TWO✨ U+Z

3.5K 504 28
                                    

“Omma ခဏလေး...ခ..ဏ..လေး နေဦး...”

Bell နှိပ်တော့မည့် မိခင်အားအတင်းဆွဲထားလိုက်တော့သည်..။

“Park Jimin ကလေးလဲမဟုတ်တော့ပဲနဲ့...
စာသင်ရမှာကို ဒီလောက်တောင်ကြောက်လား..”

“စာကိုမကြောက်ဘူး...ဆရာကိုကြောက်လို့...”

“Jiminie ရယ်...
Yoongiကကြောက်စရာမကောင်းပါဘူး..”

“Yoongi????”

“ဟုတ်တယ် သူ့နာမည်က Min Yoongi တဲ့..
အရမ်းသဘောကောင်းပုံမရပေမယ့်
ဖော်ရွေတယ် တိကျတယ်
အကောင်းဆုံးကတော့ စာသင်တာအရမ်းတော်တယ်..
သားတို့ ကျောင်းမှာစာသင်တယ်လေ..”

“ကျွန်တော်မသိဘူး...
ဒါနဲ့လေ အဲ့ယွန်းဂီဆိုတဲ့ဆရာဆီမှာ
သားတစ်ယောက်ရှိတာလား...”

“မရှိပါဘူး ယွန်းဂီကငယ်သေးတာကို
မိန်းမလဲမရှိသေးဘူး...
အခု ဒီအိမ်အကျယ်ကြီးမှာလဲ သူတစ်ယောက်ထဲနေတာလေ...”

“ဟမ် တစ်ယောက်ထဲနေတာတဲ့လား
ဒါဆို ဟိုလူက!!!
မဟုတ်မှလွဲရော....”

ဂျီမင် သေသေချာချာကိုသိသွားခဲ့ပါပြီ..။
ကျောင်းဆင်းချိန်က သူနှင့်စကားများခဲ့သောသူသည်
ဆရာဖြစ်မည်ဟူ၍..။

သို့ပေမယ့်လဲ မဟုတ်ဘူးလို့ Ommaပြောသည်ကို ကြားချင်နေမိသေး၏..။

“ဘာဖြစ်လို့လဲ Jiminie..”

“Omma ဆရာက အသားဖြူဖြူနဲ့သူလား...
အရပ်ကလဲ သိပ်မရှည်ဘူးလေ..”

“သားနဲ့တွေ့ပြီးသွားပြီလား...”

'Oh God တကယ်ပဲပေါ့...
Park Jimin ဘ၀ကြီးစုတ်ပြတ်သတ်သွားပြီပေါ့ဗျာ'

“....”

“Jiminie...”

ဂျီမင်တစ်ယောက် မိခင်မေးနေသည်ကို မကြား..။
ကျောင်းဆင်းချိန်ကအဖြစ်အပျက်များနှင့်
လက်ရှိအတွေးများက ဂျီမင့်အားပတ်ဝန်းကျင်အနေအထားကို
မေ့လျော့စေပါ၏..။

'မဖြစ်ဘူး...အဲ့လူဆိုရင် ဆရာ မကလို့ ဘာကြီးပဲဖြစ်နေပါစေ လုံးဝ..အ့...'

ထို့နောက် ဂျီမင်အတွေးပင်မဆုံးနိုင်ပါ
မိခင်၏နားရွက်ဆွဲမှုနောက် တရွတ်တိုက်ပါသွားရရှာ၏..။

More Beautiful Than Beautiful || 윤민 [Completed]Donde viven las historias. Descúbrelo ahora