"Choi ငါ စုံစမ်းခိုင်းတာ ရပြီလား"
"ဟုတ် CEOကျွန်တော် အသေးစိတ် လိုက်နေပါတယ် အသေးစိတ် သိရတာနဲ့ ချက်ချင်း သတင်းပို့ပါ့မယ်"
"အင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ "
အတွင်းရေးမှူးChoiသည် ရုံးခန်းဆီက ထွက်လာပြီးမှ သက်ပြင်းကို ချမိသည်။
CEO Kimသည် နေမကောင်းသည့် ဟန် ဖြူဖျော့နေသည်။
နှုတ်ခမ်းတွေပါ ဖြူဖက်ဖြူရော်ဖြစ်နေသည်ကြောင့် စိတ်ပူမိသည်။
သို့သော်လည်း သူပြောလျှင်လည်း ရမည် မဟုတ်။
စိတ်ရော ကိုယ်ပါ ပင်ပန်းနေသည်မှာ မျက်နှာတွင် အထင်းသားပေါ်နေသည်။
တဖန် အိမ်တော်က အစ်ကိုလေးသည်လည်း စိတ်နှင့် လူ ကပ်မနေပေ။
သိပ်ချစ်ကြသည့် သူတို့ကြားတွင် အတွင်းရေးမှူးဖြစ်နေသည့် သူက အဆင်ပြေစေရန် ဘာလုပ်ပေးရမည်မှန်း တကယ်မသိတော့ပေ။
နေ့လည်စာ အချိန်မှန် ပြင်ပေးရန်သာ တွေးမိသည်။
အနည်းဆုံးတော့ CEO Kim ကျန်းမာရေးမထိ ဖို့ကို ဂရုစိူက်ရမည်။အခန်းတွင်း ကျန်ခဲ့သည့် Kim Namjoonသည် ထိုင်ခုံတွင် မှီရင်း အပြင်ဘက်ဆီ ငေးနေမိသည်။
အခုအချိန်တွင် စိတ်တွေ ရှုပ်ထွေးနေသည်။
ကြုံတွေ့နေရသမျှ ကို အကောင်းဆုံးဖြေရှင်းနိုင်မည့် လမ်းကို သူစဥ်းစားနေပေမယ့် နောက်ကျိ လို့သာ လာသည်။Jiminသည် အခုဆို သူနှင့် မျက်နှာချင်းပင် မဆိုင်တော့ပေ။
ညစာ ထမင်းဝိုင်းသည် သူတစ်ယောက်တည်းကို အေးစက်စွာစောင့်ကြိုသည်။
အရင်တုန်းကဆို သူ အလုပ်က ပြန်မလာမချင်း ထိုင်စောင့်တတ်သည့် သူ သည် အခုတော့ ပျောက်ရှလျက်။
အရင်က သူ့ဆီက ဥေပက္ခါကို မလိုလားသည့် စိတ်ထားနူးညံ့သူသည် အခုများတော့ ဥပေက္ခါဇာတ်ကို စတင် အသက်သွင်းသူ ဖြစ်လို့နေသည်။
တစ်ခန်းတည်းပင် မအိပ်တော့သည်အထိ သူတကယ်ကို စိတ်နာအောင် ပြုမိခဲ့သည်ပဲ။
သူတကယ် မှားခဲ့သည်။ သူ့မျက်နှာအရိပ်အကဲကို တစိမ့်စိမ့်ကြည့်၍ လိုအပ်သမျှ ယောက်ျားလေးတန်မဲ့ ဖြည့်ဆည်းပေးခဲ့သူ၏ အပေါ်ကိုမှ နာကျင်စေမိသည်။
သူတောင် တွေးမိတိုင်း ရူးမတတ်ခံစားရသည်ဆိုလျှင် Jimin... သူသည်ကော.
။
လက်နှစ်ဖက်ကို မျက်နှာပေါ် အုပ်ချမိရင်း Kim Namjoon ဆက်မတွေး ဖို့ တားဆီးနေမိသည်။
စားပွဲ ပေါ် တင်ထားသည့် ဓာတ်ပုံကို ဆီ အကြည့်ရောက်မိတော့ စက်ဘီး ရှေ့တန်းပေါ် ထိုင်ကာ သူ့ရင်ခွင်ကြား ဝင်နေခဲ့သည့် ကောင်လေးက ပြုံးပြနေသည်။
ဖြူဖြူစင်စင် အပြုံးရွှင်ရွှင်လေး ရဖို့ ကုန်းတက်တွေပေါ် အနှီ ဆန်မုန့်ဖောင်းဖောင်းကို သူ တင်နင်းခဲ့ရတာဖြစ်သည်။
ထိုစဥ်က လွတ်လပ်ပျော်ရွှင်နေခဲ့သည့် ချာတိတ်လေးကို ကြည့်ရင်း ဒီ့ထက် မက ပျော်ရွှင်ချမ်းမြေ့သည့် ဘဝလေး သူဖန်တီးပေးမည်ဟု ကတိ ပြုခဲ့သည်။
အခု တွင်တော့ သူပြုံးရယ်နေစေချင်သည့် ကောင်လေး၏ အပြုံးနုနုတို့ကို သူ က ပင် ဖျက်ဆီးခဲ့မိသည်။
STAI LEGGENDO
Mr:Joon's baby JiJi
FanfictionလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..