#Unicode
"ကျန်းမာရေး ဂရုစိုက်နော် ကျနော့်ကို စိတ်ပူအောင်မလုပ်ဖူးမဟုတ်လား"
"ဟုတ်ကဲ့ပါဗျာ ကိုယ် ဂရုစိုက်ပါ့မယ် Jijiလည်း နေကောင်းအောင်နေပါ အခုတလော မျက်နှာလေးနွမ်းနေတာ ကိုယ်တကယ်အားမရဘူး ပြန်လာရင်တော့ ဒီမျက်နှာနွမ်းလေး ကိုယ် မမြင်ချင်ဘူးနော် JiJi အားပြည့်အောင် လုပ်ပြီး ကျန်းမာအောင်နေ ကြားလား"
"ကျနော့်ကို စိတ်ချပါ လူကြီးသာ.. "
နှုတ်ခမ်းနံဘေးနားေလးကို ငုံ့ကာနမ်းလိုက်သည့် လူကြီး၏အပြုအမူကြောင့် Jimin ငြိမ်သွားရသည်။
"ကိုယ် သွားတော့မယ် ဟိုရောက်ရင် ဖုန်းဆက်မယ် ကားကို ဖြည်းဖြည်းမောင်းဦးနော်"
အစ်မMiaနှင့်အတူ ကျောခိုင်းကာ ထွက်သွားသည့် လူကြီးက ဂိတ်အဝင်အရောက်မှာ Jiminရှိရာဆီ လှည့်ကာ ပြုံးပြရင်း လက်တစ်ဖက်ဝှေ့ရမ်းကာ နှုတ်ဆက်သည်။
ပြန်လည်ပြုံးပြလိုက်တော့ လှည့်ထွက်သွားသည့် နောက်ကျောပြင်ကို Jiminလှမ်းငေးရင်း မြင်ကွင်းက ပျောက်သွားသည်အထိ နေရာကနေမရွေ့မိ။
မမြင်ရတော့တာ သေချာမှ လေယာဥ်ကွင်းဆီက ထွက်လာလိုက်သည်။အိမ်ပြန်လမ်းတွင် ဘာလို့ရယ်မသိ စိတ်မလန်း။
ကားကို သာ အာရုံစိုက်၍ မောင်းနှင်နေသော်လည်း Jiminစိတ်တွေကတော့ ကောင်းကင်ပေါ်က လေယာဥ်ပျံ တစ်စင်းဆီသို့ပျံ့လွင့်နေ၏။________Ji&Joon
နောက်တစ်နေ့ နံနက်တွင် လူကြီးက Jiminဆီ ဆက်သွယ်လာသည်။
ကိုရီးယားစံတော်ချိန်နဲ့ဆို
ည တစ်နာရီကျော်ကျော်တွင် LAကို ရောက်သည့်အကြောင်းနှင့် နာရီကွာခြားမှုအရ ညဥ့်နက်နေသည်ကြောင့် Jimin အိပ်ရေးပျက်မည်စိုး၍ ဖုန်းမဆက်တော့ကြောင်း ကို ပြောလာသည်။အစ်မMiaတို့ဆီ မှာပဲ တည်းတာလား ဟူသောအမေးတွင် တစ်ချက် တိတ်ဆိတ်သွားသည်။
ခဏ အကြာတွင်မှ"မင်း သဘောမကျတဲ့ အရာကို မင်းကွယ်ရာမှာ ကိုယ်မလုပ်ပါဘူး ကိုယ် Freehandမှာပဲ တည်းဖြစ်တယ် JiJi ဒါဆို ဒါပဲနော် ကိုယ် မအားတော့လို့"
ဟုတ် ဟူ၍ပင် Jiminပြန်မဖြေရသေးခင် လူကြီးဘက်က ဖုန်းကို ချသွားလေသည်။
သေချာသည် လူကြီး စိတ်မကောင်းဖြစ်သွားမှာ။
ထိုမေးခွန်းကို မယုံသင်္ကာဟန်ဖြင့် မေးမိသည့် အတွက် ကိုယ့်ခေါင်းကိုယ်သာ ထုရိုက်လိုက်ချင်တော့သည်။
CZYTASZ
Mr:Joon's baby JiJi
FanfictionလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..