"မေကြီး သားကိုသွားနှိုးလိုက်ဦး
ယွန်းဂီက အတူတူခေါ်သွားပေးမယ်လို့ပြောထားတယ်လေ...""ဟုတ်သားပဲ ကျွန်မမေ့သွားတယ်..
ယွန်းဂီက အချိန်တိကျတယ်
သားလေးကိုအခုသွားနှိုးမှပဲ..."မနက်ကျောင်းသွားချိန်နှင့်ညနေကျောင်းဆင်းချိန်
ယွန်းဂီနှင့်အတူ သွားရမည်မှာ
ဂျီမင်အတွက် ငြင်းဆန်၍မရနိုင်သော
ဖခင်ချမှတ်ထားသည့်အမိန့်တစ်ခု..။ယွန်းဂီအတွက်တော့ ဖခင်၏မိတ်ဆွေ အကူအညီတောင်းထားသော ကိစ္စတစ်ခု..။
ခက်ခက်ခဲခဲကူညီရန်မလိုသော
ကိစ္စဖြစ်သည်နှင့် ကူညီရန်လက်ခံလိုက်ခြင်းသာ..။"Jiminie ကျောင်းသွားရမယ်လေ ထတော့..."
အခန်းတံခါးအားခေါက်ကာ တစ်ခါအော်လိုက်သည်နှင့်
ထွက်လာသော ဂျီမင်ကြောင့် သူ၏မိခင်မှာ အံ့ဩသည့်မျက်လုံးများဖြင့် သူ့အားကြည့်နေတော့သည်..။
ကျောင်းဝတ်စုံများပါ တစ်ခါတည်းဝတ်ထားခြင်းဖြစ်၍ ပို၍အံ့ဩနေရခြင်းသာ..။
အရင်ကဆို ၁၀ခါလောက်အော်မှ တံခါးအားတဒုန်းဒုန်းထုမှ နိုးတတ်သည့်ကောင်လေးက
အစောကြီးနိုးကာ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေသည်မှာ ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်သလဲ..။
ဒီလိုတွေ ပြောင်းလဲသွားတာ
ဆရာယွန်းဂီကြောင့်များလား..။"Omma Omma..."
"ဟမ်..."
"ကျောင်းသွားတော့မယ် မုန့်ဖိုးပေးလို့.."
"Appaဆီက သွားတောင်း.."
"ဟင် appaက company မသွားဘူးလား.."
"မသွားသေးဘူးလေ.."
"yay..ဒါဆို စောစောထတာ တန်သွားပြီ.."
လှစ်ခနဲနေအောင် ဖခင်ဆီသို့ပြေးသွားသော
သားဖြစ်သူအားကြည့်ကာ သူမပြုံးလိုက်မိတော့သည်..။"Appa......"
"အစောကြီးနိုးနေတာပဲ...လာထိုင်လာ..
Breakfast စားမယ်...""ဟင့်အင်း မစားတော့ဘူး Appa...
ကျွန်တော် ပြောစရာရှိတယ် appa
မဟုတ်ဘူး တောင်းဆိုတာပါ appa...
ကျေးဇူးပြုပြီး ကျွန်တော် ပြောတာကို မငြင်းပါနဲ့ appa.."တစ်ယောက်ထဲ အမျိုးမျိုးပြောနေသော
ဂျီမင်အား သူ၏ဖခင်စိတ်မရှည်ချင်တော့..။
VOUS LISEZ
More Beautiful Than Beautiful || 윤민 [Completed]
Roman pour Adolescentsမတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ မတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ