ဒီနေ့ကျောင်းတက်တာ တစ်ပတ်ပြည့်ပြီ ကိုကိုနဲ့စကားပြောတာလည်းနှစ်ပတ်ရှိပြီ။ ကိုကိုဆိုတာတစ်ခြားဘယ်သူမှမဟုတ်ဘူး ကျွန်တော့ရဲ့Vino Shin ...
အခုကျောင်းတက်နေရင်း ငိုက်နေမိသည်။ အရင်ကခုလိုတစ်ခါမှမငိုက်တတ်ပေ။ ငိုက်လည်းငိုက်ချင်စရာ ညညဆိုစာလုပ်ပြီးတာနဲ့ ကိုကို့ဆီစာပို့ဖို့ အရင်လုပ်သည်။ တော်တော်နဲ့လည်း မအိပ်ဖြစ်။ ကိုကို့ဆီစာပို့ရုံနဲ့မကျေနပ်တော့။ အခုတလောဘာတွေဖြစ်နေမှန်းမသိ လွမ်းသည်...ကိုကို့ထံစာပို့ချင်သည်...ကိုကို့အသံကြားဖူးချင်သည်...
*အား..လွမ်းလိုက်တာကိုကိုရယ် တစ်ရေးလောက်အိပ်လိုက်ဦးမယ်*{ဘာဆိုင်လို့လဲ}
အိပ်နေရင်းဆူဆူညံညံအသံကြောင့် ခေါင်းထောင်ကြည့်လိုက်ရာ....အခန်းပြင်ဘက်မှာတစ်ကျောင်းလုံးရဲ့အနိုင်ကျင့်ခံရတဲ့ကောင်လေးကိုဖက်ထားတဲ့ Jas ....
ဘာဖြစ်မှန်းတော့မသိပေမဲ့ Jasရဲ့ဘေးနားမှာတစ်ကျောင်းလုံးရဲ့လူဆိုးစားရင်းဝင်ကျောင်းသား၅ယောက်....
တခြားကျောင်းသားတွေကလည်း ဆရာမတွေကိုပြေးခေါ်နေကြသည်။ တချို့ကလည်းပွဲထိုင်ကြည့်နေကြသည်။ ရှိုင်းကလည်း အိပ်ရေးမဝသေးသဖြင့်ခနလောက်မေးထောက်ကာကြည့်ပြီး Jasနားတလှမ်းချင်းသွားလိုက်သည်။
*ကိုကို့ ကိုလွမ်းပါတယ်ဆိုအမိJasကိစ္စကူရှင်းရဦးမယ်..အဟင့်ငါ့ဘဝလေး လွမ်းတယ်ဆရာမတွေကလည်းကြာလိုက်တာ*
အခန်းရှေ့မှာအချင်းချင်းရန်ဆောင်နေတဲ့Jasနဲ့တစ်ခြား၅ယောက်ကိုအားလုံးကစိတ်ဝင်စားနေသည့်အတွက် ရှိုင်းအနားကပ်လာတာကို ဘယ်သူမှသတိမထားမိပေ....
"ဘာဖြစ်နေကြတာလဲ"
ရှိုင်းနီးရဲ့အသံကြားတော့ Jasကလှည့်ကြည့်ကာရယ်ပြလာသည်။ ပြီးနောက်..
"ဘာမှမဟုတ်ပါဘူး....ပါးပါးလေးပါ...ငါဖြေရှင်းလိုက်မယ်...မကြာပါဘူး"
ကျောင်းသားဆိုး၅ယောက်ကလည်းရှိုင်းကိုတွေ့တော့"ဘယ်သူလေးလဲလို့ငါတို့ကျောင်းရဲ့ငပျော့လေးပါလားဟမ်"
သူ့တို့တွေကရှိုင်းတစ်ယောက်တည်းသာအာရုံစိုက်နေသောကြောင့် Jasရဲ့ပြောင်းလဲသွားသောမျက်နှာနှင့် လှုပ်ရှားမှုကိုမတွေ့လိုက်ကြပေ...ရှိုင်းကတော့တွေ့ဖြစ်အောင်ကိုတွေ့သွားသည်။
![](https://img.wattpad.com/cover/240571728-288-k781200.jpg)
YOU ARE READING
Forever Love
Romanceonlineပေါ်မှာခင်ခဲ့ကြတဲ့မြန်မာနိုင်ငံကတိုင်းရင်းသားကောင်လေးနဲ့ လန်ဒန်မှာမွေးတဲ့မြန်မာပြင်သစ်ကပြားကောင်လေးတို့ နှစ်ယောက်......သူတို့နှစ်ယောက်ရဲ့အပြင်မှာတွေ့ဆုံချင်တဲ့ဆန္ဒကပြည့်ဝမှာလား......... မင်းကငါ့ရဲ့မျှော်လင့်ချက်ပါပဲ မင်းကိုငါအပြင်မှာမြင်ဖူးချင်...