နေတယ် ဒီသတင်းကို ဖြန့်တဲ့လူက .."

"Director Kim Si Woo ကိုယ်တိုင် ဖြစ်နေတယ်.."

"ဘာ!!!"

နောက်ကျောက ထိုးသည့် ဓားသည် အထိရောက်ဆုံး နာကျင်မှုပင်။

Mr:Joon's baby JiJiWhere stories live. Discover now