"ကိုကိုရေ....ထတော့လေ မိုးစင်စင်လင်းနေပြီဗျ.... အိပ်ပုတ်ကြီးလိုက်တာလွန်ရော"
ကျောင်းပိတ်ရက်တွေတိုင်း မိုးလင်းပြီဆိုတာနဲ့ ကျွန်တော့ရဲ့ကလေးလေး ရောက်လာတတ်သည်။ အမြဲတမ်းကျွန်တော့ကို သူ့ရဲ့ချစ်စဖွယ်အသံလေးနဲ့ နှိုးတတ်ပြီး ကျွန်တော်ကလည်း ဘယ်လောက်ပဲစောစောနိုးနေပါစေ မထပဲ ကလေးလေးလာနှိုးမှ ထတာအကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။
"ဟောဗျာ....နှိုးတာကိုမထပဲ ပြုံးစိစိလုပ်နေပြန်ပြီ....ထပါတော့ဆို"
ခြုံထားတဲ့စောင်ကိုအတင်းဆွဲပြီးနှိုးနေတဲ့ ပုလုံးလုံးလေးကို အိပ်ရာပေါ်ကိုဆွဲချပြီး တင်းနေအောင်ဖက်ထားလိုက်တယ်။
"ကိုကို.....လွှတ်ဗျာ အသက်ရှူကြပ်တယ်"
"မလွှတ်ချင်ပါဘူး...... ဒီလောက်ဖက်လို့ကောင်းတဲ့ ဖက်လုံးလေးကိုလွှတ်စရာလား...."
"ဘာ...ဖက်လုံးလေးလဲ လူဗျ... လူ.... လူ"
နှုတ်ခမ်းဖူးဖူးလုံးလုံးလေးကို ထော်ပြီးပြောနေတာကြောင့် အသဲယားစွာနဲ့ ထိုနှုတ်ခမ်းလေးကိုဆွဲငုံလိုက်မိတယ်။ အင့် ဆိုတဲ့အသံလေးနဲ့အတူ သူကိုယ်တိုင် အနမ်းတွေကြားထဲစီးမျောလိုက်ပါနေတဲ့ ကလေးလေးရဲ့ကိုယ်လုံးလေးကို ပိုပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။နူးညံ့နေတဲ့စိတ်တွေ အရိုင်းမဆန်လာခင်မှာပဲ နူးညံ့အိထွေးလှတဲ့ နှုတ်ခမ်းလေးကိုပေးနေတဲ့ အနမ်းတွေကိုရပ်တန့်လိုက်ပြီး နှဖူးလေးကို အနမ်းဖွဖွချွေလိုက်တယ်။
"ကိုကို...အကျင့်ပုတ်"
"ကို့ချစ်သူကို နမ်းတာ....အကျင့်ပုတ်တယ်လို့ခေါ်သလား"
"ခေါ်တယ် ခေါ်တယ် သွားလဲမတိုက်ရသေးပဲနဲ့......
သူများကိုနမ်းတယ်....အာပုတ်စော်နံတယ်"သူဖက်ထားတာကိုတွန်းဖယ်ပြီး ဖင်လုံးလုံးလေးကိုခါရမ်းကာ ထွက်သွားတဲ့ကလေးလေးကိုကြည့်ပြီး သူအော်ရယ်မိလိုက်သည်။အိပ်ရာမှထကာ မျက်နှာသစ်ရေမိုးချိုးပြီး အခန်းထဲကထွက်လာတော့ ကလေးလေးက မီးဖိုချောင်ထဲမှာတလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေလေရဲ့။
VOCÊ ESTÁ LENDO
More Beautiful Than Beautiful || 윤민 [Completed]
Ficção Adolescenteမတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ မတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ