Part-1 -U

74 6 0
                                    

ရန်ကုန်မြို့ရဲ့နံနက်ခင်းအချိန်လေးက သွားလာလှုပ်ရှားကြတဲ့သူတွေနည်းပါးသေးတဲ့အတွက် အတော့်ကိုစိတ်အေးချမ်းစေတဲ့အချိန်ဘဲဖြစ်တယ်

ထိုအချိန်မှာပြတင်းပေါက်ကနေအပြင်ဘက်ကိုမျှော်လင့်ချက်မဲ့နေတဲ့မျက်နှာနဲ့ငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ် ကောင်လေးနာမည်ကရှိုင်းနီး

လမ်းသွားလမ်းလာတွေကိုကြည့်နေရင်းအမိုးကအခန်းထဲဝင်လားကာ
"ဖိုးခွါးစိ ရှိုင်းနီး သား ဆေးခန်းပြမဲ့တုံကင်နံပါတ်ကဘယ်လောက်လဲသား"

"အာ..တုံကင်နံပါတ်သုံးနဲ့တူတယ် အမိုး"

"အယ် သေချာမမှတ်ထားပြန်ဘူးကွယ် ထားပါတော့လေ ဒါနဲ့ဆေးခန်းကဘယ်အချိန်ဖွင့်မှာတုန်း"

"၇ခွဲလို့တော့ရေးထားတယ်ဆေးစာအုပ်မှာ"

"ဟယ်အခုတောင်၆ခွဲရှိပြီ ပြင်တော့လေ မြန်မြန် နံပါတ်၃ဆိုစောစောလေးသွားမှဖိုးခွါးရဲ့"

"မေ ..အမိုး...ဒါနဲ့အမိုးတစ်ခုမေးစရာရှိတယ်
ဆေးခန်းပြရမှာကအမိုးလားဖိုးခွါးလားပြော😒"

"အမလေးဟော့ဒီကအမိုးရဲ့အသဲနှလုံးလေးပါနော် ဘာဖြစ်လို့တုန်းဟင်"

"အော် အမိုးကအရမ်းတက်ကြွနေလို့လေ😄😄😄"

"ကယ် ငါရိုက်လိုက်ရ"

"☺️☺️ရိုက်ရက်လို့လားလို့ 🥺"သားအမိနှစ်ယောက်စကားတွေပြောနေရင်း

"ဒီသားအမိနှစ်ယောက်မြန်မြန်လုပ်လေကွယ် ဆေးခန်းသွားရတော့မဲ့ဟာကို ဒါနဲ့ အငယ်လေးအသက်ရှူရတာအဆင်ပြေလားဟင် နေရထိုင်ရတာရော"

"အကိုးရဲ့အချစ်နဲ့အမိုးရဲ့အချစ်ကြောင့် သက်သာပါတယ်ခင်ဗျ"

အကိုးနဲ့အမိုးကလည်းသဘောတကျနဲ့ကျွန်တော့စကားကိုဝိုင်းရယ်ပြီးအကိုကြီးက

"အောက်မှာစောင့်နေမယ်နော်အမိုးနဲ့ ရှိုင်းနီး နံနက်စာကတော့ဆေးခန်းနားကcoffee&cakeဆိုင်မှာဘဲဝင်စားကြတာပေါ့"

မှာစရာရှိတာမှာပြီး အောက်ထပ်ဆင်းလာတဲ့သူက ဝင်နီး လို့ခေါ်တဲ့ W&S ကုမ္ပဏီရဲ့ CEOဖြစ်တဲ့ ရှိုင်းနီးရဲ့အကိုရင်းဖြစ်သည်

Forever LoveWhere stories live. Discover now