ယုံကြည်ခြင်း၏ ဥပေက္ခါ

1.3K 181 7
                                    

(Unicode)

ယနေ့သည် လူကြီး ပြန်လာမည့် နေ့ရက်ဖြစ်သည်။

လေဆိပ်ကို လာမကြိုနှင့် ဟု ဆိုလာ၍ Jiminသည် အိမ်၌သာ စောင့်နေလိုက်သည်။

"ကိုယ်ရောက်ပြီ "

မနက် ဆယ်နာရီခွဲလုတွင် ဖုန်းဆက်လာသည်။
ထိုတစ်ခွန်းဖြင့်ပင် ဖုန်းချသွား၍ ဧည့်ခန်းအတွင်း ခေါက်တုန့်ခေါက်ပြန် Jimin လျှောက်နေမိသည်။

"Sooလေး နင့်အကိုကြီး ကြိုက်တဲ့ ဟင်းတွေ ကျက်ပြီလား မြန်မြန်လေး လုပ်ထားဦး ပြန်လာရင် အိမ်ထမင်းအိမ်ဟင်း လွမ်းနေရှာမှာ"

"ကျက်ပါပြီ အကိုလေးရယ် အကိုလေး ချက်ခိုင်းသမျှ ဟင်းအမယ်တွေ အကုန်ကျက်ပြီ အချိုတည်းဖို့အတွက် အခု သစ်သီး ခွာနေတာပါ "

"အေးအေး"

Sooလေးရှိရာ မီးဖိုချောင်သို့ သွား၍ ဆော်ဩဖို့လည်း Jiminမမေ့။

မီးဖိုချောင်က ပြန်အလာတွင် ဧည့်ခန်းက ခုံတွင် ခဏ ထိုင်လိုက်သည်။

လာမကြိုခိုင်းသဖြင့်ပြန်လာသည့်အချိန်ကို စောင့်နေရုံသာ Jimin တတ်နိုင်သည်။

နာရီဝက်လောက်အကြာတွင် ခြံထဲသို့ ကားဝင်လာသည်။
ကားသံကြားသည်ဖြင့် ထိုင်နေရာမှ ဆတ်ခနဲထလိုက်၍   ကပြာကယာနိုင်သွားသည်။
အိမ်တံခါးဆီ သွက်သွက်လျှောက်သွားလိုက်ရင်း Jiminရပ်ကာ စောင့်နေလိုက်သည်။

အောက်မေ့လွမ်းဆွတ်ခဲ့ရသည့် ကိုယ်ဟန်သည် ကားစက်ရပ်လိုက်ချင်းမှာပင် Jiminရှေ့သို့ရောက်လာသည်။

"အင့် "

ဘာဖြစ်သွားလိုက်မှန်း မသိလိုက်ဘဲ Jiminသည် ရင်ခွင်ကျယ်ကြီးဆီ တင်းကျပ်စွာ သိမ်းယူ အဖက်ခံလိုက်ရသည်။

လွမ်းခဲ့ရသည့် ကိုယ်သင်းရနံ့သည်  နှာဖျားဝဆီကနေ ကိုယ်တွင်းသို့အတင်းအကျပ် လုယက်ကာ ဝင်လာသည်။

မွန်းကျပ်‌လုထိ ဖက်တွယ်ထားပေမယ့် Jiminသည် မရုန်းမိသလို Kim Namjoonသည်လည်း လွှတ်မပေးခဲ့ပေ။

စကားတစ်ခွန်းမှ မဆိုဘဲ Jiminပုခုံးစွန်းတွင် မေးဖျားကို တင်ထားကာ ခါးထက် ဖက်တွယ်ထားသည်မှာလည်း ခပ်ကျစ်ကျစ်။

Mr:Joon's baby JiJiOpowieści tętniące życiem. Odkryj je teraz