#Unicode
"Mia ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေပါ ငါ ဒီရက်ပိုင်း အလုပ်မအားလို့ ဧည့်ဝတ်ကျေနိုင်မယ်မထင်ဘူး လိုတာရှိရင် ငါ့ကလေးကို ပြောလိုက် ကြားလား "
"Joonတို့ကတော့ ကလေး ဆိုတာကို ပါးစပ်ကမချတော့ပါလား ကျောင်းတက်တုန်းက လူအေးကြီးမှ ဟုတ်ပါစ ဟယ် "
"ဒါကတော့ ချစ်တာကို Miaရ.. လူတိုင်းက အချစ်နဲ့တွေ့ရင် မအေးဆေးနိုင်တော့ဘူး ဟ ဒါတွေ နင် နားလည်မှာ မဟုတ်ပါဘူး ဟဟ"
"ဟွန့် Joonနော်.."
Jimin အောက်ထပ်ကိုဆင်းမည့် လှေကားအကွယ်နားအရောက်တွင် ရှေ့ဆက်လှမ်းမည့်သူရဲ့ခြေလှမ်းသည် စကားပြောသံတွေကြောင့် မရည်ရွယ်ပါဘဲတုန့်ဆိုင်းသွားသည်။
ဧည့်ခန်းဆီက လူကြီးရဲ့ ခပ်မြူးမြူးရယ်သံက Jimin ရင်ထဲ ကြည်နူးစေသည်မှန်ပေမယ့် ယခုတစ်ကြိမ်ရယ်သံက Jiminစိတ်ကို ခဲ ဆွဲသလို လေးလံသွားစေသည်။
နွဲ့လျလျ ရယ်သံသေးသေးက ကပ်ပါလာသည်တွင် Jimin အပေါ်သို့သာ ပြန်တက်ခဲ့တော့သည်။
သူ သဝန်မတိုတတ်ပါ ။အသက်ကွာသည်ကြောင့် မသင့်တော်ဘူးထင်သည့် သူ၏ နေထိုင်မှုပုံစံတို့ကို Jiminပြောင်းလဲခဲ့သည်။
လူကြီး၏ အလုပ်ကိစ္စတွေကြောင့် Jiminနဲ့မတူသည့်လူမှုပေါင်းသင်းရေးမှာ ကျင်လည်နေရသည်ကြောင့်လည်း Jiminသည် ကလေးဆန်သည့်စိတ်တို့ကို ထိန်းချုပ်ခဲ့သည်။
လူကြီးကို ကိုယ့်အတွက်ကြောင့် စိတ်ရှုပ်တာမျိုးမဖြစ်စေချင်ပါ။
လူကြီးခေါ်လာသမျှ ဧည့်သည်တို့ကို Jiminအပြုံးမပျက်ကြိုဆိုရင်း တာဝန်ကျေစွာ နေရာထိုင်ခင်းပေး၍ လိုအပ်သည်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးတတ်သည်။"Miaက ကိုယ့်ရဲ့ Best friendလေ USမှာနေတုန်းက သူတို့မိသားစုပဲ အကုန် ကူညီခဲ့တာ အခု ကိုယ့်ဆီ လာတော့လည်း ကိုယ်က တစ်ပြန် ဧည့်ဝတ်ကျေရမယ် JiJiလည်း ဂရုစိုက်ပေးနော် "
မနေ့ညက လူကြီးအသိပေးလာသည့်အကြောင်းအရာများသည် Jiminအတွက် တစ်စုံတရာသော စိတ်လေးလံခြင်းကိုဖြစ်စေသည်။
ပြုံးရွှင်နေသော အိမ်ကလူ၏ မျက်နှာကြောင့် စိတ်ခံစားချက်တို့ကို ထိန်းချုပ်ရန်သာ Jimin ကြိုးစားလိုက်တော့သည်။
VOUS LISEZ
Mr:Joon's baby JiJi
FanfictionလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..