Unicode
"အကိုလေး ညစာ ပြင်လိုက်ရတော့မလား"
စာအုပ်ဆီ စျာန်ဝင်နေသော Jiminသည် Sooအသံကြားမှ နာရီဆီ အကြည့်ရောက်သည်။
တိုင်ကပ်နာရီအိုသည် ညရှစ်နာရီ ထိုးနေပြီဖြစ်ကြောင်း ဘယ်ညာလွှဲရမ်းနေသည့် ချိန်သီးနှင့်အတူ တီးတောင်သံရှည်စွဲ၍ပြန်လည်ဖြေကြားသည်။
တစ်ဖန် အိမ်ရှေ့တံခါးဆီေမျှာ်ကြည့်မိတော့ ခြံထဲတွင် တိတ်ဆိတ်နေကာ ညမီးလုံးများပင် ထွန်းထားလေပြီ။
အလုပ်ကိစ္စတွေများ မပြီးပြတ်သေးလို့လေလား။ပုံမှန်ဆို ညနေခြောက်နာရီလောက်တွင် အလုပ်ဆင်းတတ်ပေမယ့် အလုပ်ကိစ္စနှင့်ပတ်သတ်လျှင် ဇွဲကောင်းလွန်းသည့် လူကြီးအကြောင်းကို Jiminသိသည်။
အလုပ်အရေးကြီးလျှင်ကြီးသလို ထမင်းမေ့၊ဟင်းမေ့ဖြင့် အချိန်ပါမေ့တတ်သည်။ အခုလို အိမ်ပြန်နောက်ကျတတ်သည်က သိပ်တော့မထူးဆန်းပေ။တစ်လလျှင် သုံး၊လေးခါတော့ ဖြစ်တတ်စမြဲ။"အကိုလေး "
"အေး Sooလေး ငါမဆာသေးဘူး နင့်အကိုကြီးကို စောင့်လိုက်ဦးမယ် "
လက်ထဲက စာအုပ်ဆီသာ ပြန်လည်၍ အာရုံစိုက်ကာ လူကြီးအလာကို Jimin စောင့်နေလိုက်သည်။
နောက်တစ်ကြိမ် တီးတောင်ဆိုသော မြည်သံကြောင့် နာရီအိုဆီ Jimin မော့ကြည့်မိပြန်သည်။
ကိုးနာရီ။
မှားယွင်းနေသလားဟု လက်မှာပတ်ထားသည့် နာရီဆီ ကြည့်မိသည်။
ကိုးနာရီထိုးပြီး သုံးမိနစ်လောက်ပင်စွန်းနေသည်။
Jimin အရှေ့က စားပွဲပေါ်တင်ထားသော ဖုန်းကိုယူ၍ My Gentlemanဟု မှတ်ထားသည့် Contact nameဆီ ခပ်တွေတွေလေး စိုက်ကြည့်နေမိသည်။
ဖုန်းခေါ်လိုက်လျှင် အနှောင့်အယှက်ဖြစ်မည်ကိုစိုးရိမ်သည်။ အကယ်၍ ပြန်လာနေသည့် လမ်းမှာဆိုလျှင် ကိုယ်တိုင် ကားမောင်းရမှ ကျေနပ်သူကို Jiminဖုန်းကြောင့် အာရုံမများစေချင်။
ပြန်လာနေသည်ပဲ ဖြစ်မှာပါလေ ဟု ဖြည့်တွေးလိုက်ရင်း ဖုန်း ကို စားပွဲပေါ် ပြန်ချထားလိုက်သည်။"Soo ဟင်းတွေ ပြန်နွေးပါဦး ခဏနေ နင့်အကိုကြီး ပြန်လာရင် ပူပူနွေးနွေးလေးစားရအောင်လို့"
"ဟုတ်ကဲ့"
Sooလေးကို လှမ်းအော်ရင်း အိမ်တံခါးဝ ရှိရာဆီ လှမ်း၍ ကြည့်လိုက်သည်။
VOCÊ ESTÁ LENDO
Mr:Joon's baby JiJi
FanficလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..