🔞🔞🔞🔞🔞
"ကလေးလေး.....အရမ်းနာရင်ပြောနော်"
"ရပါတယ် ကိုကိုရဲ့.....ဒီလောက်တော့ သည်းခံနိုင်ပါတယ်"
"အဲ့ဒါဆို ကိုကိုဆက်လုပ်မယ်နော်.....နာရင် ကိုကို့ကိုပြော ဟုတ်ပြီလား"
"ဟုတ် ကိုကို"
Jimin မျက်လုံးကိုစုံမှိတ်ကာ နာကျင်မှုတွေကို အောင့်အီးသည်းခံရန် အဆင်သင့်ပြင်လိုက်သည်။ ကြိုးစားပြီးသည်းခံနေပါသော်လည်း ဖြည်းဖြည်းချင်းနဲ့ဝင်ရောက်လာတဲ့ နာကျင်မှုတို့က တစ်ဆစ်ဆစ်နဲ့ပြင်းထန်လာသောအခါ Jimin ရဲ့သည်းခံနိုင်စွမ်းတို့ကုန်ဆုံးလာရသည်။
"အား!!! ကိုကိုတော်ပြီ....နာလဲနာ စပ်လဲစပ်တယ်"
"အင်း....အင်း ကိုကိုရပ်လိုက်ပြီနော်"
နာကျင်နေတဲ့ဒဏ်ရာပေါ်ကို အေးမြတဲ့လေနုအေးလေးတွေကျရောက်လာတော့ ဝေဒနာတစ်ဝက်သက်သာသွားလေသည်။
"ကိုကို....လေနဲ့မှုတ်ပေးတော့ မနာတော့ဘူးမလား....."
"ဟုတ် ဟီး..ဟီး"
"ဘယ်နှယ့် အတန်းထဲမှာပြေးလွှားပြီးဆော့နေရတာတုန်း....ဒီလောက်ပဲဖြစ်သွားတာတော်သေးတယ်"
ဒူးခေါင်းကအနာပေါ်ကို ပလာစကာကပ်ပေးရင်း ကိုကိုကစိတ်ပူသည့်လေသံဖြင့် ဆူနေလေသည်။
"Jungkook...က Mochi ဖုန်းကို ယူပြေးတာကို ကိုကိုရဲ့....ကိုကိုနဲ့ Mochi ပြောထားတာတွေတွေ့သွားမှာစိုးလို့်....ပြန်လုရင် ချော်လဲသွားရတာ"
"နောက်ဆိုအတန်းထဲမှာ ဖုန်းမသုံးနဲ့တော့..... စာပဲကြိုးစားပြီးလိုက်လုပ် ဟုတ်ပြီလား...."
"ဟုတ်....ကိုကို"
ဆေးသေတ္တာထဲကို ဆေးဘူးတွေပြန့်ထည့်သိမ်းရင်း နှုတ်ခမ်းပါးပါးလေးကို ထော်ထော်ပြီးပြောနေသည့် ကိုကို့ပုံလေးကသိပ်ချစ်ဖို့ကောင်းလွန်းလှသည်။ ကိုကိုက ကျွန်တော့ကို Mochi ဟုချစ်စနိုးခေါ်လေသည်။ကိုကိုခေါ်တဲ့ နာမည်ပြောင်လေးကို သဘောကျတာကြောင့် ကျွန်တော်လည်း စကားပြောရင် ကိုယ့်ကိုကိုယ် Mochi ဟုသုံးနှုန်းပြီးပြောဖြစ်ခဲ့သည်။
"ကိုကို..."
"ဟင်"
"Mochi တော့ပုကီစားချင်တယ်...... လုပ်ကျွေးပါလား"
YOU ARE READING
More Beautiful Than Beautiful || 윤민 [Completed]
Teen Fictionမတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ မတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ