Twenty❇❇❇U+Z

2K 313 72
                                    

5 years later,

တောင်ကိုရီးယားရဲ့နာမည်ကြီးလေဆိပ်အတွင်း
သတင်းထောက်များ ခြေချင်းလိမ်ကာ ရှုပ်ရှက်ခက်နေကြသည်။ ဒီနေ့ဟာ ဂျပန်မှာ အောင်မြင်နေတဲ့ Min group ရဲ့သားဖြစ်သူ ပြန်လာမှာဖြစ်တာကြောင့် အားလုံး စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ မကြာလိုက်ပေ အားလုံးမျှော်လင့်နေကြတဲ့ ဥက္ကဠ Min Yoongi
သူ့ချစ်သူရဲ့လက်ကိုဆွဲပြီးလေဆိပ်အတွင်းမှ ထွက်လာလေသည်။

"Min Yoongi ရှင့် ကိုရီးယားကိုအပြီးပြန်လာတာလား..."

"ဟုတ်ကဲ့ အပြီးပြန်လာတာပါ...."

"ဟိုက အလုပ်ကိစ္စတွေကိုရော .... ဒီအတိုင်းထားခဲ့တာလား..."

"စိတ်ချရတဲ့ လူယုံနဲ့ထားခဲ့တာပါ...."

" ချစ်သူနဲ့လက်တွဲတာကြာပြီလား... ဘာလို့ အခုမှချစ်သူကို ထုတ်ပြတာလဲ.... လက်ထပ်ဖို့ရော စီစဉ်ထားပြီးပြီလား..."

မေးခွန်းများစွာကို ဆက်တိုင်မေးနေတဲ့ သတင်းထောက်တွေအားလုံးကို တွန်းဖယ်ပြီး ချစ်ရသူရဲ့လက်ကိုဆွဲကာ လာကြိုသော ကားဆီသို့ Min Yoongi ထွက်လာခဲ့သည်။

"စိတ်ညစ်သွားလား ကလေး..."

"ဟင့်အင်း Mochi ခံနိုင်ရည်ရှိပါတယ် ကိုကိုရယ်... Mochi ဘေးမှာ ကိုကိုသာရှိနေရင် ရပြီ..."

ပုခုံးပေါ် ခေါင်းလေးမှီပြီးပြောလာတဲ့ ချစ်ရသူရဲ့နှဖူးလေးကို Yoongi နမ်းလိုက်သည်။ သိပ်ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားရတာကြောင့် ကိုယ့်ကိုကိုယ်ကံကောင်းသည်ဟု ခံယူထားမိလေသည်။

ချစ်ရသူရဲ့လက်ကိုဆုပ်ကိုင်ကာ Yoongi ပျော်ရွှက်နေသလောက် Yoongi ရဲ့ပုခုံးကိုမှီကာ အိပ်စက်နေသည့် ကောင်လေးရဲ့စိတ်ထဲမှာတော့ ကိုရီးယားကိုပြန်ရောက်ပြီဟူသော အတွေးနှင့် မွန်းကြပ်ပင်ပန်းနေလေသည်။ ဘာအခက်အခဲ အတားအဆီမှမကြုံတွေ့ရပဲ ကိုကိုရဲ့လက်ကို မြဲမြံစွာတွဲခွင့်ရချင်မိလေသည်။


^*^*^*^*^*^*^*^*^*^*^

လက်ထဲကဖုန်းကိုကြည့်ပြီး ရင်ထဲမှာဆို့တက်ကြေကွဲလာရသည်။ ဒါတွေဟာ အိပ်မက်တစ်ခုမဟုတ်ဘူးလားဟုတွေးမိပြီး ကိုယ့်လက်ကိုပြန်ဆွဲဆိတ်မိသည်။ ဖြူနုသည့် အသားတွေရဲတက်လာပြီး နာကျင်လာရတော့မှာ ဒါဟာ အမှန်တကယ်ဖြစ်နေတာပါလားဟု ယုံကြည်လက်ခံမိသည်။ လူကြားထဲမှာဖြစ်နေပေမယ့်လည်း မရှက်နိုင်ပဲ မျက်ဝန်းထဲကမျက်ရည်များက တာကျိုးသလို ကျဆင်းလာလေသည်။

More Beautiful Than Beautiful || 윤민 [Completed]Donde viven las historias. Descúbrelo ahora