Eighteen❇❇❇U+Z

2.1K 312 29
                                    

တိတ်ဆိတ်တဲ့ညအမှောင်မှာ အလွမ်းတွေရင်မှာပွေ့ပြီး တိုးတိတ်စွာငိုရှိုက်နေရသူ တစ်ယောက် စာနာနားလည်ပေးမည့်သူမရှိတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ပြခွင့်မရတာကြောင့် တစ်ယောက်တည်း မြိုသိပ်ကာ ခံစားနေခဲ့ရသည်။ တစ်ဖက်ခြမ်းမှာရှိနေတဲ့မှောင်မည်းငြိမ်သက်နေသောအိမ်လေးကိုလှမ်းကြည့်ရင်း ကျဆင်းလာတဲ့မျက်ရည်တွေကို လက်ဖြင့်သုတ်လိုက်မိသည်။ကုတင်ပေါ်လှဲမိတော့လည်း မျက်နှာကျက်ပေါ်မှာ ပေါ်လာပြန်သည့် ချစ်ရသူရဲ့မျက်နှာကြောင့် ရင်ဘတ်ထဲက တင်းကြပ်နာကျင်လာရပြန်သည်။  သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြရဲ့သားနဲ့ ဘာကြောင့် ဝေးကွာကြရတာလဲ။

ဒီနေ့နဲ့ဆို ကိုကို့ကိုမတွေ့ရတာ တစ်ပတ်ရှိပြီဖြစ်သည်။ဒီတစ်ပတ်လုံး Jimin ရင်ထဲမှာ မီးခဲတုံးမျိုချထားရသလို ပူလောင်နေလေသည်။ကိုကို ဘာကြောင့် အဆက်အသွယ်ဖြတ်ထားခဲ့ရသလဲဆိုတာ စဉ်းစားလို့မရပေ။ကျောင်းမှာလည်းမတွေ့ရသလို ဖုန်းဆက်လို့လည်းမရခဲ့ချေ။ကျောင်းမှာပြောနေကြသလို ကိုကိုတကယ်ပဲ ​ကျောင်းပြောင်းသွားတာများလားလို့တွေးမိသည်။
အရေးကြီးကိစ္စကြောင့် ရုတ်တရက်ကျောင်းပြောင်းခဲ့ရရင်တောင် ကိုကိုသူ့ကို အကျိုးအကြောင်းလှမ်းပြောမှာတော့ အသေအချာပင်။အခုတော့ ဘာကိုမှရေရေရာရာမသိရတာကြောင့် ကိုကို့အတွက် Jimin အရမ်းစိတ်ပူနေမိသည်။ ဒါကြောင့် ကိုကိုအန္တာရယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းပေးနေမိသည်။ဆုတောင်းရင်းနဲ့ပဲ ငိုရလွန်း၍ကျိန်းစပ်နေသော မျက်ဝန်းတစ်စုံးကို မှေးစက်အနားယူလိုက်တော့သည်။

^*^*^*^*^*^*^*^*^*^*^*^*^

ဒီနေ့လည်းထုံးစံအတိုင်း အမေကျောင်းလိုက်ပို့ပေးလေသည်။အရင်တုန်းကတော့ ကျောင်းလာရင် ကိုကို့ကိုတွေ့ရမည်ဟူသော မျှော်လင့်ချက်ကြောင့် ခြေလှမ်းများတက်ကြွနေခဲ့သည်။အခုတော့ ထိုမျှော်လင့်ချက်လေး တဖြေးဖြေးပျက်စီးလာခဲ့ရသည်။သို့ပေမယ့် မျက်လုံးများကတော့ နေရာအနှံ့ဝေ့ဝဲကာ ကိုကို့ကို လိုက်ရှာနေမိသည်။အတန်းထဲ​ရောက်သည်အထိ ကိုကို့ရဲ့အရိပ်အယောင်လေးကိုမှမတွေ့မိပေ။ Jimin အတန်းထဲရောက်သည်နှင့် ​ကျောင်းတက်ခေါင်းလောင်းထိုးသံကိုကြားလိုက်ရသည်။မကြာခင်မှာပဲ အတန်းပိုင်ဆရာအတန်းထဲဝင်လာလေသည်။

More Beautiful Than Beautiful || 윤민 [Completed]Where stories live. Discover now