Part-2 -U

30 5 2
                                    

မြို့တော်လန်ဒန်၏အထက်တန်းကျောင်းတစ်ကျောင်း၏ခေါင်မိုးထက်၌ ကျောင်းသား
၃ယောက်ကအခြားကျောင်းသားတစ်ယောက်ကိုဝိုင်းအနိုင်ကျင့်နေကြတဲ့ မြင်ကွင်းကိုတွေ့ရသည်

(မြန်မာလိုရေးထားပေမဲ့အင်္ဂလိပ်လိုပဲသဘောထားပေးပါ😁😁)

ကျောင်းသားတစ်ယောက်ကနေပြီးတော့

"ဟေ့ကောင်တွေ မင်းတို့ပြောတာ ဒီကောင်လေးလား"

"ဟုတ်ပါတယ် သူကဒီနေ့မှအသစ်ရောက်တဲ့ ငါတို့ Class-Aရဲ့ကျောင်းသားသစ်ပါ"

"ဝိုး မင်းမဆိုးဘူးတော်တယ် ဒီကောင်လေးက အရမ်းချစ်စရာကောင်းတာပဲ"

"အရသာရှိမဲ့ပုံပေါ်တယ် ဟားဟားဟား"

သူ့တို့၃ယောက်စကားပြောနေကြတုန်းသူတို့ရှေ့ကအနိုင့်ကျင့်ခံထားရတဲ့ဆံပင်အနက်ရောင်နဲ့ကျောင်းသားထရပ်လာတာကိုသတိမထားမိကြဘူး

"မင်းတို့ရယ်လို့ဝပြီလား ငါ့မှာအချိန်တွေအဲ့လောက်ပေါမနေဘူး"

သူတို့ချင်းချင်း ဟားတိုက်ရယ်နေတုန်း သူတို့ရှေ့ကကောင်လေးထံမှ ချိုသာပြီးအေးစက်တဲ့အသံထွက်လာမှ အကုန်လုံးသတိထားမိကြတယ် ,. ကျောင်းသားတစ်ယောက်က

"ဟေ့အသစ်လေး မင်းရှေ့ကသူတွေကိုမင်းရိုရိုသေသေပြောသင့်တယ်"

"သူဘယ်သူလဲမင်းသိလား သူကဒု-ဝန်ကြီးချုပ်ရဲ့ ဒုတိယသားကွ ဟားဟား မင်းကြောက်သွားပြီလား"

"Awww ဟုတ်လား သူကဒု-ဝန်ကြီးချုပ်လား ငါကသူ့ကိုဒု-ဝန်ကြီးချုပ်လို့တောင်မသတ်မှတ်ထားဘူး"

"မင်း....."

သူတို့စကားမစခင်မှာပင်ဆံပင်အနက်နဲ့ကောင်လေးကဖြတ်ပြီး

"မင်းတို့မှာအချိန်သိပ်ပေါနေလား အင့်ပေါ့လေ ဘာအလုပ်အကိုင်မှမရှိဘဲ မိဘအားကိုးပြီးသူများကိုအနိုင်ကျင့်နေကြဆိုတော့"

ကောင်လေးကမောသွားဟန်ဖြင့်ခဏရပ်ကာအသက်ဝဝရှူလိုက်ပြီး

"ငါ့အတွက်အချိန်မပေါဘူး နောက်နာရီဝက်အတွင်းငါချိန်းထားတဲ့နေရာမရောက်ရင်USD1Billionဆုံးရှုံးရမှာ သြော် ငါမေ့သွားပြန်ပြီ မင်းတို့က ကလေကချေတွေဘဲဒါတွေဘယ်သိပါ့မလဲ ဟွန့်"

Forever LoveWhere stories live. Discover now