#Unicode
"အမွှာဟုတ်လား"
"ဟုတ်တယ် Jimin အမတို့နှစ်ယောက်က ရုပ်ကော အကျင့်တွေကော အကြိုက်ပါ မတူတဲ့ အမွှာပါ Miaက အမထက် မိနစ်ပိုင်းကြီးတယ် ငယ်ငယ်ကတော့ အစောက Jiminပြောသလိုပဲ ရုပ်မတူတာကို ခဏခဏကြားရတယ် နောက်ပိုင်းတော့ မကြားရတော့ဘူး Miaက Daddyနဲ့ပါသွားတယ်လေ အင်း အမတို့က Broken Familyပဲဆိုပါတော့ အဟင်း"
Jiminသည် Mrs:Kiaပြောနေသမျှကို ဆိတ်ဆိတ်သာနေ၍ နားထောင်နေမိသည်။
နံဘေးက Taehyungကတော့ အားနာနေဟန်ရှိသည်။
သူများအတွင်းရေးမို့လို့ Jiminလည်း အားနာပေမယ့် သိချင်နေတော့လည်း ခက်ရပြီ။"ကြားရတာစိတ်မကောင်းပါဘူး အမ အတိတ်ကို ကျနော်က ပြန်ဆွသလိုများ ဖြစ်သွားရင် တောင်းပန်ပါတယ်"
"အို မဟုတ်တာ ရပါတယ် Jiminရယ် အမ က ဘယ်လိုမှမအောက်မေ့ပါဘူး"
Mrs:Kiaမျက်နှာက တကယ်ပဲ အဆင်ပြေနေတဲ့ပုံစံဖြစ်လို့ Jimin သက်ပြင်းကို ခိုးကာ ချလိုက်ရသည်။
ဒီလိုဆို သူ အားမနာချင်တော့။"ဒါဆို အမ သူနဲ့အဆက်အသွယ်ရလား"
"Miaနဲ့လား အမ အိမ်ထောင်မကျခင်ကတော့ အဆက်အသွယ်ရှိပါတယ် အမတို့ချင်းက အဆင်ပြေကြပါတယ် အမ အိမ်ထောင်ကျပြီးနောက်ပိုင်းတော့ အမတို့ အရင်လောက် မဆက်သွယ်ဖြစ်ကြတော့ဘူး ဒါနဲ့
Jiminက Miaနဲ့ သိလို့လား ""သိတယ်ဆိုတာထက် ကျနော့်အမျိုးသားရဲ့ မိတ်ဆွေပါ တစ်လောကပဲ ကျနော်တို့အိမ်မှာ တည်းသွားပါသေးတယ် ပြောရရင် မနေ့ကမှ ပြန်သွားတာပါ"
"ဘယ်လိုကွဲ့!Miaက မင်းတို့အိမ်မှာ တည်းသွားတယ် ဟုတ်လား"
Mrs:Kia၏ မယုံနိုင်ဟန် သွင်ပြင်သည် တိုး၍ငြင်သာသော အသံလေးဖြင့် အော်ဟစ်မိသည်အထိ ပြင်းထန်သည့်ပုံစံပင်။
ဆိုတော့ အမMiaရောက်လာသည့်အကြောင်း သူ၏ အမွှာညီမက မသိခဲ့ဘူးပေါ့။"အမ တကယ်မသိဘူး Jiminရယ် သူရောက်လာပြီးတစ်ပတ်ဆယ်ရက်တောင် မင်းတို့ဆီနေ့ခဲ့သေးရင် တစ်ရက်လောက်တော့ အမဆီ လာတွေ့ဖို့ကောင်းပါရဲ့ အခုတော့...ဟင့်"
Mrs:Kiaသည် ပြောနေရင်း ဝမ်းနည်လာဟန်ရှိသည်။ ဟင့်ခနဲ အသံထွက်လာပြီးနောက် စကားသံတို့တိတ်သွားသည်။
Taehyungသည် Jiminကို ပြူး၍ ကြည့်နေသည်။ မင်း ဘာတွေလုပ်နေသလဲဆိုသည့်သဘော မျက်မှောင်တို့ကျုံ့ကာ Jiminဆီ စိုက်၍ ကြည့်နေသေးသည်။
အမွှာဖြစ်ပြီး ဘာတစ်ခုမှ မတူဟူသည့်စကားကို ငိုနေသည့် Mrs:Kiaကို ကြည့်ရင်း Jiminယုံရတော့မည်။
အမMiaသည် ဘယ်တော့မှ သူစိမ်းတို့ရှေ့ ငိုမည်မဟုတ်၊ ပြောရလျှင် သူသည် ရဲတင်းကာ မာန်မာနရိပ်တို့ စွန်းထင်းနေတတ်သည်။
Mrs:Kiaသည်တော့ လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။

BẠN ĐANG ĐỌC
Mr:Joon's baby JiJi
FanfictionလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..