Eleven ❇❇❇❇ U+Z

2.8K 418 34
                                    

အခုတလော Jiyoung ကိုကြည့်ရတာ ထူးဆန်းနေသည်။နေ့တိုင်း နေ့တိုင်း ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေပြီး သူတို့နှင့်တောင်စကားမပြောတာကြာနေပြီဖြစ်သည်။

"ဆရာ"

"ဘာတုန်း"

" Jiyoung noona နဲ့ Minna.... ချစ်သူတွေဖြစ်သွားကြပြီတဲ့"

"ဘာ..ဘာပြောတယ် အဲ့တာတကယ်လား"

ကြားရသည့်စကားကို မယုံနိုင်ဖြစ်သွားသောကြောင့် သေချာအောင်ထပ်မေးမိလိုက်သည်။

"တကယ်ပဲဆရာ....ကျွန်တော် မနက်ကကျောင်းမှာသတင်းကြားလာတာ... Minna ကလည်း..... Jiyoung noona ကိုတကယ်ချစ်နေတာတဲ့..... ကျွန်တော်တော့ အသဲကွဲပါပြီနဲ့တူတယ် ဆရာရယ်"

ငိုမဲ့မဲ့မျက်နှာနဲ့လာပြောနေတဲ့ Jimin ကိုအနားမှာရှိတဲ့စာအုပ်တစ်အုပ်နှင့်ရိုက်လိုက်ရင်း

"ဘာအသဲကွဲတာလဲ....စာတော့ကောင်းကောင်းလုပ်မယ်စိတ်ကူးမရှိဘူး.....ကလေးက ကလေးလိုနေကြားလား...ဒီစာတွေမမှန်လို့ကတော့ ဒီထပ်ပိုနာမယ်သာမှတ်"

သတင်းဦး သတင်းထူးလဲပြောပြရသေးသည် အရိုက်လဲခံရသည်မို့ Jimin မကျေမနပ်ဖြစ်သွားသည်။

*ဟွန့်.. သူကျတော့အသဲမကွဲမှာကျလို့ အခုများဖြစ်သွားလိုက်တာ.... ထမင်း၇ရက်မစားရတဲ့ ကြောင်အိုကြီးမျက်နှာလိုပဲ ဟီး ဟီး*

Jimin တစ်ယောက်အတွေးထဲတွင် ဆရာ့ကို အတင်းတုပ်နေမိသည်။ Jiyoung noona ရည်းစားရသွားသည်ကို သူအနည်းငယ်သာ ဝမ်းနည်းမိသည်။သေချာစဉ်းစားကြည့်တော့ Jiyoung noona ကလှတာကြောင့် သူခဏတာ စိတ်လှုပ်ရှားမိခြင်းသာဖြစ်သည်။ဆရာရဲ့အူတိုပြီး စိတ်ဆိုးနေတဲ့မျက်နှာကို ကြည့်ရတာ ပျော်စရာကောင်းလွန်းတာကြောင့် သူ Jiyoung noona နားအတင်းကပ်နေမိခြင်းသာဖြစ်သည်။ အခုလို Minna နဲ့အဆင်ပြေသွားပြီဆိုတော့ သူဝမ်းသာမိသည်။ဆရာနှင့်သာအဆင်ပြေသွားမည် ဆိုလျှင် သူနှမြောတသစွာခံစားရမည် ဆိုတာသေချာလေသည်။

•~•~•~•~•~•~•~•~•~•~•~•~

"ငါ နောက်တစ်ပတ်ထဲမှာ ပြန်မယ်..."

မနက်စာထမင်းဝိုင်းမှာပြောလာသော Jiyoung စကားကြောင့် Jimin နှင့် Yoongi အံ့သြသွားသည်။

More Beautiful Than Beautiful || 윤민 [Completed]Onde histórias criam vida. Descubra agora