အတွေးတစ်စ

1.2K 199 14
                                    

#Unicode

တမ်းတလွမ်းစိတ်ကလေးများ တမြေ့မြေ့လောင်ကျွမ်းခြင်းကြောင်​့ ညလေထုအတွင်း ညှော်နံ့ကလေးများပင် ကပ်ပါနေသယောင်။

ဒီညသည် Jimin၏နံဘေးက နေရာလွတ်လေး အေးစက်နေသည့် သုံးရက်မြောက်သောနေ့။

ကုတင်၏ ညာဘက်အခြမ်းသည် လေအေးတွေ ဖြတ်တိုက်နေသကဲ့သို့ ခံစားနေရသည်။
ပြတင်းတံခါးတို့ကို လုံခြုံအောင်ပိတ်ထားပါလျှက်ဖြင့် အေးစက်ခြင်းတို့က ဘယ်ဆီက ဝင်ရောက်လာသနည်း။

ရင်ခွင်ကျယ်နှင့် ထိစပ်နေကျဖြစ်သည့် Jimin၏ နောက်ကျောပြင်သည် အခုတွင် အဖော်မဲ့နေသည်။
သုံးရက်လောက်ဖြင့် လွမ်းနာကျနေသော အနေမတတ်သည့် ကောင်လေးသည် Jimin ကိုယ်တိုင်ပင်။

အဝေးရောက်နေသည့် ​အိမ်ဦးနတ် သည်ကော Jiminကို သတိရနေမလား။
Jiminကို သတိမရလည်း ထမင်းစားချိန်တွေကိုတော့ သတိရစေချင်သည်။
အလုပ်မအားလျှင် မအားသလို ထမင်းစားချိန်မမှန်တတ်သူမို့
တွေး၍ သာ ပူနေရသည်လူကြီးကတော့ မသိနိုင်။

ဟိုတစ်နေ့က စကား​ပြောအဆင်မပြေ ဖြစ်ပြီးနောက်ပိုင်း လူကြီးက သိသိသာသာကို စကားနည်းသွားသည်။
မပျက်မကွက် တစ်နေ့တစ်ကြိမ် ဖုန်းခေါ်တတ်သော်လည်း သာကြောင်းမာကြောင်းနှင့် လိုရင်းသာ ပြောပြီး ဖုန်းချသွားတတ်သည်။

အမMiaအကြောင်းလည်း မေးမြန်းကြည့်ချင်သေးသည်။
သို့သော် Jiminဆီကနေ 'အမMiaကလေ'လို့ကြားလိုက်ရသည်နှင့်လူကြီးက စကားစကို ဖြတ်ချသွားတတ်သည်ကြောင့် မမေးဖြစ်တော့ပေ။

အိမ်ထောင်တစ်ခုကို စတင်လိုက်သည်နှင့် ယုံကြည်ခြင်းကို ခင်ပွန်းသည်ဆီ ပုံအပ်ရသည်။
ဘယ်လိုအခြေအနေတွင်မဆို မိမိလူကိုတော့ Jimin ယုံကြည်နေရမည်။

နာရီကို ကြည့်လိုက်တော့ မနက်သုံးနာရီတစ်ဆယ့်ငါးမိနစ်။
Los Angeles မှာဆိုလျှင် နေ့လည် ထမင်းစားချိန်ပင်ရောက်နေလောက်ပြီ။
ထမင်းကော စားပြီးရဲ့လား။
မနေနိုင်တော့သည့် အဆုံးတွင် အိပ်ယာကနေ ထ၍ စားပွဲပေါ်က Laptopကို Jiminထယူရတော့သည်။

လူကြီးလည်း လိုင်းပေါ်တွင် ရှိနေသည် ကြောင့် Video call ခေါ်ရန်သာ ဆုံ​းဖြတ်လိုက်သည်။

Mr:Joon's baby JiJiOù les histoires vivent. Découvrez maintenant