Twenty-three ❇❇❇U+Z

1.9K 338 53
                                    

အိမ်ရှေ့မှာမတ်တတ်ရပ်ပြီး ကိုကို့ကားကို Jimin စောင့်နေလိုက်သည်။ ဒီအချိန်ဟာ ကိုကို  အလုပ်သွားတဲ့အချိန်မှန်းသိနေတာကြောင့် တမင်စောင့်နေခြင်းဖြစ်သည်။ ဒါတွေဟာ ကိုကို သူနဲ့ပတ်သတ်တာတွေပြန်မှတ်မိလာဖို့ ကြိုးစားနေတဲ့ ပထမခြေလှမ်းပင်ဖြစ်ပေသည်။

လွန်ခဲ့တဲ့ ၅နှစ်က ကိုကိုနဲ့အတူကျောင်းသွားဖို့ မနက်တိုင်း ဒီလိုရပ်စောင့်ခဲ့ဖူးသည်။ ဒီလို အမှတ်တရသေးသေးလေးတွေကြောင့်လည်း ကိုကို ပြန်သတိရလာလိမ့်မည်ဟု Jimin ယုံကြည်မိသည်။ အခုချိန်မှာ အရေးကြီးဆုံးက ကိုကို အရင်ကကိစ္စတွေအားလုံးပြန်မှတ်မိပြီး ဟိုလူယုတ်မာ ကိုကိုရဲ့ အဝေးကိုရောက်ရှိသွားဖို့ပဲဖြစ်သည်။

ဖြစ်နိုင်ရင် ထိုအယုတ်တမာကောင်ကို သူကိုယ်တိုင် ကုပ်ကဆွဲပြီး အဝေးကိုလွှင့်ပစ်ချင်ပေမယ့်လည်း အခုချိန်မှာ ကိုကိုက အဲ့အကောင်ကို ချစ်ခင်ယုံကြည်နေတာကြောင့် Jimin စိတ်လျှော့ထားရခြင်းဖြစ်သည်။ ခနအကြာမှာတော့ ခြံထဲကနေထွက်လာသည့် ကိုကို့ရဲ့ကားကိုတွေ့လိုက်ရတာကြောင့် Jimin ရဲ့နှုတ်ခမ်းမှာ အပြုံးလေးတွေပွင့်လန်းလာခဲ့ရလေသည်။

"ကိုကို......ကားကိုသေချာမောင်းသွားနော်"

"စိတ်ချပါ Mochi ရဲ့ကိုကိုသွားပြီနော်....."

အိမ်ရှေ့အထိလိုက်ပို့ပေးတဲ့ Song Woo ကိုလက်ပြနှုတ်ဆက်ပြီး Yoongi ကားမောင်းထွက်ခဲ့လိုက်သည်။ Jimin တို့ခြံရှေ့နားအရောက်မှာတော့ ကျောပိုးအိတ်လေးလွယ်ကာ မတ်တတ်ရပ်နေသည့် Jimin ကိုတွေ့လိုက်ရသည်။

ထိုအချိန်မှာပဲ သူ့ခေါင်းထဲမှာ ပုံရိပ်အချို့ကိုမြင်ယောင်လာသည်။ ကျောင်းဝတ်စုံအပြည့်နှင့် နှုတ်ခမ်းလေးစူကာ မတ်တတ်ရပ်နေသည့် ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်ကို မြင်လိုက်ရသည်။ သေချာစဉ်းစားကြည့်တော့မှ ထိုကောင်လေးက Jimin ဖြစ်နေခဲ့သည်။ဒါဟာ သူတို့နှသ်ယောက်ရဲ့အတိတ်က ပုံရိပ်များလားလို့တွေးမိရင်း Jimin ရဲ့အရှေ့မှာ သူ့ကားလေးကို ရပ်လိုက်မိသည်။

"ဘယ်သွားမလို့လဲ Jimin....."

"ကျောင်းသွားမလို့..... ကိုကို အဲလေ မှားလို့ အကို"

More Beautiful Than Beautiful || 윤민 [Completed]Where stories live. Discover now